Only Look At Me (Part-4) Z+U

1.5K 131 17
                                        

#Zawgyi

ကျောင်းဆင်း​တော့ Jessica ဆိုတဲ့ တ​ယောက်​ ကျွန်​မ​ရှေ့ကို ကားလာရပ်​တယ်​....
"တက်​....."
"ရှင်​....."
"နင်​က ​နေမ​ကောင်းဘူး​လေ.... အိမ်​ကို လမ်း​လျှောက်​ပြန်​ရင်​ မူးလဲသွားလိမ့်​မယ်​.. ..."
"Chaw.... bus ကားစီး သွားလိုက်​ပါမယ်​...."
"လျှာမရှည်​နဲ့ တက်​ဆိုတက်​....."
ကျွန်​မလည်း Jessicaရဲ့ ကား​ပေါ်တက်​လိုက်​သည်​။
"ကျွတ်​.... က​လေး​ကျ​နေတာဘဲ..... ခါးပတ်​ပတ်​​လေ....."ဆိုပြီး ကျွန်​မကို ခါးပတ်​ပတ်​​ပေးတယ်​....ကျွန်​မရဲ့ အိမ်​ကို​မေးပြီး လိုက်​ပို့​ပေးတယ်​....
"ဟို​လေ..... လမ်းကမှား​နေတယ်​.... Jessica shii....."
"ငါသိတယ်​ ငါ ​ဗိုက်​ဆာလို့ ည​နေစာ ၀င်​စားမလို့....."ဆိုပြီး Yoonaကို ​ပြောလိုက်​​ပေမယ့်​ စိတ်​ထဲမှာ​တော့
"ဟိုက်​ ငါ....ဒီအချိန်​ဆို မုန့်​ဘယ်​တုံးက စားဖူးလို့လည်း ..... ငါဘာ​တွေဖြစ်​​နေတာလည်း.... Im Yoona​ရေ....💭💭💭"
စား​သောက်​ဆိုင်​ကို ​ရောက်​​တော့
"အ​ဒေါ်ကြီး အမဲရိုးစွပ်​ပြုတ်​ တစ်​ပွဲ​ပေးပါ......"
"ဟင်​.... Jessica က​ မစားဘူးလား.....ဆာတယ်​ဆို....."
"ငါ အခု မဆာပြန်​ဘူး ဘာဖြစ်​တာလည်းမသိဘူး နင်​ဘဲ စားလိုက်​​တော့......"
အမဲရိုးစွပ်​ပြုတ်​ ​ရောက်​လာ​တော့ Yoona ဦးစွာ Jessicaကို ခွံ့​ကျွေးလိုက်​သည်​။
"Jessica shii... အာ..... တစ်​လုပ်​​လောက်​​တော့ စားလိုက်​ပါ....."
ဇွန်း​လေးကိုင်​ပြီး အာ....ဆိုပြီး ကျွန်​မကို ခွံ့​ကျွေး​နေတဲ့ သူမကို ကြည့်​ပြီး ကျွန်​မ ရင်​​တွေ ခုန်​​နေတယ်​​လေ.....ဒါ​ပေမယ့် သူ့​ရှေ့မှာ​တော့ ဘာမှမဖြစ်​သလို ဟန်​​ဆောင်​ပြီး သူ ​ကျွေးတဲ့ အမဲရိုးစွပ်​ပြုတ်​ တစ်​ဇွန်းကို ​စားလိုက်​တယ်​......တစ်​ရှူးနဲ့ ကျွန်​မ ပါးစပ်​ကို သုတ်​​ပေး​နေပြန်​ပြီ..... Im Yoona..... သူမရဲ့ လက်​​ချောင်းသွယ်​သွယ်​​လေး​တွေက ကျွန်​မရဲ့ နှုတ်​ခမ်းနား ​ရောက်​လာတယ်​... ကျွန်​မလည်း ရင်​​တွေအရမ်းခုန်​လာတာနဲ့ သူမရဲ့ လက်​ကို ပုတ်​ချလိုက်​တယ်​.....
