Only Look At Me (Part-6) Z+U

1.5K 138 18
                                    

#Zawgyi

Yoonaလည်း Sica ​ခေါ်ရာ​နောက်​ကို ​အူ​ကြောင်​​ကြောင်​​လေးနဲ့ ပါလာသည်​။ ကား​ပေါ်တွင်
"Sica unnie...... ဘယ်​သွားမလို့လဲ.. ...."
"Aww..... ငါဗိုက်​ဆာလို့ မုန့်​သွားစားမလို့......"
"ညစာ မစားရ​သေးဘူးလား...."
"စားပြီးပြီ အခု ထပ်​ဆာလာလို့....."
"Aww...Chaw ကို ဘာလို့ ​ခေါ်လာတာလည်း......"
" အိမ်​မှာ နင်​တ​ယောက်​တည်း ဖြစ်​​နေမှာမို့လို့ ​ခေါ်လာတာ......"
ဆိုင်တစ်ဆိုင် ​​​ရောက်​​တော့ Sicaလည်း ကား​ပေါ်ကဆင်းပီး ဆိုင်​ထဲကို ၀င်​သွားတယ်​..... Yoonaကလည်း အ​နောက်​က​နေ လိုက်​လာတယ်​.... ထိုင်​ခုံမှာ ထိုင်​လိုက်​ပြီး
"အ​ဒေါ်ကြီး ထမင်းနဲ့ သုံးထပ်​သားကင်​​လေး ချ​ပေးပါ......."
"Unnie ​ပြော​တော့ မုန့်​စားမှာဆို....."
"ဟမ်​.... ငါ သုံးထပ်​သား စားချင်​လာလို့....."
"Aww....."
သုံးထပ်​သား ​ရောက်​လာ​တော့ Sica မီးဖို​ပေါ်တင်​ပြီး ကင်​လိုက်​သည်​။ အသားကင်​ အနံ့က Yoonaရဲ့ နှာ​ခေါင်းထဲ တိုးဝင်​လာ​တော့ Yoonaတစ်​​ယောက်​ ဂလုဆိုပြီး တံ​တွေးမျိုချမိသည်​။
Sicaလည်း ကျက်​​နေတဲ့ အသားကင်​ကို ယူပြီး ထမင်းရယ်​ ဆလပ်​ရွက်​နဲ့ ထုပ်​ကာ Yoonaကို ခွံ့​​ကျွေး​လေသည်​။
"Arr......"
Sicaရဲ့ အပြုအမူ​ကြောင့်​ Yoona အံ့သြ​နေ​လေသည်​။
"Yrrrr....... ပါးစပ်​မြန်​မြန်​ဟ​လေ ငါဒီမှာ လက်​​ညောင်း​နေပြီ....."
Yoonaလည်း ပါးစပ်​ဟ လိုက်​​ရော Yoona ပါးစပ်​ထဲ ဆလပ်​ရွက်​ထုပ်​ ထည့်​​ပေးလိုက်​သည်​။
Sica ခွံ့​ကျွေးတဲ့ ဆလပ်​ရွက်​နဲ့ အသားကို Yoona အားရပါးရ စား​လေသည်​။
အသားကင်​​တွေ ကျက်​တိုင်း Yoona ဆလပ်​ရွက်​နဲ့ ထုပ်​ပြီး အားရပါးရ စား​နေတာကို ကြည့်​ရင်း Sica တ​ယောက်​ ​ကျေ​နပ်​​လေသည်​။
"အ​ဒေါ်ကြီး သုံးထပ်​သား ​နောက်​တစ်​ပွဲ ချပေးပါ........"
သုံးထပ်​သား တစ်​ပွဲကို Sica စားတာ နည်းနည်း Yoona​ကြောင့်​ သာကုန်​သွား​လေသည်​။ ​နောက်​ တစ်​ပွဲကို​လည်း Yoona အားရပါးရ စား​လေသည်​။
"Yoongie........ ညစာကို အချိန်​မှန်​စား​နော်​.. ....အလုပ်​​တွေချည်း နင်းကန်​မလုပ်​နဲ့ ကျန်းမာ​ရေး ထိခိုက်​လိမ့်​မယ်​......."
