Yoona ကျောင်းကို ရောက်တော့ Sicaက အတန်းထဲမှာ ရောက်နေပြီ.....Yoonaလည်း သူ့နေရာသူ ၀င်ထိုင်ပြီး Sicaကို နှုတ်ဆက်လိုက်သည်။
"Good morning Sica unnie....."
Sicaကတော့ ရုပ်တည်နဲ့
"Morning Yoongie......"
Yoonaကို Morning ပြောပြီး Sica တယောက် အလုပ်ရှုပ် ဟန်ဆောင်နေလိုက်တယ်.....ခဏကြာတော့
"မနက်စာ စားခဲ့လား Yoongie...."
"Omm စားခဲ့တယ် Sica unnie...... Gomawo...."
"တမျိုးမထင်နဲ့.....မနေ့ကလို မူးလဲသွားမှာ စိုးလို့ မေးတာ....."
"Chawကို စိုးရိမ်နေတာလား....."
"ဘယ်သူက စိုးရိမ်တယ်ပြောလို့လည်း........"
"Unnieရဲ့ စကားထဲမှာ စိုးလို့ဆိုပြီး ပါတယ်လေ😜😜"
"Mola..... မနေ့က လွတ်သွားတဲ့ စာတွေ ပြန်မကူးဘဲ ဘာတွေ လာမေးနေတာလည်း.....😕"
"ဟီး အခုကူးမလို့ပါ..... Unnie စာအုပ် ငှါးပေး....."
Yoonaလည်း သူ မူးလဲတုံးက လွတ်သွားတဲ့ စာတွေ ကူးရင်း မသိတာ နားမလည်တာတွေ ရှိရင် Sicaကို မေးတယ်...... Sicaကလည်း သေချာ ရှင်းပြတယ်.......SooSunတို့ကတော့ သူတို့ နှစ်ယောက်ကို ကြည့်ပြီး အတင်းတုပ်နေတယ်...
"Sicaက Yoonaကို ဂရုမစိုက်သလိုလိုနဲ့ တကယ်တမ်းကျ သူ Yoonaကို စိတ်ပူတယ်ရယ်...."
"အေးလေ Sooyoungရယ် သူ စိတ်ပူနေတာ စိုးရိမ်တာ အသိသာကြီး ဘေးနားက ငါတို့တောင် သတိထားမိနေပြီ....."
နေ့လည် ထမင်းစားချိန်ကျ ဟိုတနေ့က ကောင်မလေးရောက်လာပြီး
"Yoona... ငါ့ကို ပုံလေးဆွဲပေးပါအုံး...."
Yoona ထိုကောင်မလေးဆီက စာအုပ်ယူမလို့ ရှိသေးသည် Sica စာအုပ်ကိုယူပြီး ထိုကောင်မလေးကို ပြန်ပေးလိုက်သည်။
"Sorry..... Yoonaက မဆွဲပေးနိုင်ဘူး နင်သိတယ် မဟုတ်လား သူ အခုမှ နေကောင်းခါစ ရှိသေးတာ.... ပြီးတော့ မနေ့က သူလွတ်သွားတဲ့ စာတွေကိုလည်း ကူးရအုံးမှာလေ..... အဲ့တော့ ကိုယ့်ပုံကိုယ် ထမင်းမစားဘဲ ဆွဲချင်ဆွဲ ထမင်းစားရင်း ဆွဲချင်ဆွဲ As you like ..."
"Sica unnie....."
"ဗိုက်ဆာလိုက်တာ ကန်တင်း သွားပြီ....."
Sicaလည်း Yoonaပြောတာ နားမထောင်ဘဲ အတန်းထဲက ထွက်သွားတယ်.....
