Only Look At Me (Part-3) Z+U

1.6K 133 8
                                    

#Zawgyi

မနက်​ ကျွန်​မ ​ကျောင်းကို သွား​တော့ Yoonaက ​ရောက်​နှင့်​​နေပြီ.. ... ဒါ​ပေမယ့် စားပွဲခုံမှာ ​မှောက်​အိပ်​​နေတယ်​.....ကျွန်​မလည်း ညက သူအလုပ်​လုပ်​ရင်း ပင်​ပန်းလို့  ​နေမှာပါ ဆိုပြီး သူ့​ဘေးနား ငြိမ်​ငြိမ်​​လေး ထိုင်​​နေရင်း စာဖတ်​​နေလိုက်​သည်​။ ခဏကြာ​တော့ ​ကောင်​မ​လေး တ​ယောက်​ ​ရောက်​လာပြီး
"Im Yoona...... ထစမ်း....."
Yoonaလည်း အိပ်​​နေရာမှ မျက်​လုံး ဖွင့်​ကြည့်​ပြီး....
"Soo Rin.... ဘာကိစ္စလည်း.. .."
"ငါ... စာမပြီး​သေးလို့ ​​ရေး​ပေး....."
"ဟမ်​..... ဒီ​နေ့​တော့ သိပ်​​နေမ​ကောင်းလို့ မ​ရေး​ပေးနိုင်​ဘူး....."
"​ရော့..... ဒီမှာ နင်​သိပ်​ကြိုက်​တဲ့ ပိုက်​ဆံ.. .... ပိုက်​ဆံအနံ့​လေး ရှူ လိုက်​ရင်​ နင်​ ​ချက်ချင်း ​​နေ​ကောင်းသွားမယ်​ဆိုတာ ​​ငါ အာမခံရဲတယ်​......"
Yoonaလည်း Soo Rinကို ပိုက်​ဆံပြန်​​ပေးပြီး ..
"ဒီ​နေ့ ငါမ​ရေး​ပေးနိုင်​လို့ပါ...."
"ဘာလဲ ငါ​ပေးတာ နည်းလို့လား ဘာလို့ ​နေမ​ကောင်းဘူး​တွေ ဘာ​တွေ ​ပြော​နေတာလည်း နင်​​ပြော​တော့ ​ပိုက်​ဆံ​ပေးရင်​ ဘာမဆို ဖြစ်​​အောင်​ လုပ်​​ပေးမယ်​ဆို.....😏😏😏😏"
Yoonaက​ Soo Rinကို ဘာမှ ပြန်​မ​ပြောဘဲ ​မှောက်​အိပ်​​တော့ Soo Rin ​ဒေါသထွက်​​ပြီး Yoonaကို ​ပြောဆို​နေတာ ကျွန်​မ နား​ထောင်​ပြီး စိတ်​တိုလာတာနဲ့
"Soo Rin..... နင်​က လူမဟုတ်​လား နင့်​မိဘက​တော့ လူ နာမည်​မှည့်​​ပေးထားတာဘဲ..... သူက ​နေမ​ကောင်းဘူး ​ပြောတာကို နင်​ နားမလည်​ဘူးလား နင့်​ကိုနင်​ ချမ်းသာတယ်​ဆိုပြီး ပိုက်​ဆံကို ပါးစပ်​က မချဘူး ​​ပြော​နေတာများ😂 ​နေပါအုံး အဲ့ပိုက်​ဆံ​တွေက နင်​ရှာတာလား နင့်​မိဘ​တွေ ရှာတာလား......"
"နင်​က ဘယ်​သူလဲ.. ...ဘာလည်း...."
"ငါ ဘယ်​သူလဲ ဘာလည်းဆိုတာ နင်​သိစရာမလိုဘူး.. .. အိမ်​စာ​မပြီး​သေးရင်​ ကိုယ့်​ဘာသာကိုယ်​ လုပ်​​ပေါ့ ကိုယ်​မလုပ်​လို့ အိမ်​စာမပြီး​သေးရင်​ ဆရာမ ဒဏ်​​ပေးတာ ခံ​လေ....."
"ဆရာ ၀င်​လုပ်​မ​နေနဲ့...."
ကျွန်​မနဲ့ Soo Rinဆိုတဲ့ ​ကောင်​မ​လေး  စကားများကြရင်း Sunnyတို့ ​ရောက်​လာ​တော့ Soo Rinဆိုတဲ့ တ​ယောက်​ ထွက်​သွားတယ်​.....
"ဘာ​တွေ ဖြစ်​​နေတာလည်း... Sica...."
