Extra

3K 239 13
                                    

~~~Teacher Tae & Bad Boy Kook~~~

တစ်နေ့သော ညအချိန်တွင်ဖြစ်၏။

ထမင်းစားပြီးသကာလ Taehyung နှင့် Jungkook တို့ ဆိုဖာပေါ်တွင် ပူးကပ်ထိုင်နေကြရင်း TV ကြည့်နေကြ၏။ သူတို့ကြည့်နေသော ရုပ်ရှင်မှာ အစပိုင်းက တော်တော်စိတ်ဝင်စားစရာ ကောင်းသော်လည်း အလယ်နားရောက်တော့ စကားပြောခန်းတွေများလာပြီး နည်းနည်း ပျင်းဖို့ကောင်းလာသည်။

Jungkook ပုခုံးကို မှီထားရာမှ အိပ်ပျော်လုနီးနီးဖြစ်လာသည့် Taehyung ကို ကြည့်ပြီး Jungkook ပျော်စရာရှာရန် တွေးလိုက်သည်။

"hyung အိပ်ချင်ရင် ကျွန်တော့်ပေါ်ပေါ် လှဲအိပ်လေ ကျွန်တော်ပြီးတဲ့ထိ ကြည့်လိုက်မယ်"

အိပ်ချင်မူးတူးနှင့် Taehyung က ခေါင်းတငြိမ့်ငြိမ့်နှင့် Jungkook ပေါင်ပေါ်လှဲလိုက်သည်။ ထိုအခါတွင်တော့ Jungkook၏ အာရုံက TV တွင် လုံးဝမရှိတော့။ အိပ်နေသော သူ့ hyung မျက်နှာကိုသာ စိတ်ဝင်တစား ငုံ့ကြည့်နေသည်။ ပြီးတော့ Taehyung နှုတ်ခမ်းရှိရာသို့ အကြည့်များက ဖြည်းဖြည်းချင်း ရွေ့သွားလေ၏။ နမ်းနေကျ ဖြစ်သော်လည်း ဒီနှုတ်ခမ်းများ၏ အရသာကို သူဘယ်တော့မှမုန်းသွားမည်မဟုတ်။

အိပ်နေသော Taehyung က လူးလှိမ့်လာကာ သူ့ကိုတွန်းထုတ်သည်။

"အိပ်ချင်လို့ပါဆိုမှ!"

"အခုမှ ၈နာရီပဲ ရှိသေးတာလေ"

"အွန်း ငါပင်ပန်းနေလို့"

Taehyung က မျက်စိကို ပြန်မှိတ်လိုက်သော်လည်း Jungkook က ငုံ့ကာ နှုတ်ခမ်းကို အနမ်းထပ်ပေးလာသည်။ မသိချင်ယောင်ဆောင်ကာ ဆက်အိပ်သော်ငြား ပါး နဖူးနှင့် နှာခေါင်းပေါ်ပါ ကျလာသော အနမ်းများကြောင့် ရွစိရွစိ ခံစားချက်ကြီးဖြစ်လာပြီး သူဘယ်လိုမှအိပ်မရတော့။ စိတ်တိုတိုနဲ့ ကုန်းရုန်းထပြီး အော်ထည့်လိုက်တယ်။

"အေး Jeon Jung Kook ရေ ငါမအိပ်တော့ဘူးဟ ရပြီလား!"

"hyung ကလည်း စိတ်မဆိုးပါနဲ့ လာ ဒီကိုမှီ"

ခပ်ပြုံးပြုံးမျက်နှာနဲ့ ပုခုံးကို ပုတ်ပြလာလေရဲ့။ သူ့အပေါ်ဆို ဒေါသက မထွက်နိုင်တော့လည်း သက်ပြင်းသာ အသာချပြီး အလိုက်သင့်လေး မှီလိုက်တယ်။

Teacher Tae & Bad Boy Kook (completed)Opowieści tętniące życiem. Odkryj je teraz