"Sica unnie စောင့်ပါအုံး......."
"Yoona shiii ခဏလေးပါ ပြောစရာရှိလို့.. ....."
Seung Giကြောင့် Yoona ခြေလှမ်းတွေ ရပ်သွားတယ် ပြီးနောက် Seung Giကို ကြည့်လိုက်တယ်.......
Sicaကတော့ သူ့ရဲ့ ကားပေါ်မှာ ထိုင်ပြီး သွားရမှာလား မသွားရဘူးလားဆိုတာ ဝေခွဲမရဖြစ်နေတယ်
"Yoongieကလည်း စောင့်ပါအုံး ပြောပြီး အခုထိ ထွက်မလာသေးဘူး သေချာတယ် သူ propose လုပ်တာ ခံနေတာ ဖြစ်မယ်....."
Seung Gi သူ့ လက်ထဲက နှင်းဆီပန်းလေး ပေးလိုက်ပြီး
"Yoona..... Yoonaကို ကျွန်တော် ချစ်တယ်....... ကျွန်တော့်ကို စဉ်းစားပေးပါနော်......"
သူတို့ဘေးနားကနေ ရပ်ကြည့်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ အားလုံး ၀ိုင်း အော်ကြတယ်...... Yoona တချက် စဉ်းစားနေတယ်..... ပြီးနောက် Seung Giကို အဖြေပြန်ပေးလိုက်တယ်.....
"Sorryပါ Seung Gi...... Chaw Seung Giကို ပြန်မချစ်နိုင်ပါဘူး......"
Yoonaရဲ့ စကားကြောင့် Seung Gi စိတ်ပျင်လက်ပျက်နဲ့ ကျောင်းပြင်ကို ထွက်လာခဲ့တယ်..... ကားထဲမှာ ထိုင်နေတဲ့ Sica တယောက် Seung Giရဲ့ စိတ်ညစ်နေတဲ့ အမူအရာကို တွေ့တော့ ၀မ်းသာသွားတယ်...
"Yoongie က သူ့ကို ငြင်းလိုက်တာလား မသိဘူး သူ့ပုံစံက စိတ်ညစ်နေတဲ့ ပုံနဲ့ ဟိဟိ "
Yoonaလည်း Seung Gi ပေးတဲ့ နှင်းဆီပန်းကို လွှင့်ပစ်လိုက်ပြီး ကျောင်းပြင်ဘက်ကို ထွက်လာတယ်.....သို့သော် မိန်းကလေး တစ်သိုက်ရဲ့ ဆွဲခေါ်ခြင်းကို Yoona ခံလိုက်ရတယ်.....
"နင်လား ငါတို့ Oppaကို ငြင်းရဲတာ....."
ကောင်မလေး လေးယောက် Yoonaရဲ့ ပါးစပ်ကို ပိတ်သူက ပိတ် ပွေ့ချီပြီး ကျောင်းရဲ့ ခေါင်မိုးထပ်ကို ခေါ်သွားကြတယ်.. .....
ပြီးနောက် Yoonaကို ကြိုးတုပ်ပြီး ရိုက်ကြတယ်
"နင်လား နင့်အဆင့်နဲ့ ငါ့ oppaကို ငြင်းရဲတယ်ပေါ့ ....."
"မြူ စွယ်တုန်းက မြူ စွယ်ပြီး အခုကျမှ ငါ့ oppaကို စိတ်ညစ်အောင် လုပ်တယ်ပေါ့"
Yoonaရဲ့ ဆံပင်ကို ဆွဲပြီး ပါးရိုက်လိုက်တယ်.....
Seung Gi ထွက်သွားပြီး ဆယ့်ငါးမိနစ်လောက်ရှိနေတာတောင် Yoonaက အခုထိ ကျောင်းထဲက ထွက်မလာတော့ Sica တစ်ခုခုကို စိုးရိမ်နေတယ်.......
" မဖြစ်သေးပါဘူး ငါ လိုက်ကြည့်မှပါ......"
