#zawgyi
Coffeeဆိုင်ထဲက ထွက်လာတဲ့ Sooyoungရဲ့ လက်ကို Sica လှမ်းဆွဲလိုက်တယ်.....
"Sooyoung....."Sicaရဲ့ မျက်နှာကို Sooyoung သေချာကြည့်ပြီး
"သူငယ်ချင်း ဖြစ်တဲ့ ငါတောင်မှ နင့်ကို တော်တော် စိတ်ပျက်နေတာဆိုတော့ Yoonaဆိုရင် ဘယ်လောက်တောင် စိတ်ပျက်သွားမှာလည်း......""ငါ ရှင်းပြပါရစေ Sooyoung....."
"ရှင်းပြရမယ့်သူ လွဲနေတယ် ငါ့ကို ရှင်းပြရမှာ မဟုတ်ဘူး Yoonaကို ရှင်းပြရမှာ.. ....."Sooyoung ပြောပြီး ထွက်သွားတယ်......Sicaလည်း coffeeဆိုင်ထဲ ၀င်ကာ ကားသော့ပြန်ယူတယ်.....
"Sica..... ဘာဖြစ်တာလည်း ရုတ်တရက်ကြီး ထိုင်နေရာက ထသွားတာ.. ...."
Coffeeဆိုင်ထဲ ပြန်ဝင်လာတဲ့ Sicaကို Tyler မေးလိုက်သည်.....Tylerကို ပြန်မပြောပေမယ့် Tyler ရဲ့ သူငယ်ချင်းကိုတော့ လက်ညှိုးထိုးပြီး
"ရှင်က မကြာခင် နှုတ်ကြောင့် သေမယ့် ဖားဘဲ......."
လို့ ပြောပြီး ထွက်လာခဲ့တယ်............Sica ဇောကြောင့် ကားအမြန် မောင်းရင်း Accident ဖြစ်သွားတယ်...... အသေးစား accident ဖြစ်သောကြောင့် ကြီးကြီးမားမား မထိခိုက်ပေမယ့် ခြေထောက်ကျိုးသွားလို့ ဆေးရုံတက်လိုက်ရတယ်.....
Sica ဆေးရုံတက်ရတဲ့ သတင်းကို ကြားကြားချင်း Sunny ဆေးရုံကို ပြေးလာတယ်......
"Sica yrr....... ဘယ်လိုဖြစ်တာလည်း......."Sicaလည်း ငိုမဲ့မဲ့နဲ့ Sunnyကို အကြောင်းစုံ ပြောပြလိုက်သည်.......
"နည်းတောင် နည်းသေးတယ် ဘာလို့ အဲ့ကောင်နဲ့ တွေ့တဲ့ကိစ္စကို လိမ်ပြောထားတာလည်း.....""Tylerကို ငါ့ရည်းစားဟောင်းလို့ ပြောရင် သူ သ၀န်တိုမှာဆိုးလို့......"
"အေး နင်မပြောဘဲ သူများပြောမှ သိရတော့ သူကပိုပြီး ဒေါသထွက်မှာပေါ့ဟ နေပါအုံး နင်က ဘာလို့ အဲ့ကောင်နဲ့ တွေ့တာလည်း....""Krystalကို သူတို့ company ကြော်ငြာအတွက် ရိုက်ချင်လို့ဆိုပြီး တောင်းဆိုနေလို့.....
Krystalက သူ့ကို ကြည့်မရဘူးလေ...... အဲ့တာကို ကူပြောပေးပါအုံးဆိုပြီး တောင်းဆိုနေတာ..."
"ကြည့်မရတာကို ဘာလို့ဇွတ်ရိုက်ချင်နေတာလည်း"