(Unicode)
ကျွန်တော်အိမ်မှာ စာအုပ်ကိုပြူးတူးပြဲတဲဖတ် တစ်ဖက်ကလည်း ပေါင်မုန့်ကိုထိုးထည့်နေတုန်း ရုတ်တရက်ထမြည်တဲ့ဖုန်းကြောင့် ပေါင်မုန့်လုံးကြီး အလုံးလိုက်အတစ်လိုက် နင်သွားတယ်
"အဟု အဟွတ် သေပါပြီ ဘူလဲကွ မနက်စောစောစီးစီး"
ထိုမသိသောဖုန်းနံပါတ်ပိုင်ရှင်အား မေတ္တာလှမ်းပို့ရင်း ဖုန်းကိုဆောင့်ကြီး အောင့်ကြီးကိုင်လိုက်တယ်
"ဟဲလို!?!!"
ဖုန်းကိုပြောလိုက်သော်လည်း နင်နေတာမပျောက်သေး၍ နွားနို့တစ်ငုံသောက်လိုက်တော့ ဟိုဘက်ကပြန်ပြောသံကြောင့် နို့ပါထပ်သီးသွားသည်
"Baby Morning"
"အဟွတ် ဟွတ် သေ......သေ အဟွတ်...ပါပြီ"
သီးတာခံရခက်တယ်ဗျ နှာခေါင်းထဲကနေနို့တွေ ပြန်ထွက်လာတာ
"Baby ဘာဖြစ်တာလဲ ရရဲ့လား?"
"Yarr!!!Jeon Jung Kook!!!မနက်စောစောစီးစီး ငါ့သေအောင်သတ်နေတာလား နွားနို့တွေ သီးကုန်ပြီ"
"အော် babyကလည်း ကိုယ့်ဆီကဖုန်းလာတာကို အဲ့လောက်ပျော်ရလား နို့တောင်သီးရတဲ့အထိ ahak hak"
မီတာရေး မိုးလင်းတာနဲ့ ငါ့အကုသိုလ်များအောင်လုပ်တယ် ရီနေတဲ့အသံကိုက ပါးပိတ်ရိုက်ချင်စရာ >< အဲ ပါးရိုက်ရအောင်ငါကyojaမှမဟုတ်တာ ssang namjaကွ လက်သီးနဲ့ပိတ်ထိုးပစ်မယ်
"ဆုတောင်းလေ ဒါနဲ့မင်းကငါ့ဆီဘာကိစ္စ ဖုန်းဆက်တာလဲ?"
"babyကလည်း ချစ်သူဆက်ဆံရေးမှာ ကိစ္စဆိုတာလိုလို့လား?"
လာပြန်ပြီ ဒီချစ်သူ ချစ်တယ်လို့တော့သေချာဖွင့်မပြောဖူးပဲနဲ့ အမြဲတမ်းနောက်သလို ပြောင်သလို ချစ်ဖို့ကောင်းတယ်ပဲ ပြောဖူးတာ
"ကိစ္စမရှိရင်လည်း ဖုန်းချပြီကွာ ငါကမင်းလို အားနေတာမဟုတ်ဘူး"
ကျွန်တော် ပြောချင်ရာပြောပြီး ဖုန်းချလိုက်သည် တကယ်တည်း စိတ်ဆိုးတယ် ငါ့ကိုချစ်တယ်ပြောမှ မင်းကိုချစ်သူအဖြစ်လက်ခံမယ် ဟော ငါဘာတွေတွေးနေပါလိမ့် လက်မခံဘူးကွ
VOUS LISEZ
Teacher Tae & Bad Boy Kook (completed)
FanfictionJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...