#Zawgyi
" Im Yoona....."
နောက်ထပ် သူမရဲ့ နာမည်ခေါ်သံကြားလို့ ကျွန်မလည်း စပ်စုပြီး မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့ တယောက်ရယ် အရပ်ပုပုနဲ့ တယောက်က အတန်းထဲ ၀င်လာပြီး ကျွန်မတို့ရဲ့ ရှေ့ခုံမှာ ထိုင်လိုက်သည်။
"Yrr... ရေဘူးလေးပေးစမ်းပါ ငါမောလာလို့...."
Yoonaကတော့ ရယ်ပြီး ရေဘူးလှမ်းပေးလိုက်ပြီး
"ဘယ်လိုတွေဖြစ်လာကြတာလည်း မနောက်ကျစဖူး နောက်ကျနေကြတယ်.....နင်တို့ဒိတ်လာတာလား...."
"Yrr အရိုးမ ဘာတွေ ပြောနေတာလည်း နောက်ကျတာက Sunnyကြောင့်....."
"Wae....."
"သူ့ဖိနပ်လေ ကျောင်းနားရောက်ခါနီးမှ ပျက်သွားလို့ အဲ့တာ ပြန်သွားဝယ်ရတာဟာ ငါ့မှာ ကျောင်းနောက်ကျတယ်ထင်ပြီး ပြေးလိုက်ရတာမောလို့....."
"အေးပါ အေးပါ ရေသောက်လိုက်ပါအုံး ငါ့သူငယ်ချင်းကြီး မောနေရှာမှာ......"
အရပ်ရှည်ရှည်နဲ့ တယောက် ရေသောက်ရင်း ကျွန်မကို ကြည့်ပြီး
"Yoona..... သူက ဘယ်သူလည်း အရင်က သူ့ကို မတွေ့ပါဘူး....."
"Aww သူက ကျောင်းသားအသစ်ပါ....."
"Hello.... ကျောင်းသားအသစ်...... ငါ့နာမည်က Choi Sooyoungပါ...... "
"Hi..... Jessica Jungပါ...."
"တွေ့ရတာ ၀မ်းသာပါတယ်.... ဒါဆို ငါတို့သူငယ်ချင်း ဖြစ်သွားကြပြီပေါ့...."
"Nae....."
Sooyoung ဆိုတဲ့ တယောက် ကျွန်မနဲ့ မိတ်ဆက်ပြီး Yoonaကို ကြည့်ပြီး
"Yoona..... ဘာတွေ ရေးနေတာလည်း ..... "
"History နည်းနည်းပါ...."
"ဟဲ့ သိပ္ပံတွဲက ဘယ်နဲ့ကြောင့် သမိုင်းတွေ ရေးနေတာလည်း"
"ငါ့စာမဟုတ်ပါဘူး ဘေးအိမ်က ကျောင်းသူလေးဟာ သူဟိုတနေ့က ကျောင်းပျက်တဲ့ စာတွေ ငါကူးပေးနေတာ ဒီနေ့ သူတို့အတန်းမှာ သမိုင်း အချိန်မပါဘူး ပြောလို့....."
"နင်ဟာလေ.....သူ့ဘာသာသူ ပျက်တာ သူ့ဘာသာသူ ရေးပါစေပေါ့ "
"Aww.... သူက ငါ့ကို ပိုက်ဆံပေးတယ်လေဟာ...."
"လာပြန်ပီ ဒီပိုက်ဆံ....."
Sooyoungရဲ့ စကားကြောင့် Yoona မျက်နှာလေး အောက်ကို ငုံ့သွားတော့
"မီယား Yoona....ငါ့အသံနည်းနည်းမာသွားတယ်..... ငါနင့်ကို စိုးရိမ်လို့ ပြောတာပါ.... ညဆိုလည်း နင် နောက်ကျမှ အိမ်ကို ပြန်တယ်...တခါတခါ ငါတရေးနိုးလို့ ၀ရန်တာရှေ့မှာ မုန့်ထိုင်စားနေချိန်မှ နင်ပြန်လာတတ်တယ်....."
"ဟုတ်တယ် Yoona..... နင်ကျောင်းပိတ်ရက်လည်း မနားဘူး.....အလုပ်တွေ အရမ်းလုပ်နေတာ.... ဒီပုံစံအတိုင်းဆို နင်လဲကျသွားလိမ့်မယ်......"