"Nae Sica Unnie......"
"အကယ်​၍ ညစာမစားရ​သေးတဲ့ ​နေ့ဆို ငါ့ကို​ပြော ငါ အ​ဒေါ်ကြီးကို ညစာ ပြင်ခိုင်းထားမယ်​ ....."
"Nae.... ရပါတယ်​ Sica unnie......"
စား​သောက်​ဆိုင်​က​နေ Sicaတို့ အိမ်​ကို ပြန်​လာကြတယ်​.. ... ထို့​နောက်​ Sicaရဲ့ အခန်းထဲတွင်​ စာသင်​​နေ​ကြသည်​။
"f(x)ဆိုတာ ဘာလည်းသိလား....."
Sicaလည်း Yoona ​မေးခွန်းကို အလျှင်​အမြန်​ ​ဖြေလိုက်​သည်​။
"Hot Summer.... Ah hot hot summer.. .. ​member ငါး​ယောက်​ပါတယ်​​လေ..... Victoria က ​ခေါင်း​ဆောင်​ Luna, Amber, Sulli, Krystal....."
Yoonaလည်း Sicaရဲ့ စကား​ကြောင့်​ အူ​ကြောင်​​ကြောင်​ ဖြစ်​​နေ​လေသည်​။
"အာ.... chaw ​မေးတာက K pop အဆို​တော်​မဟုတ်​ဘူး​လေ သင်္ချာ Function ကို ​မေးတာ......"
"Aww.....ဒါမယ့်​​လေ နင်​သိလား Yoongie..... f(x)က Krystal က ငါ့ညီမဆိုတာ......"
Sicaရဲ့ စကား​ကြောင့်​ Yoona ​ပျော်​သွားပြီး
" တကယ်​လား "
Krystalဆိုတာနဲ့ အမူအရာ​ပြောင်းလဲသွားတဲ့ Yoonaကို ကြည့်​ပြီး Sicaရင်​ထဲ တမျိုးဖြစ်​သွားတယ်​...
"အင်း ဟုတ်​တယ်​.... ငါ့ညီမ....."
"Omo ​ပျော်​လိုက်​တာ chawက​လေ Krystal ရဲ့ biggest fan   သူ့ကို အ​သေရရ အရှင်​ရရ အရမ်း ကြိုက်​တာ ပြီး​တော့​လေ တစ်​ချို့က ​ပြောကြတယ်​ Krystalက chawနဲ့ အရမ်းတူတာဘဲတဲ့ "
Sicaတ​ယောက်​ မျက်​နှာကြီး ရှုံ့မဲ့ပြီး
" ဘယ်​​နေရာ တူတာလည်း မတူပါဘူး တစ်​ခြားစီ ငါ့ညီမကမှ ​​ချော​သေးတယ်​....."
"Apk ..... ဒါနဲ့ unnieက ဘာလို့ အဆို​တော်​ မလုပ်​တာလည်း....."
"ငါ့ကို လူ​တွေ အာရုံစိုက်​မှာ မကြိုက်​ဘူး...."
"Aww.... ဒါနဲ့ sica unnie....."
"ဘာလည်း....."
"Chawကို​လေ တစ်​ခု​လောက်​ ကူညီ​ပေးပါ့လား......"
"ဘာကိုလည်း....."
"Krystal​လေးရဲ့ Fan sign​လေး "
"တိတ်​စမ်း..... စာသင်​ချိန်​မှာ စာမသင်​ဘဲ ဘာ​တွေ​ပြော​နေတာလည်း......"
"လန့်​လိုက်​တာ unnieရယ်​  သူဘဲ အရင်​လာ​ပြောပြီး....."
"တိတ်​ဆိုတိတ်​..... အခုစာသင်​မယ်​....."