Sica ကျောင်းထဲ ၀င်သွားပြီး အတန်းထဲမှာရော မိန်းကလေး အိမ်သာတွေထိပါ Yoonaကို လိုက်ရှာသည်။ သို့သော် မတွေ့ချေ...... Sica အိမ်သာရှေ့မှာ ထိုင်လိုက်ပြီး
"Yoongie..... နင် ဘယ်မှာလည်းဟာ "
အိမ်သာထဲကနေ မိန်းကလေး တစ်ယောက်ထွက်လာပြီး Sicaကို
"Yoonaဆိုတဲ့ တစ်ယောက်လား....."
Sicaလည်း အသံကြားရာကို မော့ကြည့်ပြီး ခေါင်းညိတ်ပြတယ် ....ထိုမိန်းကလေးက Sica ကို ကြည့်ပြီး
"သူ့ကို ခုနက ငါတို့ကျောင်းက Seung Giရဲ့ Fan girl တွေနဲ့ တွေ့လိုက်တယ်.. ..."
"ဘာ...... အဲ့ ကောင်မတွေ ဘယ်မှာ ရှိတတ်လည်းဆိုတာ သိလား......"
"ဟမ်..... သူတို့က အများအားဖြင့် ကျောင်း ခေါင်းမိုးထပ်မှာ ရှိတတ်တယ်ဟ......"
Sicaလည်း ထိုကောင်မလေးကို ကျေးဇူးတင်စကားပြောပြီး ခေါင်းမိုးထပ်ကို ပြေးတက်လာတယ်...... ခေါင်းမိုးထပ်ကို ရောက်တော့ ကြိုးတုပ်ခံရပြီး နှိပ်စက်ခံနေရတဲ့ Yoonaကို တွေ့တော့ Sica ဒေါသထွက်သွားတယ်..... ဒါပေမယ့် Sica ဖုန်းအရင်ထုတ်ပြီး Yoonaကို နှိပ်စက်နေတာကို Video ရိုက်လိုက်တယ် ...... video ရိုက်ပြီးနောက် Dolphin အသံနဲ့ အော်လိုက်တယ်......
"Yrrrr............"
Sicaရဲ့ အသံကို ကြားတော့ ဒဏ်ရာတွေနဲ့ သတိမေ့လုမတတ်ဖြစ်နေတဲ့ Yoona ပျော်သွားတယ်...... နှုတ်ကလည်း
"Sica unnie....."ဆိုပြီး တိုးတိုးလေးဘဲ ပြောနိုင်တယ်......
ကောင်မလေး လေးယောက်လည်း Yoonaကို ရိုက်တာ ရပ်လိုက်ပြီး
"နင်က ဘာကောင်မလည်း ငါတို့ လုပ်နေတာကို ဘာလို့ ၀င်ရှုပ်နေတာလည်း ......"
"ငါက ဘာကောင်မမှတော့ မဟုတ်ဘူး ဒါပေမယ့် ငါ့ အဖေက အရာရှိ 😌😌😌 အခု သူ့ဆီ ဖုန်းဆက်ထားတယ် မကြာခင် ရဲတွေနဲ့ သူ လာတော့မယ် မိန်းကလေး တစ်ယောက်ကို ၀ိုင်းနှိပ်စက်နေတဲ့ လူဆိုးမလေးယောက်ကို လာဖမ်းကြတော့မယ်....."
Sica သူမရဲ့ ဖုန်းကို မြှောက်ပြပြီး ပြောလိုက်တယ်.. ....ကောင်မလေးတွေလည်း ဖမ်းခံရမှာဆိုးတာနဲ့ ထွက်ပြေးသွားကြတယ်......
ကောင်မလေးတွေ ထွက်ပြေးသွားမှာ Sicaလည်း Yoonaကို ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးရင်း မျက်ရည်ဝဲနေတယ်... Yoonaရဲ့ မျက်နှာက ဒဏ်ရာတွေ နှုတ်ခမ်းက ထွက်နေတဲ့ ဒဏ်ရာတွေကို ကိုင်ကြည့်ရင်း Sica ငိုနေတယ်........
"Wae..... Sica unnie ဘာလို့ ငိုနေတာလည်း......"
