#Zawgyi
Sica အတန်းထဲမှာသာ ထိုင်နေသည် စိတ်ကတော့ Yoonaတို့နားဘဲ ရောက်နေတယ်..... Seung Gi အပေါ် Yoona ဘယ်လိုသဘောထားတယ်ဆိုတာ သိလည်း သိချင်နေတယ် ဒါပေမယ့် သိလည်းမသိချင်ဘူး ဖြစ်နေတယ်.....
ခဏကြာတော့ Sooyoungတို့နဲ့ ရယ်မောပြီး အတန်းထဲ ၀င်လာတဲ့ Yoonaကို ကြည့်ပြီး
" ဘာတွေများ သဘောကျလာလည်း မသိဘူး ရုပ်ကြီးက ပြုံးဖြီးနေတာဘဲ မုန်းစရာကြီး 💭..."
Sooyoungနဲ့ စကားပြောရင်း Sicaကို Yoona ရယ်ပြလိုက်သည်။ Sicaကတော့ Yoona ရယ်ပြတာကို မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲလိုက်တယ်.....
Yoonaလည်း သူ့နေရာမှာ ထိုင်လိုက်ပြီး စားပွဲခုံထဲက တစ်ခုခုကို ထုတ်လိုက်တယ် ပြီးတော့
"ရော့ Sooyoung , Sunny နင်တို့နှစ်ယောက် အတွက် ငါကိုယ်တိုင် လိပ်ထားတဲ့ ထမင်းလိပ်...."
Sooyoungနဲ့ Sunnyကို ထမင်းလိပ်ဗူးလေး Yoonaပေးလိုက်သည်။
" ဟွန့် ငါ့အတွက်ကျ မပါဘူး သူ့ဆို ငါက အမြဲ ဂရုစိုက်ပေးရပြီး သူကကျ ငါ့ကို အဖက်တောင် မလုပ်...💭"
Sicaရဲ့ အတွေးတွေမဆုံးသေး သူမ၏ ရှေ့သို့ ထမင်းလိပ်ဗူးလေး တစ်ဗူးရောက်လာတယ်....
" ဒါက Sica Unnie အတွက် ...."
Sooyoung ထမင်းလိပ်စားရင်း Yoonaကို မေးလိုက်သည်။
"ဘာလား ငါတို့ကိုကျ နှစ်ယောက် တစ်ဗူး Sicaကို ကျ တစ်ဗူးသက်သက်ပေးတယ် Sicaဗူးထဲ ဘာတွေပိုထည့်ထားလို့လည်း....."
Sooyoungကို Sunny ရိုက်လိုက်ပြီး
"နင်ကလည်း Sicaထဲကိုကျ အချစ်တွေ မေတ္တာတွေ ထည့်ပေးထားမှပေါ့...."
SooSunတို့ စကားကြောင့် Yoona ရှက်သွားပြီး မျက်နှာကြီး နီရဲလာတယ်
"မဟုတ်ပါဘူး Sica Unnieက သခွားသီး မစားဘူး ပြောလို့ သူ့အတွက် ငါက သက်သက် လိပ်ပေးလာတာပါ......."
"သိတတ်လိုက်တာ Im Yoonaတို့များ"
Sooyoung ရေညှိထမင်းလိပ် ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ Yoonaရဲ့ စကားကို ကြားတော့ Sica တယောက် Yoonaကို ခုန ကြည့်မရတာတွေတောင် ပျောက်သွားပြီး ကြည်နူးသွားတယ်
"Aigoo ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းတာ 💭💭💭"
Sicaလည်း Yoonaပေးတဲ့ ထမင်းလိပ် တစ်ခုကို ယူလိုက်ပြီး စားလိုက်သည်။ Sica စားနေတာကို Yoona ကြည့်နေရင်း
" ဘယ်လိုလည်း စားလို့ကောင်းလား Sica Unnie......"
Sica လည်း ထမင်းလိပ်စားရင်း ခေါင်းညိတ်ပြကာ
" အရမ်းကောင်းတယ် Yoongie "
" စားလို့ကောင်းတယ်ဆိုတော့ Yoongie စောစောထပြီး ထမင်းလိပ် လုပ်ရကျိုး နပ်သွားပြီ ."