Yoonaလည်း Sica လွတ်​သွားတဲ့ စာ​တွေကို ဂရုတစိုက်​နဲ့ ​သေချာ ရှင်းပြ​နေတယ်​.....
Sicaက​တော့ Yoona ရှင်းပြတဲ့ စာထက်​ Yoonaကိုဘဲ ခိုးခိုးကြည့်​​နေတယ်​......
Yoona စာရှင်းပြပြီး Sicaကို အကြည့်​ မျက်​လုံးချင်းဆုံသွားလို့ နှစ်​​ယောက်​သား ရှက်​ပြီး အကြည့်​​တောင်​ လွှဲလိုက်​ကြ​သေး.....
စာသင်​ပြီး တစ်​နာရီခွဲ​လောက်​ကြာ​တော့ Sica တ​ယောက်​ ကုတင်​​ပေါ်ကို ပစ်​လှဲလိုက်​ပီး
"​ညောင်းတယ်​ ​တော်​ပြီ ဒီ​နေ့​တော့ ဒီ​လောက်​ဘဲ......."
"ဒီတစ်​ပုဒ်​ သင်​အုံးမယ်​​လေ..... ပြီး​တော့ စာသင်​တာ နှစ်​နာရီ​တောင်​ မပြည့်​​သေးဘူး....."
"ထားလိုက်​ပါ နင်​ အိမ်​ပြန်​​တော့ ​နောက်​ကျ​နေပြီ ကိုးနာရီထိုး​​တော့မယ်​....."
"ရပါတယ်​..... မပြန်​​သေးဘူး ဒီတစ်​ပုဒ်​ သင်​ပြီးမှ......."
"အဲ့တာဆို ငါ့ကို ဆွဲထူ......"
ကုတင်​​ပေါ်မှာ လက်​ကြီးဆန့်​ပြီး Yoonaကို ဆွဲထူခိုင်းသည်​။ Yoona လည်း ​ခေါင်း​လေး ခါပြီး Sicaကို ဆွဲထူ​တော့ Sica မထဘဲ ​ပေ​တေ​နေရင်း Yoona တ​ယောက်​ ဘယ်​လိုက​နေ ဘယ်​လိုဖြစ်​သွားတယ်​​တော့ မသိဘူး Sicaရင်​ဘတ်​​ပေါ် ပြုတ်​ကျလာတယ်​..... Sicaနဲ့ Yoona မျက်​နှာဟာ အရမ်း နီးကပ်​​နေပြီ Yoona နှုတ်​ခမ်းစူလိုက်​ရင်​ Sica နှုတ်​ခမ်းနဲ့ ထိမိမလို​တောင်​ ဖြစ်​​နေပြီ...... တ​ယောက်​ မျက်​၀န်း တ​ယောက်​ကြည့်​ရင်း Sica တ​ယောက်​ Yoona ကို တွန်းချလိုက်​သည်​။ ကုတင်​​ပေါ်က​နေ Yoona တ​ယောက်​ ပြုတ်​ကျသွား​လေသည်​။
"အား....."
"အ​ဆင်​​ပြေရဲ့လား Yoongie... sorry ငါလန့်​သွားလို့ "
Yoonaလည်း သူ့တင်​ပါးကို ပွတ်​ရင်း
"ရ....ရပါတယ်​.....ကျွတ်​ ကျွတ်​ ကျွတ်​....."
"အရမ်းကြီး နာ​နေတဲ့ပုံဘဲ ငါ ​ဆေးလိမ်း​ပေးရမလား......"
Sicaရဲ့ စကား​ကြောင့်​ Yoona မျက်​လုံးကြီး ပြူးပြီး လက်​ကာ ပြရင်း
"ရတယ်​ ရတယ်​ မလိမ်း​ပေးပါနဲ့ Sica unnie..... chaw ဘာသာ အိမ်​​​ရောက်​မှ လိမ်းလိုက်​ပါမယ်​....."
"ဖြစ်​လို့လားဟယ်​...."
"ဖြစ်​ ဖြစ်​ပါတယ်​......"
