စာမေးပွဲ ကာလအတွင်းမှာ အကျင့်ယုတ်ယုတ်နဲ့ ထပ် up လိုက်ပြန်ပြီ 😽
~~~Teacher Tae & Bad Boy Kook~~~
လမ်းဘေးဆိုင် ပိုင်ရှင်အဒေါ်ကြီးမှာ အမူးလွန်ကာ သီချင်းအော်ဆိုနေတဲ့ကောင်လေးကို ကြည့်ရင်း သက်ပြင်းအခါခါချနေရသည်။ ဈေးက
ရောင်းမကောင်းလို့ စိတ်ညစ်ရတဲ့အထဲ ငမူးသမားက ဖီးလ်အပြည့်နှင့် အော်ဟစ်နေသောကြောင့် သူမ ထိုင်ပါငိုချချင်လာသည်။ထိုကောင်လေးက *ဖိတ်ကလက်* ဆိုလား ဘာမှန်းမသိသည့် စာသားကို အပီအပြင်အော်ကာ ထပါကနေလိုက်သေးသည်။ ဒါက ၄ပုဒ်မြောက်သီချင်းဖြစ်ပြီး ရှေ့ကအပုဒ်တွေတုန်းက ဒီလောက် အသံမကျယ်။ အသံကောင်းတယ်လို့ ချီးကျူ းနေတုန်း... ဒီသီချင်းရောက်မှ mood အပြည့်နှင့် အသားကုန် အော်နေခြင်း!
ဆိုင်ရှင်အဒေါ်ကြီး သည်းမခံနိုင်တော့။ ထိုကောင်လေးဖုန်းကို ယူကာ မွှေရင်း အသည်းပုံလေးတွေနှင့် baby လို့မှတ်ထားသည့် contact ကို ဖုန်းခေါ်လိုက်သည်။ မိန်းကလေးအသံကြားရမည် ထင်ခဲ့သော်ငြား ကိုင်လိုက်သည်က ယောကျ်ားလေး။ ဒီဖုန်းပိုင်ရှင် အမူးလွန်နေကြောင်း သူမ အမြန်ပြောပြလိုက်ပြီး ဆိုင်လိပ်စာနှင့် အမြန်ဆုံးလာခေါ်ပေးပါလို့ ရှိခိုးမတတ် တောင်းတောင်းပန်ပန်ပြောလိုက်ရသည်။ ဟိုက တဟုတ်ဟုတ်နှင့် ချက်ချင်းလာပါမယ် ပြောမှသာ သူမ စိတ်အေးရတော့သည်။
ဖုန်းချလိုက်သည်နှင့် နားထဲဝင်ရောက်လာသော ငှက်ဆိုးထိုးသံ! သူမ ဆဲမိမတတ်ဖြစ်သွားပြီး ထိုကောင်လေးရှိရာနှင့် အဝေးဆုံးကို သွားနေလိုက်ပါတော့သည်။
............
ဆိုင်နားမရောက်သေးခင်မှာပဲ Taehyung ရဲ့ လိပ်ခေါင်းထွက်မတက် အသံကြီးကို Jungkook တစ်ယောက် လှမ်းကြားလိုက်သဖြင့် သူပြေးနေသည့်အရှိန်ကို ပိုတင်လိုက်ကာ ဆိုင်ထဲအမြန်ပြေးဝင်လိုက်သည်။ အမောပင်မဖြေနိုင်သေး Taehyung က ဝမ်းသာအားရထအော်သည်။
"ဟာ! ငါ့ baby လေး!!!"
ဆိုင်ရှင်အဒေါ်ကြီး၏ မျက်နှာမှာ ဟန်မဆောင်နိုင်တော့။ ပုတ်ယွကာ အမူးသမားကို မြန်မြန်ခေါ်သွားပါရန် ပြောဆိုနေသည်။ Jungkook လည်း ဆိုင်ရှင်ကို ခါးညွတ်တောင်းပန်ပြီး သူ့ hyung လက်ကို ဆွဲယူကာ တွဲထူလိုက်သည်။ ယိုင်ထိုးနေသော သူ့hyung ပြုတ်မကျစေရန် ခါးကို ဆွဲဖက်ထားပြီး ဆိုင်ပြင်ထွက်ခဲ့သည်။
YOU ARE READING
Teacher Tae & Bad Boy Kook (completed)
FanfictionJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...