"တောင်းပန်ပါတယ် Yoongie...... 😭😭😭😭😭 ငါသာ နင့်ကို ထားခဲ့ပြီး ထွက်မသွားဘူးဆိုရင် နင် အခုလို ဖြစ်မှာ မဟုတ်ဘူး......"
"အာညီး..... Sica unnieရဲ့ အပြစ်မဟုတ်ပါဘူး........ မတောင်းပန်ပါနဲ့......."
Yoonaကို Sica ကုန်းပိုးပြီး ခေါင်မိုးထပ်ကနေ ဆင်းလာတယ်. . . ပြီးနောက် Yoonaရဲ့ အိမ်ကို သွားတယ်..... လမ်းက ဆေးဆိုင်တစ်ဆိုင်မှာ Yoona အတွက် လိမ်းဆေးတွေ ၀င်ဝယ်သေးတယ်..... Yoonaရဲ့ အိမ်ကို ရောက်တော့ Yoonaကို ရေအရင် ချိုးခိုင်းလိုက်သည်။ Sicaကတော့ ဧည့်ခန်းထဲမှာ ထိုင်နေပြီး ဖုန်းဆော့နေတယ်.... Yoona ရေချိုးခန်းထဲက ထွက်လာပြီး သူ့အခန်းထဲမှာ အ၀တ်လဲနေစဉ် Yoona အခန်းထဲ Sica ၀င်လာတယ်.....
"Omo Sica unnieရယ် တံခါးမခေါက်ဘဲ ၀င်လာတယ် တော်သေးတာပေါ့ အ၀တ်လဲပြီးလို့....."
Yoonaရဲ့ လက်ကို Sica ဆွဲပီး ကုတင်ပေါ်မှာ ထိုင်ခိုင်းတယ်...... ပြီးတော့ Yoona ပါးပေါ်က ဒဏ်ရာတွေကို ဆေးထည့်ပေးနေတယ်..... Yoonaကတော့ Sicaမျက်နှာနဲ့ နီးနီးလေး ဖြစ်နေတဲ့ အပြင် ၀င်သက်ထွက်သက် လေရှူ တာကအစ ခံစားမိနေတော့ ရင်တွေ ခုန်နေတယ်...... ထိုအချိန် Sicaရဲ့ လက်က Yoonaရဲ့ နှုတ်ခမ်းနား ရောက်လာတယ်..... Yoonaရဲ့ နှုတ်ခမ်းကို Sica ကိုင်ကြည့်ရင်း....... Yoonaကလည်း မျက်လုံးကို မှိတ်ထားလိုက်တယ်.....
သူမရဲ့ နှုတ်ခမ်းပေါ် နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံ ရောက်လာလို့ Yoona မျက်လုံးဖွင့်လိုက်တော့ Sicaက သူမကို နမ်းနေတာကို သိလိုက်ရပြီး ရင်တွေ အရမ်းခုန်လာတယ်..... သူမနှုတ်ခမ်းက အနာကို Sica နမ်းလိုက်ပြီးမှ
"Sorry..... Yoongie ငါ..... ငါ စိတ်မထိန်းနိုင်တော့လို့ 😣😣😣😣 ငါ.... ငါ တောင်းပန်ပါတယ် နမ်းမိလို့....."
Sica တောင်းပန်ပြီး ခေါင်းငုံ့နေတုံး Sicaရဲ့ မျက်နှာကို Yoonaကိုင်လိုက်ပြီး
"Sica unnie ......"
Sicaရဲ့ နဖူးလေးကို Yoonaနမ်းလိုက်ပြီး
"Sica unnieကို ချစ်တယ်....."
Sicaရဲ့ မျက်လုံးကို Yoona နမ်းလိုက်ပြီး
"Chawကို အမြဲ ကြည့်ပေးတဲ့ Sica unnieရဲ့ မျက်ဝန်းလေးတွေကို..... ချစ်တယ်....."
Sicaရဲ့ နှာခေါင်းကို နမ်းလိုက်ပြီး.....
"Chaw နဲ့ တစ်လေတည်း အတူရှူ နေတဲ့ Sica unnieရဲ့ နှာခေါင်းလေးကိုလည်း ချစ်တယ်....."
