Sicaရဲ့ ကားကို ကြည့်ရင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားကာမှ Yoona တစ်ယောက် သူမရဲ့ အိမ်ထဲကို ၀င်လိုက်တယ်...... ရေချိုးပြီး သူမရဲ့ အဖေကို သွားတွေ့ဖို့ ပြင်ဆင်နေတယ်......
သူမရဲ့ အဖေရှိရာ ဆေးရုံကို ရောက်တော့ သူမရဲ့ အဖေကို ရေပတ်တိုက်ပေးရင်း
"Appa...... Chaw အခုတလော အလုပ်ရှုပ်နေလို့ Appaကို လာမတွေ့နိုင်ဘူး ခွင့်လွှတ်ပါနော်...... ပြီးတော့ Appa အမြန်ဆုံး သတိရလာပါတော့ ဆိုပြီး ပြောရင်း ငိုနေသည်။
သူမ အဖေကို တွေ့ပြီး Sicaဆီကို စာသင်ပေးဖို့ အတွက် သွားတယ်... Sica ရဲ့ အိမ်ကို ရောက်တော့ အခန်းထဲမှာ စာသင်ဖို့ ပြင်ဆင်ရင်း
"ညစာ စားပြီးပြီလား.. ...."
"Nae စားပြီးပြီး Sica Unnie......."
"အသံက တစ်မျိုးကြီးဘဲ မျက်လုံးတွေကလည်း မို့လို့ မဟုတ်မှလွဲလို့ နင်ငိုထားတာလား Yoongie......."
"မငိုပါဘူး Sica Unnie......."
"မလိမ်စမ်းပါနဲ့ Yoongie ရယ် နင်နဲ့ငါ သိတာ မကြာသေးဘူးဆိုပေမယ့် ငါ နင့်ကို မြင်ရင် နင် ဘာဖြစ်နေတယ်ဆိုတာ ငါ အားလုံးသိပါတယ်...... ပြောပါ ဘာလို့ ငိုထားတာလည်း........"
"Chaw Appaကို သွားတွေ့ရင်း သတိရမလာသေးလို့ ငိုနေတာပါ.
"
"၀မ်းမနည်းပါနဲ့ မကြာခင် အန်ကယ်က သတိရလာမှာပါ အဲ့တာကြောင့် မငိုနဲ့တော့နော် ငိုရင် ရုပ်ဆိုးတယ်တဲ့ ပိုရုပ်ဆိုးသွားလိမ့်မယ် "
Sicaလည်း Yoonaကို ဖက်ပြီး နှစ်သိမ့်ရင်း စလိုက်တယ်
"Sica unnieနော် chawက ရုပ်မဆိုးပါဘူး......"
"ငါ့ထက်တော့ မချောတာ ၀န်ခံလိုက် "
"Apk စာဆက်သင်မယ် ......"
Yoona စာရှင်းပြနေစဉ် စာထက် Yoonaကိုဘဲ Sica ပို ကြည့်နေမိသည်။ Yoonaလည်း Sica သူမကို ခဏခဏ ကြည့်နေတာ သတိထားမိပြီး
"Sica unnie chaw မျက်နှာမှာ ဘာတွေ ပေနေတာလည်း ဟင်......"
"ဘာမှ မပေပါဘူး ဘာလို့လည်း......"
"Sica unnieက ခဏခဏ chawကို ကြည့်နေလို့ ဘာများ ပေနေတာလည်းလို့ မေးကြည့်တာ......"
Yoonaရဲ့ စကားကြောင့် Sicaရှက်သွားပြီး
"ဟာ..... ဒီလိုလေ စာရှင်းပြနေစဉ် ဆရာနဲ့ မျက်လုံးချင်းဆုံပြီး နားထောင်ရင် ပို ရလွယ်တယ် ပြောကြလို့......"
"ဒါဆိုလည်း chawတို့ မျက်လုံးချင်းဆုံကြမယ်လေ Chawက Sica unnieကို ကြည့်ပြီး စာရှင်းပြမယ် Sica Unnieကလည်း chawကို ကြည့်ပြီး စာနားထောင်လေ....."
"ရတယ် ရတယ် ဒီအတိုင်းဘဲ စာရှင်းပြ ....."
"ဘာလို့လည်း Unnieဘဲ မျက်လုံးချင်းဆုံပြီး စာရှင်းပြရင် ပိုပြီး ရလွယ်တယ်ဆို......"
"ရပါတယ်ဆို ဒီအတိုင်းဘဲ ရှင်းပြ....."
"ရရင်လည်း ပြီးရော...."
