update အရမ်းကြာသွားတယ်မလား 😥 ခေါင်းကလည်းဘာဆက်ရေးရမလဲ စဉ်းစားလို့မရတာက တစ်ကြောင်း မအားတာကတစ်ကြောင်းမို့ပါ jinja mian 🙏
~~~Teacher Tae Bad Boy Kook~~~
Tae Hyung's POV
ကျောင်းမှာစာသင်နေရပါသော်လည်း အိပ်ရေးမဝသောကြောင့် စိတ်ကမကြည်။ အိပ်ရေးမဝဆို ညကကားပေါ်မှာ ကောင်းကောင်းမှအိပ်မပျော်သည်ကိုး။ Jung Kook ရယ်လေ တစ်ညလုံး မအိပ်ပဲပေါက်ပေါက်ဖောက်သလို စကားတွေတရစပ် ပြောလာသည်။ သူကမအိပ်ရလည်း ကိစ္စမရှိ ကျောင်းနားပြီးခုအိမ်မှာ အိပ်ကျန်ခဲ့တယ်။ ကျွန်တော်ကဆရာဆိုတော့ နားလို့ကမဖြစ်။ တစ်ဝါးဝါးသမ်းရင်းသာ စာသင်နေရတယ်။ ကျောင်းသားတွေကို ကြည့်လိုက်တော့လည်း တစ်ယောက်မှစာလိုက်လုပ်သူကမရှိ။ ဖုန်းသုံးသူကသုံးပြီး အိပ်တဲ့သူကအိပ်နေတယ်။ ဒီကလေးတွေ ငါဝုန်းဒိုင်းကြဲပြီး ဟောက်လိုက်ရရင်တော့ မကောင်းရှိတော့မယ်။ ဒီလိုဆိုတော့လည်း ငါ့ကလေးကိုလွမ်းသား။ သူတစ်ယောက်ပဲငါစာသင်တာကို ပြုံးပြီးလိုက်ကြည့်တာ။ ကလေးရေ ကောင်းကောင်းမှအိပ်နေရဲ့လား ဖုန်းလေးတောင်မဆက်ဘူး
🔔🔔🔔🔔🔔🔔🔔🔔🔔🔔
ဘဲလ်သံကြားမှသာ ပြုံးနိုင်တော့တယ်။ အိမ်မြန်မြန်ပြန်ပြီး ပစ်လှဲချင်နေပြီ။
ဝှါး.........အားရပါးရသန်းပြီး ပျင်းကြောဆန့်ကာ ပြန်ရန်ပြင်လိုက်တယ်။
"ဆရာ ခဏလေး ကျွန်တော့်ကားနဲ့လိုက်ပို့ပေးမယ်"
"Nae? ရပါတယ် အားနာစရာကြီး"
"အားနာစရာမလိုပါဘူး ဆရာရဲ့ လမ်းကြုံတာကို ခဏလေးနော် ကားသွားယူလိုက်ဦးမယ်"
hee အခန့်သင့်လိုက်တာ mark sam ကပြန်ပို့ပေးမယ် ပြောလာတော့လည်း ကားပေါ်မှာအိပ်ပြီး လိုက်သွားရုံပေါ့
တကယ်လည်း ကားပေါ်တက်ပြီး မကြာခင် အိပ်ပျော်သွားလိုက်တာ ဟိုကရောက်ပြီဆိုမှ နိုးတယ် ဒါနဲ့နေပါဦး မျက်လုံးကဖျတ်ကနဲ ဟိုကလေးကိုမြင်လိုက်သလိုပဲ ငါပဲမျက်စိမှားတာလား?
"ဆရာ လိုက်ပို့ပေးတာကျေးဇူးပဲနော် ကားကိုဂရုစိုက်မောင်းပါ"
VOCÊ ESTÁ LENDO
Teacher Tae & Bad Boy Kook (completed)
FanficJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...