Yoonaလည်း ခေါင်းလေးကုပ်ပြီး Sunnyတို့နဲ့ စကားပြောရင်း ကန်တင်းကို လိုက်လာတယ်..... ကန်တင်းကိုရောက်တော့ အားလုံး ထမင်းကြော် စားကြတယ်...Sica သူ့ထဲက ကြက်ဥကြော်ကို Yoonaထဲ ထည့်ပေးလိုက်သည်။
"Wae.....Sica unnie ကြက်ဥမကြိုက်ဘူးလား....."
"ကြိုက်တော့ ကြိုက်ပါတယ် ဒါပေမယ့် နေ့တိုင်း စားရတော့ ညှီလာလို့ ...."
"ဒါများ ငါ့ကိုကျွေးလေ...."
Yoona ပန်းကန်ထဲက ကြက်ဥကြော် တစ်လုံးကို Sooyoungလှမ်းယူတော့ Sooyoungရဲ့ လက်ကို Sunny ရိုက်လိုက်ပြီး
"ဟဲ့ ဟိုက သူ့ကို အားရှိစေချင်လို့ ကြက်ဥကျွေးတာ နင်က ငတ်ကြီးကျနေတယ်.... 😒😒"
Sunnyရဲ့ စကားက မှန်နေတော့ Sicaမ ရှက်သွားတယ်ထင်ရ
"Yrrr.. ငါက အားရှိစေချင်လို့ ကျွေးတာ မဟုတ်ပါဘူး ငါမစားချင်လို့ပါ ပြီးတော့ သူက ငါ့အနားမှာ ထိုင်နေတော့ ငါကငါနဲ့ နီးတဲ့သူထဲ ထည့်လိုက်တာပါ ...."
"နောက်ဆို Sicaနားမှာ ထိုင်မယ် ငိငိ"
Sooyoung ကို ရေခဲမျက်စောင်းတွေ ကျွေးလိုက်တော့ Sooyoung ငြိမ်သွားတယ်..... Sicaကတော့ တကိုယ်လုံး ပူလာတာနဲ့ ထမင်း မြန်မြန် စားပြီး အတန်းထဲ ပြန်သွားတယ်.. ... Sooyoung နဲ့ Sunnyကတော့ Sicaကို ကြည့်ပြီး ရယ်နေကြတယ်.. ....
"Sicaကို ကြည့်ရတာ နင့်ကို စိတ်ဝင်စားနေတဲ့ပုံဘဲ Yoona....."
Sooyoungရဲ့ စကားကြောင့် Yoona ထမင်းနင်သွားလို့ ရေအမြန် သောက်လိုက်ရတယ်.... Sooyoungကတော့ Yoonaရဲ့ ကျောပြင်လေးကို ပွတ်ပေးပြီး
"နင်ကလည်း ဒါလေး ပြောတာကို နင်နေတယ် အပျော်လွန်ပြီး နင်သွားတာလား......"
"မဟုတ်ပါဘူး...... Sica Unnieက ငါ့ကို ကြိုက်နေတာ မဟုတ်လောက်ပါဘူး သူက ငါ့ကို သူငယ်ချင်းလို ခင်တာ နေမှာပါ......"
"Yoona..... ငါတို့လည်း သူ့ရဲ့ သူငယ်ချင်းဘဲ...... ပြီးတော့ နင့်ရဲ့ သူငယ်ချင်းဘဲ...ငါတို့ဆို နင့်ကို သူ့လောက် ဂရုမစိုက်နိုင်ဘူး သူကလည်း ငါတို့ထက် နင့်ကို ပိုဂရုစိုက်တာ အဲ့တာကြည့်ကတည်းက သိသာပါတယ်....."
"မဖြစ်နိုင်တာ Sooyoungရယ် သူ့ကြည့်ရတာ Lesbian တော့ မဟုတ်လောက်ပါဘူး......"
"အပြင်ပန်းက Lesbian ပုံ မပေါ်ပေမယ့် အတွင်းစိတ်က ၀င်နေရင် ဘယ်လို လုပ်မလည်း..."