".....ဟို....ငါ့ကို Jessicaလို့ မ​ခေါ်နဲ့ ငါနင့်​ထက်​ လပိုင်း​လောက်​ ကြီးတယ်​ အဲ့ဒီ​တော့.... Sica Unnieလို့​ခေါ်....."
"ဟင်​....."
"ငါ မနက်​က အတန်းပိုင်ဆရာရဲ့ ​​Register ကြည့်​ထားတာ နင်​ ငါ့ထက်​ ​၆လ ငယ်​တယ်​....အဲ့​တော့ Sica unnieလို့​ခေါ်....."
"Aww nae Sica Unnie....."
"ငါက နင့်​ကို Yoongieလို့ ​ခေါ်မယ်​......"
"Nae....."
က​လေး​လေး တ​ယောက်​လို အမဲရိုးစွပ်​ပြုတ်​ စား​နေတဲ့ Yoongie ကို ကြည့်​ရင်း ကျွန်​မ ပြုံး​နေမိတယ်​......ကျွန်​မကိုယ်​ ကျွန်​မ ပြုံးမိမှန်း​တောင်​ မသိပါဘူး....
"Sica unnie..... chaw ပါးစပ်​မှာ တစ်​ခုခု​ပေ​နေလို့လားဟင်​...."
Yoongie ရဲ့ စကား​ကြောင့်
"ဟင်​..... မ​ပေပါဘူး မြန်​မြန်​စား ​ငါ သွားစရာရှိ​သေးတယ်​....."
Sicaရဲ့ စကား​ကြောင့်​ Yoona မြန်​မြန်​စားရင်း သီးသွား​တော့ Yoonaကို ​ရေအမြန်​တိုက်​ပြီး ​နောက်​​ကျော​လေးကို ပွတ်​​ပေးရင်း
"Yrrr..... ဘာလို့ အဲ့​လောက်​ မြန်​မြန်​စား​နေတာလည်း နင့်​​နောက်​ကို ကျားလိုက်​လာလို့လား အခုသီးကုန်​ပြီ ဖြည်းဖြည်းစား....."
"သူကို အမျိုးမျိုး😐💭💭"
စားပြီး​နောက်​ ကျွန်​မကို အိမ်​ပြန်​ပို့​ပေးရင်း ကျွန်​မတို့ လမ်းထိပ်​က စတိုးဆိုင်မှာ Sica unnie ကားရပ်​ပြီး
"ဒီမှာ ခဏ​စောင့်​​နေ ငါဝယ်​စရာရှိလို့....."​ပြောပြီး ဆိုင်​ထဲ ၀င်​သွားတယ်​.....ခဏ​နေ​တော့ မုန့်​ထုပ်​​တွေနဲ့ ထွက်​လာပြီး ကားထဲ ပြန်​၀င်​လာတယ်​....
"​ရော.့......."
Sica unnie ​ပေးတဲ့ မုန့်​ထုပ်​​တွေကို ကျွန်​မ ကြည့်​​နေ​တော့
"မြန်​မြန်​ယူ​လေ ငါလက်​​ညောင်း​နေပြီ....."
"Chaw အတွက်​လား....."
"အွန်း တမျိုးမထင်​နဲ့ ပြန်​အမ်းစရာ မရှိဘူးဆိုလို့ ငါယူလာတာ..... ညကျ အဆာ​ပြေစား​ပေါ့.....ပြီး​တော့ ​အဲ့ထဲ အား​ဆေးလည်း ပါလာတယ်​..... ငါမှားဝယ်​လာမိတာ နင်​ဘဲ ​သောက်​လိုက်​​တော့......"
"Nae Gomawo Sica unnie......"