Sooyoungလည်း Yoonsicတို့ကို ကြည့်ပြီး အမြင်ကတ်လာတယ် ထင်ရ လက်မကြီးထောင်ပြီး
"Yoongie...... သခွားသီးပါတဲ့ ထမင်းလိပ်ကလည်း စားလို့ အရမ်းကောင်းတယ် သိလား နင် မမေးလည်း ငါဖြေတယ်....."
Sooyoungကို Yoona မျက်စောင်းထိုးလိုက်ပြီး
" နင့် ထမင်းလိပ်တွေ ငါပြန်သိမ်းလိုက်ရမလား...... "
Yoonaရဲ့ စကားကြောင့် Sooyoung ပါးစပ်ပိတ်လိုက်ပြီး ထမင်းလိပ်သာ ဆက်စားနေလိုက်သည်။
Sica ထမင်းလိပ်စားနေရင်း
"Yoongieလေးက ငါ့အတွက် သခွားသီး မပါဘဲ ထမင်းလိပ်လုပ်ပေးတယ် ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလည်း Yoongieရယ်..... နင်ဟာလေ ငါ့နှလုံးသားကို အရည်ပျော်အောင် လုပ်နေတယ်......💭💭💭💭"
Sica တယောက် ကြည်နူးနေစဉ် Sunnyရဲ့ စကားကြောင့် မျက်နှာပျက်သွားလေသည်။
"Yoona..... ဟိုမှာ Lee Seung Gi နင့်ကို လာချောင်းနေတယ်......."
Yoonaလည်း စာဖတ်နေရာကနေ ပြုံး
လိုက်ရင်း
"ဟုတ်လား "
Yoona ပြုံးနေတာကို ကြည့်ပြီး Sica တယောက် စိတ်ထဲ
"ဟို အကောင်က သူ့ကို လာချောင်းတာကို သူက ဘာလို့ ပြုံးနေတာလည်း တော်တော် သဘောကျနေတာလား ဟုတ်လား 💭💭"
Sicaလည်း စားလက်စ ထမင်းလိပ်ဗူးကို ပိတ်ပြီး စားပွဲခုံအောက်ထဲ ထားလိုက်တယ် Yoonaက မြင်တော့
" Sica unnie မစားတော့ဘူးလား......."
"Omm.... ရင်ပြည့်နေလို့.. .."
Sunny လည်း Sicaကို စချင်လာတာနဲ့ စလိုက်သည်
"Sicaက ခဏခဏ ရင်ပြည့်တတ်တယ်နော် Yoona နင့် unnieအတွက် အစာကြေ ဆေးလေး ဆောင်ထားအုံး "
Sunnyကို ပေတံနဲ့ Sica လှမ်းရိုက်လိုက်သည်။
ညနေ ကျောင်းဆင်းတော့ Yoonsicတို့ စကားပြောရင်း အတန်းထဲက ထွက်လာကြတယ်
"ငါ နင့်ကို ပြန်ပို့ပေးမယ်......"
"ရပါတယ် Sica unnieကလည်း chawဘာသာ busကား စီးပြီး ပြန်လိုက်ပါမယ်......"
"Im Yoonaဟာလေ ဘယ်တော့မှ တစ်ခါတည်းနဲ့ ပြောလို့မရဘူး ပြောစကား နားမထောင်ဘူး နည်းနည်းလောက် ကလန်ကဆန် လုပ်လိုက်ရမှ စားဝင် အိပ်ပျော်တာ ထင်တယ် "
"အဲ့လို မဟုတ်ပါဘူး chawက unnie ပင်ပန်းမှာဆိုးလို့ပါ...."
"မပင်ပန်းဘူး ငါ နင့်အိမ်နားက ဆံပင်ညှပ်ဆိုင်မှာ ခေါင်းဝင်လျှော်မလို့ လမ်းကြုံနေတာ တစ်ခါတည်း လိုက်ပို့မလို့ စကားဆက်မများနဲ့တော့ လိုက်ခဲ့......"
