Part-15 : Having Fun at Everland (2)

5.9K 523 24
                                    

ပြီးခဲ့တဲ့အပိုင်းမှာ comment 10ခုလောက် ရမလားလို့ စောင့်နေရင်းက ၇ခုနဲ့ပဲ ကျေနပ်လိုက်ပါတယ်။ ကျွန်မကျေနပ်စေတဲ့ comments လေးတွေပေးပြီး အားပေးခဲ့ကြတဲ့ reader nim များကို ကျေးဇူးအထူးတင်ရှိပါတယ်။ ချစ်လွန်းလို့ ssရိုက်သိမ်းထားတယ်နော် 💗💖💝💟💜💛💚💙

………………………

~~~Teacher Tae & Bad Boy Kook~~~

At everland (JungKook's POV)

ကလေးမလေးကို သူလိုချင်တဲ့ မိုးပျံပူဖောင်း ဝယ်ပေးနေစဉ် kidcovery ticket office ကနေ ကလေးပျောက်ဆုံးကြောင်းနဲ့အတူ ကလေးရဲ့အရပ် ဂါဝန်အရောင် စတာတွေအသေးစိတ် ကြေညာသံထွက်လာတယ်။

"Eun Byul လေးရေ မေမေခေါ်နေပြီ oppaတို့ ခွဲရတော့မယ်" ဆိုပြီး hyungဟာ ကလေးမလေးကို ပူဖောင်းလေး လှမ်းပေးလိုက်ရင်း ပြောလိုက်တယ်။ ကလေးကတော့ သူ့အမေနဲ့ တွေ့ရတော့မယ်ဆိုပြီး ပျော်နေပုံပါပဲ။

နောက်တစ်ကြိမ် ကြေငြာချက် ထွက်လာတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ခပ်သုတ်သုတ်လေး kidcovery ဆီကို ဦးတည်သွားလိုက်ကြတယ်။ ဟိုရောက်တော့ ကလေးမလေးဟာ သူ့အမေကို တွေ့သွားပုံရတယ်။ မေမေဆိုပြီး အကျယ်ကြီး အော်ကာ ပြေးဖက်လိုက်တယ်။ သူ့အမေဟာ ကလေးကို ပွေ့ချီလိုက်ရင်း ဘယ်တွေလျှောက်သွားနေတာလဲ ဆိုပြီး အော်နေတယ်။ ကလေးမလေးဟာ သူ့အမေအော်နေတာကို မကြားချင်ယောင် ဆောင်ပြီး ကျွန်တော်တို့ကို လက်ညှိုးထိုးကာ "ဟို ကိုကိုတွေ သမီးကို ပြန်ပို့ပေးတာ" လို့ပြောလာတယ်။ အဲ့တော့မှ သူ့အမေလည်း ကျွန်တော်တို့ကို မြင်ပုံရကာ ကျေးဇူးတင်ကြောင်း ပြောလာတယ်။

"သူလိုချင်တဲ့ အရုပ်လေး ပြန်သွားဝယ်ပေးတာ suprise ဖြစ်အောင်လို့ ဆိုပြီး ခဏလေးပဲ အပြင်မှာ စောင့်ခိုင်းထားတာ ကျွန်မလည်း ထွက်လာ ကောမရှိတော့ဘူး" ဆိုပြီး သူ့အမေက
ကျွန်တော်တို့ကို ပြောပြနေတယ်။ "သိပ်ဆိုးတဲ့ကလေး ဘာအရုပ်မှမရဘူး" ဆိုပြီး
သူ့သမီးခေါင်းကို ခေါက်နေတယ်။

"Byul လေး နောက်တစ်ခါအဲ့လိုမလုပ်ရဘူး
နော် လူကြီးတွေ စိတ်ပူနေမယ်" ဆိုပြီး hyung ကဆုံးမနေတယ်။ သူ့မေမေနဲ့လည်း ပြန်တွေ့ပြီဆိုတော့ ကျွန်တော်ကပဲ "oppaတို့သွားတော့မယ်"ဆိုပြီး နှုတ်ဆက်လိုက်ရတယ်။ hyungနဲ့ လျှောက်လည်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့ဘူးလေ။

Teacher Tae & Bad Boy Kook (completed)Tempat cerita menjadi hidup. Temukan sekarang