Author's Note
သူများ author တွေက ဒီအချိန်မှာ စာကျက်ဖို့ ပြောတယ်။ ကိုယ်ကတော့ အကျင့်ယုတ်ယုတ်နဲ့ပဲ စာမေးပွဲရက်ကြီးမှာ လာup သွားတယ် keke ကိုယ်တိုင်ကလည်း စာကျက်ဖို့ကို ဝေ့လည် ကြောင်ပတ်လုပ်နေတာမို့ သူများကို စာကျက်ဖို့ motivation တော့ ပေးနိုင်မှာမဟုတ်ဘူး။ Reader တွေထဲမှာ uni student တွေပါလားတော့မသိ။ အကုန်ဖြေနိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော်။ ကျက်သမျှပါ ပါသမျှမှန် စာမေးပွဲကို အလွယ်လေး အောင်မြင်ကြပါစေ <3
~~~Teacher Tae & Bad Boy Kook~~~
Tae Hyung's POV
နှိုးစက်မြည်ပြီဖြစ်သဖြင့် အိပ်ချင်နေသော မျက်လုံးများကို မနည်းပြူ းကာ ကုန်းရုန်းထရသည်။ နိုးတာနဲ့ မျက်နှာတောင် မသစ်အားပဲ ဘေးအခန်းဆီ ဦးတည်သွားနေကျ ။ အိပ်ပုပ်လေးကို နှိုးရသည်မှာ ကိုယ့်တာဝန်လိုဖြစ်နေပြီ။
နှိုးတိုင်းလည်း တော်တော်နဲ့မထ။ "၅မိနစ်ပဲ ခဏလေးပဲ" ဆိုကာ ဆက်အိပ်နေတတ်သည့် ကလေးစုတ်လေး။ နောက်ဆုံး morning kiss ပေးတော်မူမှ ထရှာသည်။
သွားပွတ်တံကို ယူရင်း သွားတိုက်ဆေး ညှစ်ကာ သူ့ဆီပေးလိုက်တော့ "hyung ကျွန်တော့်ကို သွားတိုက်ပေး" ဆိုကာ သွား ကြီး စိ ပြောလာသည်။ မိုးလင်းတည်းက ချွဲနေသည့်ကလေးစုတ် ခေါင်းကို ပိတ်သာတီးပလိုက်တော့ "hyung ကလည်း" ဆိုပြီး သူ့ခေါင်းကိုပွတ်ကာ စူပုပ်ပုပ်နဲ့ သွားကို အကြမ်းပရမ်းတိုက်နေသည်။ အဲ့ကလေး တစ်ယောက် လုပ်နေပုံကိုက အူယားစရာ...
သူ့လက်ထဲက သွားပွတ်တံကို ဆွဲကာ အသာလေး တိုက်ပေးတော့ ပါးစပ်ကြီးဖြဲရင်း ဟီးကနဲလုပ်ပြသည်။ ရေမချိူ းပေးရရုံတမယ် သူ့ကိစ္စတွေကို အသေးစိတ် လိုက်လုပ်ပေးပြီးမှသာ ကျောင်းသွားဖို့ ကားပေါ်ရောက်သည်။
ဒီကြားထဲ "အိပ်ရေးမဝလို့ ကျောင်းမသွားချင်ဘူး" ဆိုပြီး တဂျီဂျီလုပ်နေလို့ ချော့မော့ပြီး ကားထဲ အတင်းထည့်ရတယ်။ မနက်လင်းကတည်းက မိုးလေးတဖွဲဖွဲ ရွာနေသည်မို့ အိပ်လို့ တော်တော်ကောင်းလှသည်။ ကလေးမပြောနဲ့ စောစောထတတ်တဲ့ ကျွန်တော်တောင် အိပ်ရာမှ မထချင်။ နှိုးစက်သာမပေးထားကြည့် နိုးမှာမဟုတ်။
ESTÁS LEYENDO
Teacher Tae & Bad Boy Kook (completed)
FanficJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...