ကျွန်​မလည်း  အ​ကြောင်းစုံကို ရှင်းပြလိုက်​​တော့ Sooyoung သက်​ပြင်းတစ်​ချက်​ ချလိုက်​ပြီး
"ချမ်းသာတဲ့ သူ​တွေက အမြဲ ​ပိုက်​ဆံကို အ​ကြောင်းပြပြီး အနိုင်​ကျင့်​​နေကြမြဲ ​တော်​​သေးတာ​ပေါ့ နင်​ရှိ​နေလို့ အဲ့တာ​ကြောင့်​ ငါ​ပြောပါတယ်​ Yoongရယ်​ ညနက်​ထိ အလုပ်​မလုပ်​ပါနဲ့လို့ ခု​တော့ ပင်​ပန်း​နေပြီ မဟုတ်​လား......"
Sooyoung​ပြောတာ​တွေကို မတုံ့ပြန်​ဘဲ Yoonaတ​ယောက်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည်​။ Sunnyလည်း Sooyoungလက်​ကို တို့ပြီး
"သူ ခဏအိပ်​ပါ​စေ Sooyoung....."
Sunnyနဲ့ Sooyoungတို့ ​ရှေ့ကို လှည့်​သွား​တော့ ကျွန်​မ Yoona အိပ်​​နေတာကို ထိုင်​ ကြည့်​မိ​နေသည်​။ သူမ ပန်းနု​ရောင် ​​​နှုတ်​ခမ်း​လေးက အရင်​နဲ့ မတူဘူး ဖြူပြီး အ​ရောင်​​လျော့​နေတယ်
....​ချွေး​တွေလည်း ပြန်​လို့ မဟုတ်​မှလွဲလို့ သူ ဖျား​နေတာများလား....."
Yoonaရဲ့ နဖူးကို ကျွန်​မ စမ်းကြည့်​မလို့ ဟန်​ပြင်​တုံး ဆရာမ ၀င်​လာလို့ နှုတ်​ဆက်​လိုက်​ရသည်​။ ဆရာမ စာအုပ်​လှန်​ရင်း
"Jessica ..... မင်း​ဘေးနားမှာ အိပ်​​နေတဲ့ တ​ယောက်​ကို နှိုးလိုက်​ပါအုံး......"
ဆရာမရဲ့ စကား​ကြောင့်​ ကျွန်​မလည်း Yoonaကို ပုတ်​ပြီး နှိုးလိုက်​သည်​။
"Yoona........Yoona....ထ​တော့ ဆရာမ ​ရောက်​​နေပြီ....."
ကျွန်​မ နှိုး​လိုက်​လို့ Yoonaနိုးလာပြီး စာသင်​တာ လိုက်​ကြည့်​​နေ​ပေမယ့်​....သူမကို ကြည့်​ရတာ အဆင်​​ပြေပုံ​တော့ မ​ပေါ်ဘူး နှုတ်​ခမ်း​တွေက ဖြူ​လျော့​နေပြီး သူ့တစ်​ကိုယ်​လုံး ​ချွေး​တွေ ချွဲနစ်​​နေတာကြည့်​ပြီး ကျွန်​မ သူ့ကို တိုးတိုး​လေး ကပ်​​မေးလိုက်​သည်​။
"Yoona.... နင်​အဆင်​​ပြေရဲ့လား......"
သူမ အဆင်​​ပြေပါတယ်​ဆိုပြီး လက်​မ ​ထောင်​ပြ​ပေမယ့်​ သူမ အဆင်​မ​ပြေဘူးဆိုတာ ကျွန်​မသိ​နေတယ်​.....ကျွန်​မ Yoonaကို ခဏခဏ ကြည့်​​နေလို့ ဆရာမက​တောင်​ သတိ​ပေး​နေပြီ
"Jessica..... စာထဲကို အာရုံစိုက်​ပါ......"
ကျွန်​မလည်း စာကို အာရုံစိုက်​ကြည့်​​နေစဉ်​ ဒုန်းဆိုတဲ့ အသံ​ကြောင့်​ ဆရာမ​ရော တစ်​တန်းလုံးက လူ​တွေအားလုံး လန့်​သွားတယ်​..... အသံလာရာက​တော့ ကျွန်​မရဲ့ ​ဘေးနားက Yoonaဆီက ဖြစ်​​နေ​တော့ ကျွန်​မ စိုးရိမ်​တကြီး Yoonaကို လှမ်းကြည့်​လိုက်​တယ်​......