Yoonaအိမ်​​ရှေ့မှာ Yoonaကို ချ​ပေးပြီး ကျွန်​မ ထွက်​လာလိုက်​သည်​။ Yoonaက​တော့ ကျွန်​မကို လက်​ပြရင်း ကျန်​ခဲ့တယ်​......ကျွန်​မ ​ရှေ့နား​ရောက်​​တော့ ကားခဏရပ်​လိုက်​ပြီး Yoonaကို ကားမှန်​က​နေ ကြည့်​​နေမိတယ်​..... Yoonaက အိမ်​ထဲမ၀င်​​သေးဘဲ တစ်​​နေရာကို ထွက်​သွားတယ်​......
Sica unnie ကားထွက်​သွား​တော့ ကျွန်​မလည်း Appaဆီကို သွား​တယ်​..... အခုတ​လော အလုပ်​ရှုပ်​​နေတာနဲ့ Appaဆီကို မသွားဖြစ်​ဘူး​လေ...... Appaဆီကို ​ရောက်​​တော့ သတိ​မေ့​နေတဲ့ Appaကို ​ရေ၀တ်​တိုက်​​ပေးရင်း
"Appa.....သိလား...... chaw​လေ အရင်​ကလို တ​ယောက်​တည်း မဟုတ်​​တော့ဘူး......chawကို အနိုင်​ကျင့်​တဲ့သူ​တွေ လက်​ထဲက ကာကွယ်​​ပေးတဲ့သူ ရှိလာပြီ......သူက ​ယောင်္ကျား​လေး​တော့ မဟုတ်​ဘူး.....မိန်းက​လေး.....သူမနာမည်​က Jessica Jungတဲ့...... သူက​လေ ဒီ​နေ့ chaw အားနည်း​နေတာ သိလို့ အမဲရိုးစွပ်​ပြုတ်​ လိုက်​တိုက်​တယ်​......ပြီး​တော့​လေ ​ဆေး​တွေ​ရော ညကျဆာရင်​ စားဖို့​ရော မုန့်​​တွေ ၀ယ်​​ပေးလိုက်​တယ်​...... Appaသိလား chaw ဒီ​နေ့ကစပြီး clubမှာ ညနက်​ထိ လုပ်​စရာမလို​တော့ဘူး chawကို ရိသဲ့သဲ့ ​ပြောတဲ့ အမူးသမား​တွေကိုလည်း ​ကြောက်​စရာမလို​တော့ဘူး အဲ့တာ ဘာလို့လည်း သိလား Appa...... Sica Unnieကို Chaw စာသင်​​ပေးရမှာတဲ့ သူက chawကို လစာ​ကောင်း​ကောင်း​ပေးတယ်​ Appa..... မြန်​မြန်​သတိရလာပါ​တော့.......... chawကို တ​ယောက်​တည်း ထားခဲ့တာ ဘယ်​​လောက်​ရှိ​နေပြီလည်း...... Appaသတိရလာရင်​​လေ..... Sica unnieနဲ့ မိတ်​ဆက်​​ပေးမယ်​ သိလား....."
Yoonaက​ သူ့Appaကို ​ရေပတ်​တိုက်​ရင်း စကား​တွေ​ပြော​နေတယ်​....ဒါ​ပေမယ့်​ Sica တ​ယောက်​ ​ဆေးရုံအခန်း ​တံခါးက​နေ ​ချောင်းနား​ထောင်​​နေတာကို​တော့ Yoona တ​ယောက်​ မသိ​ချေ.....
"အရူးမ..... သူ့ကို ဘယ်​သူက အမဲရိုးစွပ်​ပြုတ်​ ၀ယ်​​ကျွေးလို့လည်း ငါမစားချင်​လို့ ​ကျွေးတာကို ပြီး​တော့ မုန့်​​တွေကလည်း ပြန်​အမ်း​ငွေ မရှိလို့ ယူလာတာကို💭💭💭" လို့ ပြုံးပြီး ​ပြောရင်း ​ဆေးရုံက​နေ ထွက်​လာလိုက်​သည်​။
ကျွန်​မ အိမ်​ကို ပြန်​​ရောက်​​တော့ Appaနဲ့ Omarကို ကျွန်​မကို စာသင်​​ပေးမယ့်​ Yoongie အ​ကြောင်း ​ပြောပြလိုက်​​တော့ နှစ်​​ယောက်​လုံး အံ့သြသွားတယ်​.....