"Nae "
Yoonaနဲ့ Sicaတို့ စကားပြောနေချိန် Lee Seung Gi အနောက်ကနေ ပြေးလာပြီး
"Yoona shi............"
Yoonaလည်း သူမနာမည်ခေါ်လို့ လှည့်ကြည့်လိုက်သည်။ Seung Gi ပြေးလာပြီး Yoonaရှေ့ကို ရောက်တော့ ခဏအမောဖြေလိုက်ပြီး သူ့ကျောပိုးအိတ်ထဲက ချောကလက်ဘူးလေး ထုတ်ပေးကာ
"Yoona အတွက် ကျွန်တော်ပေးတဲ့ လက်ဆောင်လေး......."
Sicaရဲ့ စိတ်ထဲတွင်
"မယူနဲ့ Yoongie.....💭"
ဒါပေမယ့် Yoonaက ချောကလက်ဘူး ယူလိုက်တော့ Sicaက စိတ်ဆိုးသွားတယ်
"မယူပါနဲ့လို ပြောနေတော့ကို ချောကလက်စားချင်ရင်လည်း ငါ့ကိုပြော လေယာဉ်ပျံနဲ့ကို နင့်အိမ်ပေါ်ကို ချောကလက်တွေ ကြဲပေးမယ် 💭💭💭💭💭"
"Im Yoona..... နောက်ကျနေပြီ မြန်မြန်လာ..... "
Sicaလည်း Yoonaကို ပြောပြီး ကားပါကင်ကို ထွက်သွားတယ် Yoonaလည်း Seung Giကို နှုတ်ဆက်ပြီး Sica နောက်ကို ပြေးလိုက်သွားတယ်
အိမ်ပြန်လမ်းမှာ Sica တယောက် Yoonaကို လုံးဝ စကားမပြောဘဲ မျက်နှာကြီး စူပုပ်ပြီး ကားမောင်းနေတယ် Yoonaလည်း Sicaကို ကြည့်ပြီး
" Sica Unnie ဘာဖြစ်နေတာလည်း မသိဘူး မျက်နှာကြီး စူပုပ်နေတာဘဲ ဒါမယ့် သူမျက်နှာကြီး စူပုပ်နေတာကလည်း ချစ်စရာလေး 💭💭💭💭"
Yoona တွေးနေရင်း ပြုံးလိုက်တော့ Sicaက တမျိုးထင်သွားတယ်
"ဟင်း..... ချောကလက်ရတာကို တော်တော် သဘောကျနေတယ် ထင်တယ် မျက်နှာကြီးက ပြုံးဖြီးနေတာဘဲ ပါးစပ်ကလည်း နားရွက်ကို တပ်ချိတ်တော့မယ် တော်တော် သဘောကျတယ်ပေါ့ ဟုတ်လား 💭💭"
Sicaလည်း ဒေါသထွက်ပြီး ကားကို အရှိန် နည်းနည်းတင်ပြီး မောင်းလေသည်။ Yoonaကတော့ Sica တခုခုကို စိတ်တိုနေလို့များလားလို့ တွေးမိရင်း ဘာမှမပြောဘဲသာ လိုက်လာသည်။ Yoonaရဲ့ အိမ်ကို ရောက်တော့ ကားပေါ်က ဆင်းပြီး
"Sica unnie ကျေးဇူး......"
Yoonaရဲ့ စကားတောင် မဆုံးသေး Sica ကားမောင်း ထွက်သွားသည်။ Yoonaကတော့ Sicaရဲ့ ကားကို ကြည့်ပြီး ကျန်ခဲ့တယ် Sicaကတော့ ကားမောင်းနေရင်း သီချင်း အကျယ်ကြီး ဖွင့်ပြီး အော်ဟစ်နေတယ် ပြီးတော့ သူ့ကားပေါ်မှာ Seung Giရဲ့ ချော့ကလက်ဘူးကို တွေ့တော့ ယူပြီး ကားပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်........