စား​ရေးခုံ​ပေါ် ​မှောက်​ကျ​နေတဲ့ Yoona..... ကျွန်​မလည်း စိုးရိမ်​ပြီး Yoonaကို ဆွဲထူလိုက်​​တော့ နဖူးမှာ ဘုထွက်​​နေတယ်​..... သူ့နဖူးကို စမ်းကြည့်​​တော့ ပူခြစ်​​​​နေတာဘဲ..... ကျွန်​မလည်း ဆရာမကို အကျိုးအ​ကြောင်း​ပြောပြပြီး Yoonaကို ​ကုန်းပိုးပြီး ​ကျောင်း​ဆေးခန်းရှိရာကို အမြန်​​ပြေးသွားလိုက်​သည်​။ ​ကျောင်း​ဆေးခန်း​ရောက်​​တော့ ဆရာဝန်​မက ​ဆေးသွင်း​ပေးပြီး
"လူနာက ​အားနည်း​နေချိန်​မှာ အလုပ်​​တွေ အရမ်းလုပ်​လို့ ​သွေးအား​တွေကျပြီး ဖျားသွားတာ စိတ်​မပူပါနဲ့  အား​ဆေးသွင်း​ပေးထားပါတယ်​......"
"​ကျေးဇူးတင်​ပါတယ်​ Doctor.. ......"
Doctorက ကျွန်​မကို စိတ်​မပူဖို့​ပြောပြီး အတန်းထဲ ပြန်​ခိုင်း​ပေမယ့်​ ကျွန်​မ မပြန်​နိုင်​ဘဲ Yoona​ဘေးနားမှာဘဲ ထိုင်​​နေတယ်​.....Yoonaက​ ကျွန်​မကို စာ​တွေ လွတ်​သွားမှာဆိုးလို့ ဇွတ်​အတင်း ပြန်​ခိုင်းတာနဲ့ဘဲ ကျွန်​မလည်း အတန်းထဲကို ပြန်​လာလိုက်​သည်​။ ကျွန်​မ အတန်းထဲကို ​ရောက်​​တော့ စာသင်​ချိန်​ တစ်​ချိန်​ပြီးသွားပြီ..... အတန်းထဲကို ​နောက်​တချိန်​ သင်​မယ့်​ ဆရာမလာခင်​ Sooyoungတို့ Yoonaအဆင်​​ပြေလားဆိုပြီး ၀ိုင်း​မေး​နေကြလို့ ​အား​ဆေးသွင်းထား​ကြောင်း ​ပြန်​​ဖြေလိုက်​သည်​။ စာသာသင်​​နေ​ပေမယ့်​ ကျွန်​မစိတ်​က Yoonaဆီကို ​ရောက်​​နေတယ်​..... ကျွန်​မကို ကျွန်​မလည်း အရမ်းအံ့သြ​နေမိတယ်​... ဘာလို့ ကိုယ်​နဲ့မသက်​ဆိုင်​တဲ့ သူကို ဒီ​လောက်​ထိ စိတ်​ပူ​နေရတာလည်းဆိုပြီး....ပြီး​တော့ ကျွန်​မ စိတ်​ပူ​နေတဲ့သူက မိန်းက​လေးတ​ယောက်​ဖြစ်​​နေတယ်​​လေ...  ​မုန့်စားဆင်းချိန်​မှာ ကျွန်​မ မုန့်​ဆိုင်​ကို​တောင်​ မသွားနိုင်​ဘဲ Yoonaဆီကို ​ပြေးသွားလိုက်​တယ်​..... Yoonaက​တော့ အိပ်​​ပျော်​​နေ​လေရဲ့......ကျွန်​မလည်း သူမအတွက်​ မုန့်​သွားဝယ်​ဖို့ ​ထ​တော့ ကျွန်​မရဲ့ လက်​ကို သူဆွဲပြီး
"မသွားပါနဲ့.. ......... "
"Yoona အတွက်​ မုန့်​သွားဝယ်​မလို့ပါ...."
