#Zawgyi
ဆေးရုံက လူနာဆောင် အခန်းတစ်ခန်းထဲမှာ ကောင်မလေးတယောက် ကုတင်ပေါ်မှာ တင်ပျေခွေထိုင်ရင်း ပြတင်းပေါက်အပြင်က ပျံသန်းနေတဲ့ လိပ်ပြာလေးကို ငေးကြည့်ရင်း
"Yoongieရယ် နေနိုင်လိုက်တာ နင်တကယ်ဘဲ ငါ့ကို စိတ်ပျက်သွားပြီလား.......တကယ်ဘဲ ပြတ်သွားပြီလား..... အရင်က ငါနင်နဲ့ပြတ်ပြီပြောရင် အမြဲတမ်း ဖုန်းတွေဆက် တောင်းပန်..... အိမ်ရှေ့မှာ စိတ်ဆိုးမပြေမချင်း ပန်းစည်းလေးနဲ့ အမြဲ ရပ်စောင့်သူက အခုတော့ ငါ ဆေးရုံတက်နေရတာတောင် လာမကြည့်ဘူး"
#Flashback
"Sica.....ထတော့ ကျောင်းသွားရမယ်လေ..... ပထမဆုံး ကျောင်းတက်ရက်မှာ မင်းနောက်ကျလို့ မဖြစ်ဘူး....."
Omarရဲ့ လော်စပီကာထက် ကျယ်လောင်တဲ့ အသံကြောင့် ကျွန်မ အိပ်နေရာကနေ လန့်နိုးလာတယ်..... ကျွန်မရဲ့ Dolphin voice ကလည်း ကျွန်မရဲ့ Omarဆီက အမွေရခဲ့တယ် ထင်ပါတယ်.....ကျွန်မ မနိုးသေးဘူးထင်လို့ ဒုတိယအကြိမ် တံခါးခေါက်ပြီး အော်နေတဲ့ Omar့ရဲ့ အသံကို နားမခံသာလို့ ကျွန်မ နိုးနေကြောင်း အမေ့ကို အသိပေးလိုက်ရတယ်....
"နှိုးနေပြီ Omar.... ရေချိုးပြီးရင် ဆင်းလာခဲ့မယ်....."
ကျွန်မ နိုးပြီဆိုတာ သေချာပြီဆိုမှဘဲ Omarလည်း အိမ်အောက်ကို ဆင်းသွားတော့တယ်... ရေချိုးပြီး အိမ်အောက်ထပ်ကို ဆင်းလာတော့ သတင်းစာဖတ်နေတဲ့ ကျွန်မရဲ့ Appaက ကျွန်မကို တချက် လှမ်းကြည့်လိုက်တယ်....
"Good Morning Appa....."
"Morning..... ဒါနဲ့ မင်းရဲ့ စကတ်ကတိုလွန်းမနေဘူးလား...."
Appaရဲ့ စကားကြောင့် Omarလည်း ကျွန်မကို လှမ်းကြည့်ပြီး အ၀တ်ပြန်လဲဖို့ မျက်လုံးနဲ့ အချက်ပြတယ်....
"Appa..... သမီးက အထက်တန်း ကျောင်းသူမဟုတ်တော့ဘူးလေ.... အခုဆို ကောလိပ်ကျောင်း တက်နေရပြီ....."
"Jessica........"
နောက်ဆုံးတော့ Appaရဲ့ စကားကို ကျွန်မ လွန်ဆန်လို့မရဘူးလေ..... လွန်ဆန်ကြည့်ပါ့လား ကျွန်မ စီးနေတဲ့ ကား..... ကျွန်မရဲ့ ငွေချေးကတ်တွေပါ Appaက အကုန်သိမ်းပစ်မှာလေ.... ကျွန်မလည်း Appaကို ပြန်မပြောတော့ဘဲ အခန်းထဲ ပြန်သွားပြီး ဘောင်းဘီရှည်လဲဝတ်လာခဲ့တယ်..... ဘောင်းဘီရှည် အင်္ကျီအဖြူနဲ့ ကျွန်မကို Appa တချက်ကြည့်ပြီး
"ငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူးနော် အရင်တုံးကလို ရန်ဖြစ်မနေနဲ့အုံး ငါကျောင်းအုပ်ကြီး ရုံးခန်းကို တိုင်စာကြောင့် မလာချင်ဘူး......."
ကျွတ်....အထက်တန်းတုံးက တခါလေး ရန်ဖြစ်မိပါတယ် ပြောလို့ကိုမပြီးတော့ဘူး ရန်ဖြစ်တယ်ဆိုတာကလည်း ကျွန်မက ခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ လွှင့်လို့ ပါးပါးလေး ပညာပေးလိုက်တာကို ရုံးခန်းရောက်သွားတယ်...... လူတွေကလည်း လူတွေ အထူးသဖြင့် မိန်းကလေးအများစုပေါ့ ကိုယ့်ထက်သာရင် ချောရင် မနာလိုကျ အပုပ်ချကြတယ် ရုပ်ချောရင် ခွဲစိတ်ထားလို့ Brand ကောင်းကောင်းသုံးနိုင်ရင် စပွန်ဆာကောင်းလို့ဆိုပြီး ပေါက်ကရလေးဆယ်တွေ ပြောကြတယ်......