"ကဲပါ စာဆက်​မသင်​နဲ့​တော့ ပြန်​​တော့ မနက်​ဖြန်​မှ အချိန်​ပို​သင်​​ပေး ခု​တော့ နားလိုက်​​တော့ ဟုတ်​ပြီလား......"
"Nae Nae ဒါဆို chaw သွားလိုက်​ပါအုံးမယ်​......"
"Wait..... ​နေအုံး ငါပြန်​လိုက်​ပို့​ပေးမယ်​......"
"ရှင်​......"
"​မှောင်​လည်း ​မှောင်​​နေပြီ နင်​ကလည်း တင်​ပါး မ​ကောင်း​တော့ ငါလိုက်​ပို့​ပေးမယ်​လို့...."
"ရပါတယ်​.... chaw ဘာသာ busကား စီးပြီး ပြန်​မယ်​......"
"ငါလိုက်​ပို့​ပေးပါမယ်​ဆို ဘာဖြစ်​​နေတာလည်း........ "
"Chawကို လိုက်​ပို့​ပေးပြီး အပြန်​ကျ Sica unnie တ​ယောက်​တည်း ပြန်​သွားမှာကို စိတ်​ပူလို့......"
" ဒါဆို ငါ့အိမ်​မှာ အိပ်​ပါ့လား ဒီကုတင်​​ပေါ်မှာ​လေ......"
" အာညီး အာညီး "
"အဲ့တာဆို ငါပြန်​လိုက်​ပို့​ပေးမယ်​ ငါက ကားနဲ့ ပြန်​တာ ဘာမှ မဖြစ်​ဘူး လာ......"
Sicaတို့ အိမ်​​အောက်​ကို ဆင်းလာ​တော့
"စာသင်​ပြီးသွားပြီ​ပေါ့.... "
"Nae Omar..... chaw​လေ သူ့ကို ပြန်​လိုက်​ပို့​ပေးလိုက်​အုံးမယ်​​နော်​ အိမ်​က​ဝေး​တော့ကျ...."
"အင်းပါ ​နောက်​မကျ​စေနဲ့​နော်​....."
"Nae Omar......"
"အန်​တီ chaw ပြန်​လိုက်​ပါအုံး​မယ်​ အန်​ကယ်​ကိုလည်း နှုတ်​ဆက်​တယ်​လို့ ​ပြော​ပေးပါ​နော်......"
"ဟုတ်​ပါပီ ​ပြော​ပေးပါမယ်​ Yoona..."
Yoonaကို ပြန်​လိုက်​ပို့​ပေးတဲ့ တစ်​လမ်းလုံး နှစ်​​ယောက်​သား စကား​တွေ တိတ်​ဆိတ်​​နေတယ်​....... Yoonaကလည်း Jessica ကို ခိုးခိုးကြည့်​ပြီး sicaရဲ့ နှုတ်​ခမ်း​တွေကို မြင်​ရင်​ အကြည့်​​တွေ လွှဲပြစ်​​နေသည်​။ Sicaကလည်း ကား​မောင်းရင်း ခုနက အဖြစ်​အပျက်​ကိုသာ မြင်​​ယောင်​​နေလို့ စိတ်​ကို ထိန်းပြီး ​သေချာ ​မောင်း​နေသည်​။ Yoonaကို ပြန်​ပို့​ပေးပြီး Sica အိမ်​ကို ပြန်​လာတယ်​..... ကုတင်​​ပေါ်မှာ လှဲ​နေရင်း ခုနအဖြစ်​အပျက်​ကို မြင်​​ယောင်​မိပြီး
"အား...... ငါ ဘာ​တွေ မြင်​​ယောင်​မိ​နေတာလည်း စိတ်​ထိန်းစမ်း Jessica......"
တဖက်​က Im Yoonaကလည်း Jessicaလိုဘဲ မြင်​​ယောင်​မိ​နေတယ်​....

Only Look At MeTahanan ng mga kuwento. Tumuklas ngayon