"ခဏ​လောက်​ Chaw​ဘေးနား ​နေ​ပေးပါ့လား"
Yoonaရဲ့ စကား​ကြောင့်​ ကျွန်​မ ရင်​ထဲ အမည်​​ဖော်​ပြလို့မရတဲ့ ခံစားချက်​ တစ်​မျိုးဖြစ်​​ပေါ်လာတယ်​......ကျွန်​မ ထိုင်​လိုက်​​တော့မှ ကျွန်​မကိုဆွဲထားတဲ့ သူ့ရဲ့ လက်​ကို လွှတ်​လိုက်​တယ်​....... ကျွန်​မကို အနားမှာ ​နေခိုင်း​ပေမယ့်​ သူမ ဘာတစ်​ခွန်းမှ မ​ပြောဘဲ လှဲအိပ်​​နေတယ်​..... ကျွန်​မတို့ရဲ့ တိတ်​​ဆိတ်​မှုကို ဖြိုခွဲလိုက်​သူက Sooyoungတို့ လက်​တစ်​ဖက်​က ​ပေါင်​မုန့်​​တွေ တဖက်​က နွားနို့ဘူးကြီး ကိုင်​ပြီး Yoonaဆီ ​လျှောက်​လာတယ်​..... Yoonကို မုန့်​​ကျွေး ​ဆေးတိုက်​ပြီး​နောက်​...  
"Yoong.... နင်​ ညပိုင်း clubမှာ မလုပ်​နဲ့​တော့ "
"မလုပ်​လို့ မရဘူး​လေ. အဲ့မှာက ပိုက်​ဆံပိုရတယ်​ဟ....."
"ပိုက်​ဆံပိုရတာ အ​ရေးမကြီးဘူး ည​တွေနက်​ အိပ်​​ရေး​တွေပျက်​ပြီး ခု နင်​မူးလဲ​နေပြီ​ မဟုတ်​လား....."
"ဒါ​ပေမယ့်​ ငါအဲ့က ထွက်​လိုက်​ရင်​ ငါ့အ​ဖေရဲ့​ဆေးရုံစရိတ်​ကိုကျ ဘယ်​လိုလုပ်​မလည်း.. ...."
"ငါ​ပေးမယ်​​လေ....."
ကျွန်​မရဲ့ စကား​ကြောင့်​ Sooyoung,Sunny,Yoonaတို့ သုံး​ယောက်​ ကျွန်​မကို ၀ိုင်းကြည့်​ကြသည်​။ ထိုအခါမှ ကျွန်​မလည်း
"​သေစမ်း ငါဘာ​တွေ ​ပြော​နေတာလည်း💭💭💭"
"ခုန ဘာ​ပြောလိုက်​တာလည်းဟင်​....."
"ဟို​လေ..... ဟို.... ဒီလိုပါ.... ငါက ​ကျောင်းတစ်​လ လွတ်​ထားတာ​လေ အဲ့တာ လွတ်​တဲ့စာ​တွေကို နင်​က ပြန်​သင်​​ပေး..... guide အ​နေနဲ့​ပေါ့ ငါနင့်​ကို လခ​ပေးပါမယ်​......"
ကျွန်​မစကားကို Sunnyတို့လည်း ​ထောက်​ခံကြသည်​။
"ဟုတ်​သားဘဲ သူ့အိမ်​မှာ သူမမှီတဲ့စာ​တွေကို Guideလုပ်​​ပေလိုက်​​ပေါ့...... clubမှာထက်​ Jessicaကို စာသင်​တာ ပိုအဆင်​​ပြေပါတယ်​......"
အားလုံးက ၀ိုင်း​ပြောကြလို့ Yoonaလည်း တချက်​စဉ်းစားပြီး
"Ommပါ Chawလက်​ခံပါတယ်​....."