"ဟဲ့ Jessica ငါပြောတာ ကြားရဲ့လား....ဘာတွေ တွေးနေတာလည်း"
အတိတ်က ရန်ဖြစ်တာကို ပြန်တွေးနေရင်း Appaပြောတာကို မကြားလို့ အငေါက်ခံလိုက်ရပြီလေ..
"Nae Appa ကြားပါတယ်...."
"မင်း ကျောင်းသုံးရက် လွတ်ထားတယ်နော် လွတ်သွားတဲ့ စာတွေကို သေချာပြန်ကူးခဲ့ အလေလိုက်မနေနဲ့အုံး...."
"Nae Appa"
LAမှာ ကျောင်းဖွင့်တာကို သတိမရဘဲ အကဲလွန်နေတဲ့ ကျွန်မ Appaရဲ့ ရာဇသံကြောင့် ရရာ လေယာဉ်လက်မှတ်ကို ၀ယ်ပြီး Koreaကို အပြေးလာခဲ့ရတယ်...LAမှာ အကဲလွန်တဲ့ အကျိုးကတော့ ကျောင်း သုံးရက်လွတ်သွားတယ်....
Appaနဲ့ Omarကို နှုတ်ဆက်ပြီး Appa၀ယ်ပေးထားတဲ့ ပြိုင်ကားလေးနဲ့ ကျောင်းကို ကျွန်မ မောင်းသွားလိုက်တယ်.....
ကျောင်းကို ရောက်တော့ ကျွန်မ သွားရမယ့် အတန်းကို မရှာတတ်တာနဲ့ မြေပုံအတိုင်း သွားကြည့်ကာမှဘဲ ပိုဆိုးတယ်လို့ဆိုရမလား ကျွန်မ ကျောင်းဝန်းကျယ်ကြီးထဲမှာ လမ်းပျောက်နေပြီလေ....အဲ့ဒီအချိန် ကျွန်မရဲ့ဘေးနားကနေ ကောင်မလေး တယောက်ဖြတ်သွားလို့ လှမ်းမေးလိုက်တယ်
"ဒီမှာ...... အဆောင်(...)က ဘယ်နားမှာလည်း "
ကျွန်မ မေးတာကို ဂရုမစိုက်ဘဲ မကြားချင်ယောင်ဆောင်ပီး ထွက်သွားတဲ့ ကောင်မလေးနောက် ပြေးလိုက်ပြီး လှမ်းဆွဲလိုက်မှ သူ့နားက နားကြပ်ကို မြင်လိုက်တယ်.....
"Aww သူက နားကြပ်တပ်ထားလို့ကိုး...."
ကျွန်မ သူ့ကို လှမ်းဆွဲပြီး သူ့ရှေ့မှာ ပိတ်ရပ်နေလို့ ထင်ပါတယ် နားကြပ်လေးဖြုတ်ပြီး
"ဘာ ကိစ္စများ ရှိလို့လည်းမသိဘူး......."
"Aww ငါ လမ်းပျောက်နေလို့ အဆောင်(....)ကို သွားချင်တာ.... "
"ကျောင်းသူအသစ်ထင်တယ်..... chawလည်း အဲ့အတန်းကဘဲ chawနောက်လိုက်ခဲ့လေ......"
ကျွန်မလည်း အဲ့ကောင်မလေး နောက်ကလိုက်သွားလိုက်တယ်..... အတန်းထဲရောက်တော့ နေရာလွတ်ဆိုတာ မရှိသလောက်ဘဲ အကုန် ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည့်နေတယ်.....ကျွန်မလည်း နေရာအလွတ်လိုက်ကြည့်ရင်း ခုနက ကျွန်မကို ကူညီပေးခဲ့တဲ့ ကောင်မလေး ဘေးမှာ ဘယ်သူမှ မရှိတာနဲ့ ၀င်ထိုင်လိုက်သည်။ အဲ့ ကောင်မလေးက ကျွန်မကို လှမ်းကြည့်တော့ သူ့ဘေးနားက ခုံမှာ လူရှိလို့ ကျွန်မထိုင်တာကို ကြည့်တယ်ဆိုပြီး ထင်မိလို့ မေးလိုက်တယ်
"ဒီခုံမှာ လူရှိလို့လားဟင်"
"အာညီး မရှိပါဘူး chaw တယောက်ထဲ ထိုင်တာပါ.... ထိုင်လို့ရပါတယ်....."
"Aww ok ok...."
"Chaw နာမည်က Im Yoonaပါ....."
"Jessica Jung....."
"Nae...."