Yoonaကတော့ စာဆက်ရှင်းပြနေပေမယ့် Sicaကတော့
"မျက်လုံးချင်းဆုံပြီး စာရှင်းပြချင်တာလား ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား Im Yoona 💭💭💭💭"
ဒီလိုနဲ့ စာ ရှင်းပြရင်း ၈နာရီထိုးသွားလေသည်။
" သင်္ချာလည်း တော်တော်လေး ရှင်းပြပြီးပြီဆိုတော့ chaw ပြန်တော့မယ်နော် Sica unnie ၈နာရီလည်း ထိုးပြီဆိုတော့....."
"အချိန်ကုန်တာ မြန်လိုက်တာဟယ် 💭💭"
"Aww imm ငါ လိုက်ပို့ပေးမယ်လေ....."
"ရပါတယ် နေ့တိုင်းကြီး လိုက်ပို့ပေးတာကြ အားနာစရာကြီး chaw ဘာသာ Busကား စီးသွားမယ်....."
"ဒါဆိုလည်း ပြန်ရောက်ရင် ငါ့ဆီ Message ပို့လိုက်...... ပြန်ရောက်ကြောင်း ဘယ်မှလည်း မသွားနဲ့တော့နော် မိုးချုပ်နေပြီ....."
"Nae မသွားပါဘူး Message ပို့လိုက်ပါမယ်...."
"Ok yoongie....."
Sica အိမ်က Yoona ထွက်သွားတာ ငါးမိနစ်တောင် မကြာသေးဘူး သူမဖုန်းကို တစ်ချိန်လုံးကြည့်နေတယ် Yoonaဆီက Messageများ ၀င်နေမလားလို့......
Yoona အပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်တွေကို Sica သတိထားမိနေပြီလေ သူမ Yoonaကို သဘောကျနေတယ်ဆိုတာ ဒါပေမယ့် မိန်းကလေးအချင်းချင်းဆိုတဲ့ အသိက သူမနဲ့ Yoonaရဲ့ ကြားမှာ စည်းခြားနေတယ်.......
"ဟုတ်တယ် ငါတို့က မိန်းကလေး အချင်းချင်း ဖြစ်မှ မဖြစ်နိုင်တာ ပြီးတော့ ငါကသာ Yoona အပေါ် ခံစားချက်ရှိနေတာ Yoonaကတော့ ငါ့ကို ခံစားချက် ရှိချင်မှ ရှိမယ်.... သူမက Seung Gi ကို သဘောကျရင်လည်း ကျနေမှာ "
ထိုစဉ် Message ၀င်လာလို့ Sica ကြည့်လိုက်တော့ Yoonaဆီက ဖြစ်နေတော့ ပြုံးမိသွားတယ်
Yoona 💌 : Sica Unnie chaw အိမ်ပြန်ရောက်ပါပြီ
Sica 💌 : ပြန်ရောက်ရင်လည်း ပြီးရော ညမနက်စေနဲ့ စောစောအိပ်
Yoona 💌 : Nae Sica Unnie Good Night ❤
Sica 💌 : Good night Yoongie
Yoonaပို့တဲ့ စာတွေဖတ်ကြည့်ရင်း
" ရင်တွေခုန်အောင် ❤ Emojiပို့ပေးတယ် သောက်ကလေးလေး "
နောက်တနေ့ မနက် ကျောင်းကို Sicaရောက်တော့ Yoonaက အရင် ရောက်နှင့်နေပြီ
"ဒီနေ့ကျ စောတယ်နော် Yoongie..."
"Omm ဟုတ်တယ် Sica unnie..... chaw ဒီနေ့ အလုပ်မရှိလို့ အစောကြီးရောက်နေတာ......"
"မနက်လည်း အလုပ်လုပ်သေးတာလား....."
"သတင်းစာနဲ့ နွားနို့ပို့ရုံပါ Sica unnie......"
Yoonaကို ကြည့်ပြီး Sica စိတ်မကောင်းဖြစ်နေတယ်
"ငါက မနက်ဆို တော်ရုံနဲ့သာ မထတာ သူကတော့ အစောကြီးထပြီး အလုပ်လုပ်နေရရှာတယ် သနားပါတယ် 💭💭"
မကြာခင် Sooyoungတို့ ရောက်လာပြီး
"ဟဲ့ Yoona....... နင့်ကို မနေ့က Seung Giက ချောကလက်ပေးတယ်ဆို......."
"Omm ဟုတ်တယ် Sooyoung..... "
"အဲ့ ချောကလက်ကို နင် ဘာလုပ်လိုက်လည်း စားလိုက်လား Yoona....."