"ငါ့ကို စိတ်ပူပေးလို့ ကျေးဇူးပါ Chinguတို့ရာ....ဒါပေမယ့်......နင်တို့လည်း သိတဲ့ အတိုင်းဘဲ"
"ဟူး"
Sooyoungဆိုတဲ့ တယောက်ပြောတာ နားထောင်ကြည့်ပြီး Yoonaဆိုတဲ့ ကလေးမ ဘာလို့ ဒီလောက် ပိုက်ဆံကို သည်းကြီးမဲကြီးရှာနေလည်းဆိုတာ ကျွန်မသိချင်လာမိတယ်.....
"Ah.... ငါဘာလို့ ဒီလိုဖြစ်နေတာလည်း နင့်ကိစ္စမဟုတ်ဘူး Jessica စိတ်ဝင်စားစရာမလိုဘူး...💭💭💭💭"
နေ့လည် ထမင်းစားချိန်ရောက်တော့.... ကျွန်မလည်း Sooyoung တို့က ခေါ်တာနဲ့ သူတို့နဲ့ အတူ ထမင်းစားဖို့ အတန်းပြင်ကို ထွက်မယ့်အချိန် Yoonaလို့ ခေါ်သံကြားလို့ လှည့်ကြည့်တော့
"Yoona......"
"Omm ပြော ....."
"ငါလေ Bioပုံ မဆွဲရသေးဘူး နင်သိတယ်မလား ကျောင်းတက်ချိန်က Bioအချိန်ဆိုတာ....အခု ငါဗိုက်အရမ်းဆာနေတော့......"
"အဲ့တော့ ငါကပုံဆွဲပေးရမယ်ပေါ့...."
"Ommဟုတ်တယ် "
"ရပါတယ် နည်းနည်းလေးဘဲကို ဆွဲပေးပါမယ်...."
"ဟုတ်ပု အရင်နေ့က ပုံတွေလည်း မပြီးသေးဘူး....."
"ဟင်....."
"Yoona.....နင် ထမင်းအရင် စားလိုက်အုံး...."
"ရပါတယ် Sooyoung ငါမဆာသေးပါဘူး...."
Yoonaမဆာသေးဘူးသာပြောသည် သူ့ဗိုက်ထဲကနေ အသံမျိုးစုံကြားရသည်။
"ငါရေးပေးမယ်...."
"Okရော့ ပိုက်ဆံ......"
Yoonaလည်း ထိုကောင်မလေးပေးတဲ့ ပိုက်ဆံယူပြီး Sooyoungတို့အား...
"Sooyoung, Sunny.... နင်တို့အရင် သွားစားလိုက်ပါ ငါပြီးတာနဲ့ လာခဲ့မယ်....Aww ပြီးတော့ ကျောင်းသား အသစ်အကိုလည်း ဂရုစိုက်လိုက်အုံး.. ..."
သူ ဒီလောက် ဆာနေတာတောင် ဂရုမစိုက်ဘဲ ပုံဆွဲနေရင်း ကျွန်မကိုတောင် ဂရုစိုက်ခိုင်းသေးတယ် Im Yoonaဆိုတဲ့ ရှင်က ဘယ်လိုလေးလား.....
ကျွန်မလည်း Sooyoungတို့နဲ့ ထမင်းအတူစားပြီး ရင်းနှီးသွားတယ်.....Yoona အကြောင်း မေးရင် ကောင်းမလား မကောင်းလား တွေးနေတုံး
Sunnyက အာလူးကြော်စားရင်း
"Yoongလည်း သနားပါတယ် သူ့ခင်ဗျာ နားချိန်ရော ရှိရဲ့လားမသိဘူး..."
"ဟုတ်ပါ့ဟာ ညဆိုလည်း နောက်ကျမှ ပြန်လာတယ်...."
"Sooyoungနဲ့ Yoonaက အိမ်နီးနားချင်းလား...."
"ငါးအိမ်လောက်တော့ ခြားတယ် Jessica.. ..."
"Aww......Sicaလို့ဘဲ ပေါ့ပေါ့ပါးပါးခေါ်ပါ...."
"Nae Sica....."
"သူ့ခင်ဗျာ သနားပါတယ် ပိုက်ဆံတွေ အရမ်းရှာနေရတာ......"
"ဘာလို့လည်း Sunny...."
"လွန်ခဲ့တဲ့ တစ်လက သူ့အဖေနဲ့ အမေက ကားမတော်တဆမှုဖြစ်တာလေ အမေက နေရာမှာ ပွဲချင်းပြီး ဆုံးသွားပေမယ့် အဖေကတော့ ခုထိ ဆေးရုံမှာ သတိမရသေးဘူး သူ့အမေဆုံးသွားတော့ သူ့အမေချေးထားတဲ့ အကြွေးတွေ မဆပ်ရင် အိမ်ကို သိမ်းမယ်ပြောလို့ သူအကြွေးဆပ်ဖို့ ငွေရှာလိုက် သူ့အဖေ ဆေးရုံစရိတ်အတွက်ရောဆိုတော့....."