Yoonaနဲ့ Sooyoung ငြင်းခုန်ကြရင်း အတန်းထဲကို ပြန်ရောက်လာကြတယ်..... Sicaကတော့ စာအုပ်ထိုင်ဖတ်နေတယ် Yoonaလည်း သူ့ခုံမှာ သူထိုင်ပြီး မနေ့က လွတ်သွားတဲ့ စာတွေ ပြန်ကူးနေတယ်......ခဏနေတော့ Sooyoung သူတို့ဘက်ကို လှည့်လာပြီး
"Chingu တို့ ငါမနေ့က ဆိုင်တစ်ဆိုင်မှာ ဘာဂါဝင်စားတာလေ...... တော်တော်လေး စားလို့ကောင်းလို့ ငါနင်တို့ အတွက် ၀ယ်လာတာ စားပါအုံး....."
Sunnyတယောက် ဘာဂါတစ်လုံးကို ယူလိုက်ပြီး
"ဘုရားရေ.. .... Choi Sooyoungက ငါတို့အတွက် မုန့်ဝယ်လာတယ်တဲ့ အပြန်ကျ ထီဝင်ထိုးရမယ်......"
Yoonaလည်း Sooyoungပေးတဲ့ ဘာဂါကို ယူပြီး စားလိုက်တယ်....Sica ကတော့ ဘာဂါကို မယူဘဲ ကြည့်နေတော့
"Sica.... ယူလေ ဘာလုပ်နေတာလည်း....."
"ဟိုလေ ဘာဂါထဲ သခွားသီးပါလား....."
"ငါ မနေ့က စားတုံးကတော့ ပါတယ်...."
"အဲ့တာဆို ငါမစားတော့ဘူး....."
"ဘာလည်း Yoonaကို ထပ်ကျွေးချင်လို့ မစားတော့ဘူးလို့ ငြင်းတာလား....."
"အာ....... အဲ့လို မဟုတ်ပါဘူး ငါက သခွားသီးနဲ့မတည့်တာရော မကြိုက်လို့ပါ....."
"Aww.... အဲ့တာဆိုလည်း ပြီးတာဘဲ ငါဘဲ စားလိုက်တော့မယ်......"
Sooyoungကို Sunny ရိုက်လိုက်ပြီး
"ဟဲ့ ...... အားရှိအောင်လို့ Yoonaကို ပေးလိုက်လေ...... သူအားနည်းနေတာကို "
"ဟုတ်သား Yoona နင် အားနည်းနေတာဆိုတော့ အားရှိအောင် နှစ်လုံးစားလိုက် ရော့ "
Sooyoungတို့ပြောတာ မကြားချင်ယောင်ဆောင်ပီး
"Yoongie..... ညနေကျ ဘယ်အချိန် ငါ့အိမ်လာမှာလည်း....."
"Umm...... ဘယ်အချိန်လောက် လာရမလည်း Sica unnie......"
"ညနေ ၆နာရီ လာခဲ့... okလား...."
"Nae အဆင်ပြေပါတယ်...."
"ဒါဆို ငါ အိမ်လိပ်စာ ရေးပေးလိုက်မယ်..... နင် ငါ့ဆီလာခဲ့ "
"Nae......"
ဘာဂါ ပလုပ်ပလောင်း စားရင်း ပြန်ဖြေလိုက်တဲ့ Yoonaကို ကြည့်ပြီး Yoonaရဲ့ ဘာဂါတွေနဲ့ ပြည့်နေတဲ့ ပါးနှစ်ဖက်ကို Sica ဆွဲညှစ်ပစ်ချင် စိတ်တွေ ပေါ်လာတယ်.......