"ဟင် နေပါအုံး နင်ပြောမှ ငါ သတိရတယ် အဲ့ဒီ ချောကလက်ဗူးကို ငါ ဘယ်နား ထားမိမှန်း မသိဘူး Sica Unnie ကားပေါ်မှာ ကျန်ခဲ့တာ ထင်တယ်......"
"ဟုတ်တယ် ငါ့ကားပေါ် ကျန်ခဲ့တာ....."
"အာ့ဆို....."
"လွှင့်ပစ်လိုက်ပြီ......"
Sicaရဲ့ စကားကြောင့် သုံးယောက်သား ပြိုင်တူ အသံထွက်လာကြတယ်
"ဟင် ဘာလို့လည်း "
"ငါက ချောကလက်နဲ့ မတည့်ဘူး အဲ့တာကြောင့် လွှင့်ပစ်လိုက်တာ......."
Sooyoung နဲ့ Sunnyမှာ
"Aww..... ဆန်းကြယ်တာ" လို့ သာ ပြောလိုက်ကြသည်။
"ဒါဆို Yoona နင် မှတ်ထားလိုက်အုံး နင့် Unnieက ချောကလက် မကြိုက်ဘူးတဲ့နော်......"
"Apk Sooyoung......"
"တွေ့လား ငါနဲ့ စရင်ကျ Apkတို့ ဘာတို့ ဟိုကောင် အကြောင်းကို ပြောရင်ကျ ရုပ်ကဖြီးနေတာဘဲ မုန်းလိုက်တာနော် 💭"
Sicaမှာ သူ့ဘာသာသူ တစ်ယောက်တည်း Yoonaကို စိတ်ကောက်နေတယ် Yoonaကတော့ သူ့ကို Sica စိတ်ကောက်နေမှန်းတောင် မသိချေ
ထမင်း စားတော့လည်း Sooyoung ပေါကြောင်ကြောင် လုပ်နေတာကို YoonSunတို့က ရယ်နေုကြပေမယ့် Sicaကတော့ ခပ်တည်တည်ဘဲ နေနေသည်။ Sooyoungနားနားလေး Yoona ကပ်ပြီး
"Sica unnie ဘာဖြစ်နေတာလည်း သိလား ရုပ်ကလည်း တည်တည်ကြီးဖြစ်နေလို့....."မေးလိုက်သည်။
"ငါလည်း မသိဘူး Yoona....."
Sunny ထမင်းစားနေရင်း
"Yoona ငါ ခုနက သတင်းတစ်ခု ကြားခဲ့တယ်....."
"ဘာ သတင်းလည်း Sunny......'
"Seung Giက ဒီနေ့ညနေ နင့်ကို propose လုပ်မယ်တဲ့......"
"ဘာ............."
Sicaရဲ့ အသံကြောင့် Yoonaတို့ လန့်ပြီး တုန်သွားတယ် .......
" လန့်လိုက်တာ Jessicaရယ် တစ်ချိန်လုံး ငြိမ်နေပြီး အခုမှ ထအော်တယ် ဘာများ ဖြစ်တာပါလိမ့်......."
" ငါအိမ်သာ ခဏသွားလိုက်အုံးမယ်....."
Sooyoung ပြောတာကို Sica မကြားချင်ယောင်ဆောင်ပီး အိမ်သာဘက်ကို ထွက်ခဲ့တယ်
" သူမနဲ့ ပတ်သက်ပီး ငါ့ခံစားချက်တွေကို မေ့လိုက်ပါ ဒါက ခဏတာ စိတ်လှုပ်ရှားသွားတာပါ စိတ်ကစားတာပါ တကယ်ဆို ငါသူမ အပေါ် ခံစားချက် အစစ်အမှန်မရှိပါဘူး....."
အိမ်သာထဲက မှန်ကို ကြည့်ပြီး Sica တယောက်တည်း စကားပြောပြီး နှစ်သိမ့်နေတယ်
ညနေ ကျောင်းဆင်းတော့ Sica အတန်းထဲကနေ အမြန်ဆုံး ထွက်သွားတယ်
"Sica unnie..... စောင့်ပါအုံး....."
Yoonaပြောတာတောင် နားမထောင်ဘဲ Sica အတန်းထဲကနေ အမြန်ဆုံး ထွက်ပြေးသွားတယ်......
"Sica unnie......"
Yoona အနောက်ကနေ လိုက်ခေါ်နေပေမယ့်
"Yoona shii....."
Seung Gi ရဲ့ အသံကြောင့် Yoona ခြေလှမ်းတွေ ရပ်သွားတယ်. ......