"သမီးကလည်း guide လိုချင်​ရင်​ Omarတို့ကို ​ပြောပါ့လား Omarရှာ​ပေးမှာ​ပေါ့......"
"မဟုတ်​ပါဘူး Yoongieက chawရဲ့ သူငယ်​ချင်း​လေ သူမက စာအရမ်း​တော်​တာ ဒါ​ပေမယ့်​....."
Sicaတ​ယောက်​ Yoonaအ​ကြောင်းကို ​ပြောပြလိုက်​​တော့ Sicaရဲ့ Omarတို့လည်း စိတ်​မ​ကောင်းဖြစ်​သွားကြပြီး
"Aww အဲ့လိုဆို​တော့လည်း သနားပါတယ်​.....အင်းပါ Omarတို့ လက်​ခံပါတယ်​....ဟုတ်​ပြီလား....."
"Yeah..... ဒါမှ Omarကွ.... Omarတို့ လက်​မခံလည်း chawက သူနဲ့ဘဲ ဇွတ်​သင်​ဖို့ ဆုံးဖြတ်​ပြီးသားပါ"
"မနိုင်​စိန်​...... ဟုတ်​ပါပီ အဲ့​ကြောင့်​ စာကို စိတ်​၀င်​တစား သင်​​နော်​ ဟုတ်​ပြီလား.. ..."
"Nae Appa.... ဒါဆို chaw နားလိုက်​အုံးမယ်​......"
Sicaလည်း ​ရေချိုးပြီး ရုပ်​ရှင်​ကြည့်​​နေတုံး
"Yoongie ​ဆေးရုံက ပြန်​​ရောက်​ပြီလား မသိဘူး......ဒါလည်း ငါ့ အလုပ်​မဟုတ်​ပါဘူး..... sica.... နင်​အခုတ​လော ဘာဖြစ်​​နေတာလည်း Im Yoonaနဲ့ ​တွေ့ရင်​ ဘာ​တွေဖြစ်​​နေတာလည်း နင်​ကလည်း ဘာလို့ ငါ့ကို အ​တွေးထဲထိ စိတ်​ပူ​အောင်​ လုပ်​​နေတာလည်း Im Yoona......"
Sica ထမင်းစားပြီး​နောက်​ ​ရေ​သောက်​​နေရင်း
"ဟိုက​လေးမ​လေး ​ဆေး​သောက်​ပြီးပြီလား မသိဘူး အာ.....ငါက ၀ယ်​​ပေးပြီးပြီ ​သောက်​တာ မ​သောက်​တာ သူ့အပိုင်း သူမ​သောက်​ရင်​ သူဘဲ ​နေမ​ကောင်းဖြစ်​မှာ ငါ​နေမ​ကောင်းဖြစ်​မှာမှ မဟုတ်​တာ ဘာကို စိတ်​ပူ​နေတာလည်း "
Yoonaက​တော့ Sica​ ၀ယ်​​ပေးတဲ့ ​ပေါင်​မုန့်​စားပြီး ​ဆေး​သောက်​လိုက်​သည်​။ ပြီး​နောက်​ ကြမ်းပြင်​​ပေါ် ​စောင်​ခင်းလိုက်​ပြီး လှဲ​နေရင်း Sicaအ​ကြောင်းကို ရုတ်​တရက်​ ည​နေက အ​ကြောင်း​တွေကို ပြန်​​တွေးပြီး သ​ဘောကျ​နေ​လေသည်​။.

Only Look At MeWhere stories live. Discover now