Unicode
~~~Teacher Tae & Bad Boy Kook~~~
"Hyung hyung ထတော့လေဗျာ ၄နာရီထိုးနေပြီဗျ"
ပုခုံးကိုအတင်းဆွဲလှုပ်ရင်းနှိုးလာတဲ့ လက်တစ်စုံကိုပုတ်ချပြီး ပြန်အိပ်လိုက်ပေမယ့် ဟိုကအလျော့မပေးပဲ hyungတစ်ကြော်ကြော် အော်ရင်းလူကိုဆွဲခါနေလေရဲ့
"ah kookie ah ခဏလောက်ထပ်အိပ်ပါရစေကွာ ကားက၇နာရီမှ ထွက်မယ့်ဟာကို"
"hyungကလည်းစောစောသွားကြမယ်လေဗျာ ကျွန်တော်အရမ်းသွားချင်နေပြီဗျ"
ဘယ်လိုဟာလေးလည်းမသိ သူစောစောသွားတာနဲ့ပဲ ကားကစောစောလာမယ်တဲ့လား ၇နာရီထိုးမှထွက်မယ့်ဟာကို ကလေးစုတ် လူကိုသက်သက်ဒုက္ခပေးတာ။
နားမခံနိုင်အောင်အော်နေတော့လည်း အိပ်မှုန်စုတ်ဖွားထရတာပေါ့ စောင့်ကလေး သူ့အဘွားအိမ်သွားမှာလား ငါ့အဖွားအိမ်သွားမှာလား မသဲကွဲဘူး။
"hyung ထိုင်ပြီးငိုက်မနေနဲ့ သွား တစ်ခါတည်းရေချိူး လန်းသွားအောင်"
hyungကိုပုခုံးကဆွဲပြီး ရေချိူးခန်းထဲ အတင်းတွန်းပို့တော့ ကျွန်တော့်ကိုမျက်စောင်းတစ်ချက်ထိုးပြီး ဆူပုပ်ပုပ်နဲ့ဝင်သွားလေရဲ့ aigoo ချစ်ဖို့ကောင်းချက်ကတော့…
ဒါနဲ့နေပါဦး ခါတိုင်းနေ့တွေစောစောထတဲ့လူက ဘာလို့ဒီနေ့မှအဲ့လောက် အပျင်းကြီးပြီးမထချင်ရလဲမသိဘူး။
ကျွန်တော်ကတော့မနက်၃ခွဲထဲကနိုးပြီး အဆင်သင့်ဖြစ်နေတာ hee တစ်ခါမှအဲ့လောက်အစောကြီးကို စိတ်ကြည်ကြည်လင်လင်နဲ့ မနိုးဖူးဘူး။ အချစ်ရဲ့စွမ်းအားတွေက ကြီးမားချက်……
ပျင်းပျင်းရှိတာနဲ့ hyungရဲ့စာအုပ်တွေကို လှန်လှောကြည့်နေမိတယ်။များလှတဲ့စာအုပ်တွေကြားထဲကနေ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ ရေးထားတဲ့စာအုပ်လေးတစ်အုပ်ကို ဆွဲယူကြည့်လိုက်တော့……နှုတ်ခမ်းပါးက အလိုလိုပြုံးမိသွားတယ်။
Tomorrow Plan 5.4.17 ဆိုပြီးခေါင်းစဉ်ကြီးကြီးအောက်မှာ လျှောက်လည်မယ့်အစီအစဉ်တွေကို အသေးစိတ်ချရေးထားတယ်။အလဲ့ အဲ့နေ့ကို TaeKook dayအဖြစ် သတ်မှတ်မယ်က ပါလိုက်သေး။
ESTÁS LEYENDO
Teacher Tae & Bad Boy Kook (completed)
FanficJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...