#Zawgyi
Yoona မနက် ကျောင်းကို ရောက်တော့ Sicaက ကျောင်းကို ရောက်နှင့်နေပြီ
"Hi Sica unnie....."
Yoonaကတော့ နှုတ်ဆက်လိုက်ပေမယ့် Sicaကတော့ မနေ့က ကိစ္စကို ရှက်ပြီး ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ တစ်ချက် တစ်ချက် စာဖတ်ရင်း Yoonaကို ခိုးကြည့်သေးသည်။ Yoona က သင်္ချာတွက်ရင်း အဖြေမထွက်တော့ နှုတ်ခမ်းလေး စူပြီး စဉ်းစားနေတယ်..... Sicaကတော့ Yoonaကို ခိုးကြည့်ရင်း နှုတ်ခမ်းစူနေတာလေး တွေ့ပြီး ညက အကြောင်းတွေ ပြန်မြင်ယောင်ပြီး ကိုယ့်ခေါင်းကို ပြန်ရိုက်နေတယ်....
"ဘာတွေ မြင်ယောင်နေတာလည်း 👋💭..."
Yoonaလည်း သင်္ချာတွက်နေရင်း ကိုယ့်ခေါင်းကို ပြန်ရိုက်နေတဲ့ Sicaကို ကြည့်ပြီး အံ့သြနေတယ်...
"Sica Unnie....... ဘာဖြစ်လို့လည်း ကိုယ့်ခေါင်းကို ဘာလို့ ပြန်ရိုက်နေတာလည်း....."
"ဟို.....ဟို.... ငါ မနက်က ခေါင်းလျှော်ရင်း နားထဲ ရေ၀င်နေလို့ ရိုက်ထုတ်နေတာ......"
"ရေတွေ ထွက်သွားပြီလား မထွက်သေးရင် ပြော...... chaw ရိုက်ပေးရမလား "
Yoonaရဲ့ ရိုက်ပေးရမလား ဆိုတဲ့ စကားကြောင့် Sicaလည်း လက်ခါရင်း
"ရပြီ ရပြီ ရေတွေ ထွက်သွားပြီ....."
"ခေါင်းလျှော်ခဲ့တယ်ဆိုတော့ ရေရော ပြောင်အောင် သုတ်ခဲ့ရဲ့လား...."
Yoonaလည်း Sicaရဲ့ ဆံပင်တွေကို ခြောက်မခြောက် ကိုင်ပြီး စစ်ဆေးနေတယ် ....
LAမှာ Sicaရဲ့ အခင်ဆုံး သူငယ်ချင်း တယောက်ရှိတယ် သူမ နာမည်က Tiffanyတဲ့ တစ်ခါက Tiffany တယောက် Sicaရဲ့ ဆံပင်လေးကို ကိုင်မိတာ Dolphin အသံနဲ့ အော်လိုက်လို့ Tiffany တယောက် လန့်သွားဖူးတယ် အခုတော့ သူမရဲ့ ဆံပင်ကို ကိုင်တာ မကြိုက်တဲ့ Jessica တယောက် Yoona က အားရပါးရ ကိုင်နေတာကိုတော့ ငြိမ်ပြီး ခံနေလေရဲ့.... Tiffanyသာ ဒီမြင်ကွင်းကို မြင်ကြည့်ပါ့လား Jessica တယောက် ဘယ်လောက် အထုခံရမယ်မသိ......
"ဆံပင်တွေကတော့ ခြောက်နေပါပြီ ဒါနဲ့ Unnieရဲ့ ခေါင်းလျှော်ရည်က မွှေးလိုက်တာ....."
Sicaရဲ့ ဆံပင်ကို ရုတ်တရက် Yoona နမ်းလိုက်သည်။ Sicaရဲ့ ရင်ထဲမှာတော့ ၀ုန်းဒိုင်းကြဲနေတယ်....
"အာ..... သူက ဘာလို့ ငါ့ဆံပင်ကို လာနမ်းနေရတာလည်း ကြက်သီးထလိုက်တာ......"
Yoonaလည်း အတန်းထဲ ဆရာဝင်လာလို့ Sicaရဲ့ ဆံပင်တွေကို နမ်းတာ ရပ်လိုက်တယ်
Sicaကတော့ သက်ပြင်းချပြီး
"ဆရာကို ကျေးဇူးတင်လိုက်တာ မဟုတ်ရင် ရင်ခုန်လွန်းလို့ သေတော့မယ်..... Im Yoonaဆိုတဲ့ တယောက် လူကို ရင်ခုန်အောင် မြူ စွယ်နေတယ် 💭💭"
ထမင်းစား ဆင်းချိန်မှာ Sooyoung တယောက် ထမင်းသွားစားမယ်ဆိုပြီး Yoonaရဲ့ တင်ပါးကို ရိုက်လိုက်တယ်.....