Yoonaဆိုတဲ့ ကောင်မလေးက သူ့နာမည်သူ မိတ်ဆက်ပြီး စာအုပ်ထိုင်ဖတ်နေတယ်.... ကျွန်မလည်း အိတ်ထဲက ပီကေကို ထုတ်ဝါးပြီး အတန်းထဲက လူတွေကို လေ့လာကြည့်လိုက်တယ်.... oh...တယောက်မှ ပုံမလာဘူး.....ယောင်္ကျားလေးတွေကို ကြည့်လိုက်တော့လည်း ကျွန်မရဲ့ Type တယောက်မှ မပါဘူး....ကျွန်မ ပီကေကိုဝါးပြီး ငေးနေချိန် "ဘုန်း"ဆိုတဲ့ အသံကြောင့် ကျွန်မ လန့်သွားတယ်....Yoonaဆိုတဲ့ တယောက်လည်း လန့်သွားပုံပေါ်တယ်......ကျွန်မ ကြည့်လိုက်တော့ အသားဖြူ ဖြူ နဲ့ ကောင်မလေး တယောက် Yoonaရဲ့ စာရေးခုံကို လက်နဲ့ ထုပြီး Yoonaကို ပြောဆိုနေတယ်....
"Yoona...... နင့်ကို ငါ စီးကရက်ဝယ်ခိုင်းထားတာ ဘာလို့ လာမပေးတာလည်း......"
"Seo Min..... ငါနင့်ကို ပြောပြီးပြီလေ ကျန်တာတွေ ငါဝယ်ပေးရင် ၀ယ်ပေးမယ် ကျောင်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေတော့ ၀ယ်မပေးနိုင်ဘူးဆိုပြီး...."
"Yoona.... နင်ဘယ်တုံးက ငါ့ကို ပြန်ပြောရဲတာလည်း......."
"ငါပြန်ပြောတာ မဟုတ်ဘူး ငါပြောတဲ့စကားကို နင်မေ့နေမှာဆိုးလို့ သတိပြန်ပေးတာ...."
ကျွန်မလည်း Yoonaနဲ့ Seo Minတို့ စကားများနေတာကို ကြည့်နေလိုက်တယ်..... စကားများကြရင်း Yoonaက အေးဆေးပြောနေပေမယ့် Seo Minဆိုတဲ့ တယောက်ကတော့ လက်ပါလာတယ်....Yoonaကို ရိုက်ဖို့ ရွယ်တော့ ကျွန်မလည်း မနေနိုင်တာနဲ့ ၀င်ပါလိုက်မိတယ်....
Yoonaကို ရိုက်မယ့် အဲ့ကောင်မလေးရဲ့ လက်ကို ဖမ်းလိုက်ပြီး
"Hey...... လက်မပါကြေးလေ ဒီတိုင်း အေးဆေးပြောပါ....."
"နင်က ဘယ်သူလည်း ဘာကိစ္စနဲ့ ၀င်ပါနေတာလည်း အေးဆေးနေစမ်း....."
အဲ့ကောင်မလေးရဲ့ စကားကြောင့် ကျွန်မလည်း ဒေါသထွက်ပြီး ဆံပင်တွေကို သပ်တင်ရင်း သူ့ကို မျက်လုံးပြူးပြီး အကြာကြီး စိုက်ကြည့်နေလိုက်တယ်......အဲ့အခါမှဘဲ Seo Minဆိုတဲ့ ကောင်မလေး လေသံပြန်လျော့ပြီး
"Ok မ၀ယ်လာခဲ့ဘူးဆိုတော့လည်း ထားပါတော့ ငါ့ပိုက်ဆံပြန်ပေး....."
"ပိုက်ဆံပြန်ပေးလို့ ပြောရအောင် နင်က ဘယ်တုန်းက ငါ့ကို ပိုက်ဆံ ပေးလို့လည်း......"
"Im Yoona နင်မညစ်နဲ့နော်......"
ကျွန်မလည်း မနေနိုင်လို့ ပါမိပြန်ပြီ
"Yoonaက နင့်ပိုက်ဆံ ပြန်မပေးတာလား"
"အေး...."
"ဒါများ အခုလို ငြင်းနေကြမယ့်အစား ကျောင်းအုပ်ကြီးကို သွားတိုင်လိုက် Yoonaကို ဆေးလိပ်ဝယ်လာခိုင်းတာ မ၀ယ်ပေးတဲ့ အပြင် ပိုက်ဆံပါ ပြန်မပေးဘူး ဆိုပြီးလေ......"
ကျွန်မရဲ့ စကားကြောင့် Seo Minလည်း ဘာမှဆက်မပြောဘဲ ထွက်သွားသည်။ Yoonaဆိုတဲ့ ကောင်မလေးက ကျွန်မဘက်ကို လှည့်ပြီး
"ကျေးဇူးတင်ပါတယ်"ဆိုပြီး ပြုံးပြီး ပြောတယ်....ကျွန်မလည်း "ရပါတယ် ခုနက နင်ငါ့ကို ကူညီပေးခဲ့တာဘဲ ကျေပြီပေါ့..." လို့ ပြောလိုက်ပေမယ့် သူမအပြုံးလေးမှာ ကျွန်မ နစ်မြောသွားမိတာကို ကျွန်မ ၀န်ခံပါတယ်