Sicaရဲ့ ပါးကို Yoona နမ်းလိုက်ပြီး
"Sica unnie.... ချစ်တယ် သိလား..."
Sicaရဲ့ အပေါ်နှုတ်ခမ်းကို တစ်ချက် နမ်း အောက်နှုတ်ခမ်းကို တစ်ချက် နမ်း နှုတ်ခမ်းတစ်ခုလုံးကို တစ်ချက်နမ်းပြီး
"Chawကို နမ်းတဲ့ အဲ့နှုတ်ခမ်းလေးတွေ chawအတွက် စိတ်ပူ စကားလေးတွေ အမြဲပြောပေးတဲ့ Sica unnieရဲ့ နှုတ်ခမ်းလေးကိုလည်း အရမ်းချစ်တယ်......"
Sica မျက်လုံးမှိတ်ထားရာမှ Yoonaကို စိုက်ကြည့်နေတယ်......
"Sica unnie....... "
Yoonaရဲ့ နှုတ်ခမ်းကို Sica လက်ညိုးနဲ့ ပိတ်လိုက်ပြီး
"ရှူး ဘာမှ မပြောနဲ့.. ...."
Yoona ခေါင်းငုံ့ပြီး
"တောင်းပန်ပါတယ် Sica unnie..... unnie အပေါ် chaw ခံစားချက်ထားမိပြီး unnieကို နမ်းမိလို့ Unnie မကြိုက်ဘူးဆိုလည်း မေ့ပစ်လိုက်ပါ အခု ဖြစ်သမျှကို....."
Yoonaကို Sica ထုလိုက်ပြီး
"Yrrr အရူးမ...... ဘယ်သူက မကြိုက်ဘူး ပြောနေလို့လည်း...... ဘယ်သူက ခံစားချက် မရှိဘဲ နင့်ကို နမ်းမှာလည်း နင်နမ်းတာ ဘယ်သူက ခံမှာလည်း......"
Sicaရဲ့ စကားကြောင့် Yoona ပျော်သွားပြီး
"တကယ်ပြောတာလား Sica unnie......"
"Omm တကယ်ပြောတာပါ....."
Sicaကို Yoona ဖက်လိုက်ပြီး
"Sica unnie chawကို ချစ်လား......"
Sicaက ခေါင်းညိတ်ပြတော့
"ဟင့်အင်း ခေါင်းညိတ်မပြနဲ့ ချစ်တယ်လို့ ပြော......"
"Im Yoonaဆိုတဲ့ အရူးမလေးကို ချစ်ပါတယ် ရှင့်......"
Yoonaပျော်ပြီး Sicaကို ထပ်နမ်းမယ် လုပ်တော့
"Ho....... Stop ..... နှုတ်ခမ်းက ဒဏ်ရာကို ဆေးထည့်ရအုံးမယ်လေ...... "
"ဆေးထည့်စရာ မလိုဘူး..... Sica unnieရဲ့ အနမ်းနဲ့တင် ပျောက်သွားပြီ မနာတော့ဘူး....."
"ဟုတ်လို့လား..... "
Yoona ရဲ့ နှုတ်ခမ်းက အနာကို Sica ထိလိုက်တော့
"အား.....နာတယ်...."
"ပြောတော့ ပျောက်သွားပြီ မနာတော့ဘူးဆို.... "
"နည်းနည်းနာသေးတယ် chawပြောပါတယ် Sica Unnie ရဲ့ အနမ်းက chawအတွက် ဆေးထည့်စရာ မလိုဘဲ ပျောက်တယ်လို့..."
Yoona နှုတ်ခမ်းထော်ထားတော့ Yoonaရဲ့ ပါးကို Sica ညှစ်လိုက်ပြီး
"ဒါမျိုးကျ တတ်တယ်...."
"အား.... ပါးက အရိုက်ခံထားရတာ နာတယ်"
Sica သက်ပြင်းချလိုက်ပြီး
"ငါ့ Yoongieကို အခုလို ဖြစ်အောင် လုပ်တဲ့ ကောင်မတွေ မနက်ဖြန် တွေ့ကြသေးတာပေါ့ 💭💭"လို့ တွေးပြီး Yoonaရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးနေလိုက်တယ်...