"အား...... "
Yoonaရဲ့ အော်သံကြောင့် စကားပြောနေတဲ့ Sicaနဲ့ Sunny လန့်သွားတယ်.....
Sicaလည်း Sunnyနဲ့ စကားပြောနေတာ ရပ်ပြီး Yoonaဆီကို ပြေးသွားလိုက်တယ်....
"Yoongie အဆင်ပြေရဲ့လား ဟဲ့ လန်ဘားရဲ့ ဘာလို့ နင့်အားကြီးနဲ့ ရိုက်တာလည်း ဒီမှာ Yoongie သနားပါတယ် နာသွားပြီ....."
"အမလေး အဖြစ်သည်းနေတာ ငါရိုက်တာ သာသာလေး နင့် Yoongieက အရိုးဘဲ ရှိပြီး အသားမရှိတော့ နာမှာပေါ့ ငါတောင် နာသေး အရိုးနဲ့ ရိုက်မိတာ "
Sunnyကလည်း Sica အဖြစ်သည်းနေတာကို ကြည့်ပြီး စချင်လာတာနဲ့
"Sicaရယ် အဖြစ်သည်းနေလိုက်တာ မသိရင် နင်နဲ့ Yoonaက ချစ်သူတွေကြနေတာဘဲ....."
Sunnyရဲ့ စကားကြောင့် Sica ရှက်သွားပြီး မျက်နှာကြီး နီရဲနေလေရဲ့
"နေပါအုံး Yoona အရင်ကလည်း နင့်တင်ပါး ရိုက်နေကြကို ဒီနေ့ကျမှ ဘာဖြစ်တာလည်း......"
" မနေ့ညက Sica unnieရဲ့ ကုတင်ပေါ်က ပြုတ်ကျပြီး တင်ပါးနာနေတာ......"
Yoonaရဲ့ စကားကြောင့် SooSunတို့ မျက်လုံးပြူးသွားပြီး
" ဟဲ့ နင် Sicaရဲ့ အိမ်ကို စာသင်ဖို့ သွားတာ မဟုတ်ဘူးလား စာမသင်ဘဲ နင်တို့ ဘာတွေ လုပ်နေတာလည်း ကုတင်ပေါ်ကတောင် ပြုတ်ကြတယ်ဆိုတော့ မဟုတ်မှလွဲလို့.. ...."
Sunnyရဲ့ စကားကြောင့် Sicaတယောက် Sunnyကို ရိုက်လိုက်လေသည်။
"Ah..... ဘာလို့ ငါ့ကို ရှက်ရမ်းရမ်းပြီး ရိုက်နေတာလည်း....."
" ငါတို့ မနေ့က ဘာမှမဖြစ်ခဲ့ပါဘူး....."
Sicaရဲ့ စကားကို Yoona ၀င်ထောက်ခံလိုက်တယ်....
"ဟုတ်တယ် ငါတို့ မနေ့က ဘာမှ မဖြစ်ခဲ့ပါဘူး....."
"ဒါဆို နင်က ဘာလို့ Sica unnieရဲ့ ကုတင်ပေါ်က ပြုတ်ကျပြီး တင်ပါး နာတယ်လို့ ပြောလည်း......."
"အဲ့တာက ငါက သူ့ကုတင်ပေါ် လှဲမိတာဟာ သူက မကြိုက်လို့ ငါ့ကို တွန်းလိုက်တာ အဲ့တာကြောင့် Soo..."
"နင်က ဘာလို့ သူ့ကုတင်ပေါ် သွားအိပ်တာလည်း....."
" နင် အရမ်းရစ်တာဘဲ ကျောင်းပြီးရင် ရဲမေလုပ်ပါ့လား ငါ ထပ်မဖြေတော့ဘူး ဆာနေပြီ "
Yoonaလည်း ဘာမှ မပြောတော့ဘဲ ကန်တင်းဘက်ကို သွားတယ်.... Sicaကလည်း အနောက်က လိုက်သွားတယ်.... Sooyoungကတော့ ရယ်နေရင်း Sunnyကို လှမ်းပြောလိုက်တယ်
"Sunny...... သူတို့နှစ်ယောက် မရိုးတော့ဘူး...... တယောက် အပေါ် တယောက် ခံစားချက် ရှိနေကြပြီ အထူးသဖြင့် Sica..... သူ့အမူအရာတွေက သိသာလွန်းနေတယ်...... သူ ဘယ်လိုဘဲ ဟန်ဆောင်နေနေ....."
SooSunတို့ စကားပြောရင်း ကန်တင်းဘက်ကို လျှောက်လာစဉ် သူတို့ အနောက်က ယောင်္ကျားလေး နှစ်ယောက် စကားပြောနေတာကို ကြားရတယ်....