ကျောင်းဆင်းတော့ Yoona အိမ်ကို ခဏပြန်ပြီး ရေချိုးတယ်.... ပြီးတော့ ကြက်ကြော်ဆိုင်မှာ အလုပ်ခဏ ၀င်လုပ်လိုက်တယ်..... Yoona အလုပ်လုပ်နေချိန်မှာတော့ Sicaတယောက် သူ့အိမ်မှာ နာရီကြည့်လိုက် ရုပ်ရှင်ကြည့်လိုက် နာရီပြန်ကြည့်လိုက် အခန်းထဲမှာ လမ်းထလျှောက်လိုက်နဲ့....... ဂဏှာမငြိမ်ဖြစ်နေတယ်...... ခြောက်နာရီထိုးဖို့ ဆယ်ငါးမိနစ်လောက် လိုတော့ Sicaတယောက် အိမ်အောက်ကို ဆင်းလာတယ်... သူ့အမေနဲ့ အဖေ Tvကြည့်နေတဲ့ ဧည့်ခန်းထဲမှာ သွားထိုင်လိုက်တယ်.... ပြီးနောက် နာရီကို ကြည့်လိုက် လမ်းထလျှောက်လိုက်နဲ့.. .... သူ့အမေနဲ့ အဖေတောင် သူ့ကို ကြည့်ပြီး ခေါင်းတရမ်းရမ်းဖြစ်နေတယ်...... ခဏကြာတော့ လူခေါ်ခေါင်းလောင်းလည်း မြည်ရော သူတို့အိမ်က အဒေါ်ကြီးက သွားပြီး မေးမလို့ ရှိသေး Sica တယောက် အမြန်ပြေးသွားပြီး ကြည့်လိုက်တယ်..... Yoonaမှန်းလည်း သိရော တံခါးအမြန် ဖွင့်ပေးလိုက်သည်။ ထို့နောက် Yoonaရဲ့ လက်ကို ဆွဲပီး Tvကြည့်နေတဲ့ သူ့မိဘတွေနဲ့ မိတ်ဆက်ပေးလိုက်သည်။
"Appa..... Omar.. ... chawကို စာသင်ပေးမယ့် တယောက်လေ.. ..."
"မင်္ဂလာပါ chaw နာမည်က Im Yoonaပါ "
" သမီးလေးက ချောလိုက်တာ လိမ်မာရေးခြားလည်း ရှိတယ် Jessica နဲ့များကွာပါ့ "
"Appa ...."
"ကဲပါ စာသင်စရာရှိလည်း သင်ကြလေ..... Jessica အိပ်မငိုက်ဘဲ သေချာနားထောင်နော်....."
"Nae Appa.... လာ အခန်းထဲ သွားမယ် Yoongie......"
အခန်းထဲ သွားမယ်ဆိုတဲ့ စကားကြောင့် Yoona လန့်သွားပြီး
"အခန်းထဲ ?....."
"အင်းလေ ငါ့အခန်းထဲမှာ စာသင်မှာလေ..... ဘာလို့လည်း....."
"အာညီး ဘာမှ မဟုတ်ပါဘူး......"
Sicaလည်း Yoonaကို သူ့အခန်းထဲကို ခေါ်လာတယ်..... ပြီးတော့ စာကြည့်စားပွဲမှာ ထိုင်လိုက်ကြတယ်..... Yoonaကတော့ သူ့အိတ်ထဲက စာအုပ်ကို ထုတ်နေတယ် .....
"ညစာ စားပြီးပြီလား.....Yoongie.. .."
"အာညီး မစားရသေးဘူး Sica unnie.... အချိန်ပိုင်း အလုပ်ကနေ တန်းလာခဲ့တာ......"
Yoonaရဲ့ စကားကြောင့် Sicaလည်း Yoonaရဲ့ လက်ကိုဆွဲပီး အိမ်အောက်ကို ဆင်းလာတယ်
Tvကြည့်နေတဲ့ သူ့Omarတို့လည်း
"ဒါက ဘယ်သွားမလို့လည်း Jessica....."
"ဟိုနားလေး ခဏပါ Omar......"
Yoonaကို ကားပေါ်တက်ခိုင်းပြီး တနေရာကို မောင်းသွားတယ်.....
![](https://img.wattpad.com/cover/105279876-288-k691447.jpg)