Yoonaက လက်​ခံတယ်​​ပြောလို့ ကျွန်​မအရမ်း​ပျော်မိသွားတယ်​...မဟုတ်​​တော့ဘူး ကျွန်​မ စိတ်​​တွေ အရင်​လို မဟုတ်​တာ ​သေချာတယ်​......ည​နေ​ကျောင်းဆင်း​တော့ Yoonaက အိမ်​လိုက်​သင်​​ပေးမယ်​ ​ပြော​နေ​ပေမယ့်​ ​နေမ​ကောင်း​နေတာ ဒီ​နေ့ တရက်​​လောက်​ နားလိုက်​ပါ​ပြောပြီး ပြန်​လွှတ်​လိုက်​ရတယ်​..... အိမ်​ပြန်​​ရောက်​​တော့ Omarတို့ကို ကျွန်​မ အ​ကြောင်းစုံရှင်းပြ​တော့
Omarတို့ အံ့သြ​နေကြတယ်​.....ဒါ​ပေမယ့် ပညာ​ရေးနဲ့ ပတ်​သက်​တဲ့အတွက်​ဆိုပြီး လက်​ခံလိုက်​ကြသည်​။
Yoona prov :
ကျွန်​မ ဒီ​နေ့ အရမ်းကို ပင်​ပန်း​နေတယ်​ မ​နေ့က ကျွန်​မ အိမ်​ပြန်​တာ ​တော်​​တော်​​နောက်​ကျတယ်​....club မှာ ကျွန်​မနဲ့ အတူ အလုပ်​လုပ်​တဲ့ တ​ယောက်​က မလာလို့ လူရှုပ်​​နေတာနဲ့ ကျွန်​မ အချိန်​ပို ဆင်း​ပေး​နေရတယ်​.....ကျွန်​မ အိမ်​ကို ပြန်​​ရောက်​​တော့ မနက်​ ၁နာရီထိုး​နေပြီ.... ပစ်​လှဲပီး အိပ်​ပစ်​လိုက်​ချင်​​ပေမယ့်​ ကျွန်​မကိုယ်​က ​ချွေးနံ့​ရော အနံ့​ပေါင်းစုံ ရ​နေ​တော့ မ​နေနိုင်​တာနဲ့ ​ရေချိုးမိလိုက်​တယ်​​လေ အဲ့တာ​ကြောင့်​ အခု ဖျား​နေတာနဲ့ တူတယ်​.....ကျွန်​မ မ​နေနိုင်​တာနဲ့ ခုံ​ပေါ်မှာ ​မှောက်​အိပ်​မိလိုက်​တယ်​......ပြီး​တော့ Soo Rin ကျွန်​မကို ပြဿ      နာလာရှာတယ်​.....ကျွန်​မ အနိုင်​ကျင့်​ခံရတိုင်း အရင်​က ကျွန်​မဘက်​က ကာကွယ်​​ပေးမယ့်​သူ မရှိခဲ့ဘူး Sooyoung တို့လား..... သူတို့ ရှိရင်​​တော့ လာအနိုင်​မကျင့်​ရဲကြပါဘူး​...... ကျွန်​မ ဘာ​ကြောင့်​ ပိုက်​ဆံလိုတယ်​ဆိုတာ သူတို့ ​သေချာမသိဘဲ ကျွန်​မကို ​ငွေမက်​တဲ့သူလို့ အမြဲ​လှောင်​​ပြောင်​ပြီး အနိုင်​ကျင့်​ကြတယ်​....တရက်​​တော့ Jessica Jungဆိုတဲ့ သူမ​ရောက်​လာတယ်​..... အစက​တော့ ကျွန်​မလည်း ကျွန်​မကို အနိုင်​ကျင့်​မယ့်​ လူချမ်းသာတ​ယောက်​တိုးလာပြီဆိုပြီး ထင်​ခဲ့မိတယ်​.... ကျွန်​မ အထင်​နဲ့ အမြင်​ လွဲသွားပြီ​လေ.... သူမက ကျွန်​မကို အနိုင်​မကျင့်​တဲ့ အပြင်​ ကျွန်​မဘက်​က​တောင်​ လိုက်​​ပြော​ပေး​သေးတယ်​..... အခုလည်း ကျွန်​မမူးလဲ​တော့ ကျွန်​မကို ကုန်းပိုးပြီး ​ဆေးခန်းကို ​ပြေးသွားတယ်​​လေ....သူမရဲ့ အပြုအမူ​ကြောင့်​ ကျွန်​မအရမ်း​ပျော်မိသွားတယ်​ အမှန်​တိုင်း​ပြောရရင်​ ကျွန်​မရဲ့ Omarလည်း ဆုံးသွားပြီ Appaကလည်း ​ဆေးရုံမှာ....ဆို​တော့ ကျွန်​မကို ကာကွယ်​​ပေးမယ့်​သူ မရှိ​တော့ဘူး ကျွန်​မကို ဂရုစိုက်​​ပေးမယ့်​သူ မရှိ​တော့ဘူး ကိုယ့်​အားကိုယ်​ကိုးပြီး ကိုယ့်​အတွက်​တင်​သာမက ကိုယ့်​Appa အတွက်​ပါ ကြိုးစား ရှာ​ဖွေ​နေချိန်​ အနိုင်​ကျင့်​ခံရ​လည်း ကြိတ်​မှိတ်​သီးခံချိန်​ သူမ​ပေါ်လာပြီး ကျွန်မကို ကာကွယ်ေ​​​ပးတော့ သူမကို ကျွန်​မမသိစိတ်​က ခင်​တွယ်​မိသွားတယ်​ ထင်​ပါတယ်​..... ကျွန်​မရဲ့ အနားက​နေ သူမထွက်​သွားမှာဆိုးလို့ ဆွဲထားမိ​သေးတယ်​​လေ.....

Only Look At MeWhere stories live. Discover now