"Hyung မင်း တကယ်ဘဲ Im Yoona ကို ဖွင့်ပြောမလို့လား......"
"ဟုတ်တယ် ငါ သူ့ကို ချစ်နေတာကြာပြီ......"
"မင်း Fanတွေက ၀ိုင်းကန့်ကွက်ရင် ဘယ်လိုလုပ်မလည်း......"
"ငါလည်း လူပါကွာ အသည်းနှလုံးနဲ့ပါ ငါ့နှလုံးသားကို ငါ့ခံစားချက်ကို တခါလောက် ဦးစားပေးပါရစေ....."
Sunnyတို့လည်း သူတို့ပြောတာတွေ နားထောင်ပြီး သူတို့ကို တစ်ချက်လှည့်ကြည့်ပြီး ကန်တင်းကို ရောက်လာကြတယ်...... ကန်တင်းကို ရောက်တော့ Sicaတို့က ထမင်းစားနေတာကို တွေ့ပြီး.....
"နင်တို့နှစ်ယောက်က ငါတို့ကျ မစောင့်ဘူး နှစ်ယောက်ထဲ ကြိတ်နေကြတာ....."
"ငါပြောပြီးပြီလေ ဆာနေပါပီဆို နင်တို့ဘာသာ လိပ် Speedနဲ့ လာပြီး......"
"လိပ် Speedနဲ့ လာတာ မဟုတ်ဘူး Yoonaရေ ငါတို့ ဒီကို လာရင်း သတင်းတစ်ခု ကြားရလို့ နားထောင်နေတာနော့် Sunny......"
"ဟုတ်လား ဘာသတင်းလည်း......"
"နင့်ကို ကောင်လေး တစ်ယောက်က ဖွင့်ပြောဖို့ ကြံနေတယ် Yoona....."
Sunnyရဲ့ စကားကြောင့် Sica ထမင်းစားနေတာကနေ ရပ်သွားတယ်.....Sunnyကလည်း Sicaကို ကြည့်ပြီး ထပ်ပြောလိုက်တယ်.....
"သူက ဘယ်သူလည်း သိလား Yoona....."
" ငါက ဘယ်လိုလုပ် သိမှာလည်း အကြားအမြင် ဆရာမမှ မဟုတ်တာ....."
" သူက ငါတို့် ကျောင်းရဲ့ ဂုဏ်ဆောင် မင်းသားလေး နာမည်ကြီး တက်သစ်စ မော်ဒယ်လေး Lee Seung Gi လေ......."
Sunnyရဲ့ စကားကို နားထောင်ပြီး Sicaရဲ့ စိတ်ထဲမှာတော့
"သူ့ဟာသူ မော်ဒယ်ဖြစ်တာ ဘာလို့ ကျောင်းရဲ့ ဂုဏ်ဆောင် ဖြစ်ရတာလည်း ကျောင်းရဲ့ ဂုဏ်ဆောင်ဆိုတာ ကျောင်းအတွက် တစ်ခုခုလုပ်ပေးတဲ့သူကိုမှ ပြောတာလေ... သူက သူ့ဘာသာသူ ကြော်ငြာရိုက်တာ ငါတို့ ကျောင်းနဲ့ ဘာဆိုင်လည်း 😕😕💭"
"Aww သူလား......"
"Omm ဟုတ်တယ် Yoona သူ့ကို နင် ဘယ်လို သဘောထားလည်း....."
Sicaလည်း ဆက်နားမထောင်ချင်တာနဲ့ ထမင်းစားနေရာက ထွက်သွားတယ်.... Yoonaလည်း လှမ်းအော်ပြီး
"Sica unnie မစားတော့ဘူးလား....."
"မစားတော့ဘူး ရင်ပြည့်နေလို့...."
Yoonaမေးတာ ပြန်ဖြေပြီး အတန်းဘက်ကို Sica လျှောက်သွားတယ်....
" ရင်ပြည့်နေလို့တဲ့ ဘာတွေများ စားထားလို့ပါလိမ့် "
SooSunတို့ကတော့ High Fiveရိုက်ရင်း
"Jellyတွေ နင်သွားတာနေမှာ Yoona...."
"သူ ဂျယ်လီစားတာလည်း ငါမတွေ့ပါဘူးဟာ....."
Yoonaလည်း ခေါင်းကုတ်ပြီး ထမင်းဆက်စားနေတယ်..... Sicaကတော့ အတန်းထဲမှာ ထိုင်ရင်း Yoonaက Seung Giအပေါ် သူမရဲ့ သဘောထားကို ဘာပြန်ပြောမလည်းဆိုတာ သိချင်နေတယ် ....