Sunnyပြောတာတွေ နားထောင်ပြီး ကျွန်မ Yoonaကို တော်တော်သနားသွားတယ်.......
ထမင်းစားပြီး ပြန်မယ်လုပ်တော့ Sooyoungတို့ကို အရင်သွားခိုင်းပီး ကျွန်မ သန့်စင်ခန်းထဲ ခဏ၀င်နေလိုက်သည်။ သန့်စင်ခန်းက ထွက်လာတော့ ကျွန်မ ခြေလှမ်းတွေက အတန်းဘက်ကို မသွားဘဲ မုန့်ဆိုင်ဘက်ကို ဦးတည်နေသည်။
"ရော့....."
ကျွန်မ ပေးလိုက်တဲ့ ပေါင်မုန့်နဲ့ နွားနို့ကြောင့် Yoonaတယောက် ပုံဆွဲရင်း ကျွန်မကို မော့ကြည့်လိုက်သည်။
"ဒါတွေက...."
"တမျိုးမထင်ပါနဲ့ ဆိုင်က အမ်းစရာ အကြွေမရှိဘူးဆိုလို့ ယူလာတာ နင် ထမင်းလည်း မစားရသေးဘူးမလား ပုံဆွဲပြီးရင် ကျောင်းမတက်ခင် စားလိုက်....."
"ရပါတယ် chaw မဆာပါဘူး..."
"မဆာဘူးသာပြောတယ် ခုန နင့်ဗိုက်က သံစုံတီးဝိုင်းကြနေတာဘဲ စားလိုက်....."
"Nae Gomawo☺☺☺"
ကျွန်မပေးတဲ့ ပေါင်မုန့်နဲ့ နွားနို့ စားပြီး ကျွန်မကို ပြုံးပြနေတဲ့ သူမကို ကြည့်ပြီး စိတ်ထဲ ကြည်နူးမိသွားတယ်.....
ကျောင်းကနေ အိမ်ကို ပြန်ရောက်တော့...
"သမီးလေး ကျောင်းမှာ ဘယ်လိုလည်း အဆင်ပြေရဲ့လား "
"ပြေပါတယ် Omar... သူငယ်ချင်းအသစ်တွေလည်း ရခဲ့တယ်....."
"ဟုတ်ပါပြီ အပေါ်တက်ပြီး နားလို်က်အုံး......"
အခန်းထဲမှာ Tvကြည့်နေရင်း Yoonအကြောင်း ရုတ်တရက် တွေးမိပြီး
"သနားပါတယ် Yoona...... သူတယောက်တည်း ပိုက်ဆံကို ကြိုးစားရှာနေရတဲ့ အပြင်.....အာ..... ငါဘာတွေ တွေးနေတာလည်း Jessica နင်ရူးသွားပြီလား......ဘာလို့ သူ့ကို စိတ်ပူနေရတာလည်း မိန်းကလေးအချင်းချင်းကို နင်ရူးနေတာလား"
ကျွန်မလည်း Tvလိုင်း ပြောင်းလိုက်တော့ Tvမှာ ပြနေတဲ့ ရုပ်ရှင်က Yuriကားကြီးဖြစ်နေတော့
"အာ....မိန်းကလေးချင်း ကြိုက်တဲ့ အကြောင်းကို ဘာလို့ ရိုက်ပြနေတာလည်း စိတ်ရှုပ်စရာကြီး...."
Tvကို ပိတ်လိုက်ပြီး ကျွန်မ မှောက်အိပ်နေလိုက်သည်။
Yoonaကတော့ ကျောင်းက ပြန်ရောက်တော့ ခဏနား အိမ်စာတွေလုပ်ပြီး ညနေငါးနာရီကနေ ကိုးနာရီထိ coffeeဆိုင်မှာ စားပွဲထိုးလုပ်ပြီး ကိုးနာရီကနေ ၁၂နာရီထိကတော့ ကလပ်တခုမှာ စားပွဲထိုးဝင်လုပ်သည်။ ကလပ်မှာ မလုပ်ချင်သော်လည်း လစာက များတော့ Yoonaတယောက် ကလပ်မှာ အလုပ်လုပ်လိုက်ရသည်။