...1...

64.9K 2.7K 85
                                    

ZawGyi

"Baekhyunee!!!Baekhyune!!!"

လူမမြင်ရသေး...လှေကားတစ်လျှောက် အော်လာတဲ့ အသံပြဲကြောင့် ကျနော် ဖတ်လက်စ note bookကို ဘေးချလိုက်ကာ အခန်းတွင်းဝင်လာမယ့် တယောက်သောသူကိုသာ စောင့်နေလိုက်မိတယ်...။

"Puppy ah..."

အခန်းထဲပြေးဝင်လာကာ ကျနော် ထိုင်နေရာ ကုတင်ပေါ် မပြောမဆိုပြေးတက်လာသော လူသားအား ကျနော် စိတ်မဆိုးမိ...။

သို့သော်...မောကြီးပန်းကြီး ပြေးတက်လာသော သူ့အား ကျနော် မျက်မှောင်ကြုတ် မာန်မိသည်...။

"Yeollie...ဘာဖြစ်လာပြန်ပြီလဲ??"

သူသည် ကျနော့်အမေးကိုမှ ပဓာနမထား ကုတင်ပေါ်ခြေဆင်းထိုင်နေသော ကျနော့် ပေါင်ပေါ် ခေါင်းတင်အိပ်လာတာက စိတ်မရှည်စရာ...

နှစ်ဖက်မိဘတွေထိ သဘောတူ စေ့စပ်ထားပြီးကာမှ Park Chanyeolဆိုသော လူသားသည် ကျနော့် အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်သော တယောက်သောသူ ဖြစ်လာသလို ကျနော့် အဖေနဲ့အမေရဲ့ အချစ်တော် တစ်ယောက်ဖြစ်လာသည် ဆိုလည်းမမှား...

"Park ssi...ဘာဖြစ်လာတာလဲဆိုကွာ...ဟင်..."

ပေါင်ပေါ်ခေါင်းတင် မျက်လုံးအစုံမှိတ်ကာ အမောဖြေနေသော အနာဂါတ် ခင်ပွန်းလောင်း၏ နဖူးစပ်က ချွေးစတချို့ကို သုတ်ပေးရင်း ကျနော် စိုးထိတ်စွာ မေးလိုက်မိတော့...

"Baek...resultထွက်ပြီ..."

ကျနော် မြတ်နိုးရတဲ့ မျက်လုံးအစုံကို ဖွင့်လိုက်ကာ ကျနော့်မျက်နှာကို မော့ကြည့်ရင်း ပြောလာတဲ့ သူ့စကားကြောင့် ကျနော့် ရင်အစုံက ဒိန်းကနဲ...

resultထွက်ပြီတဲ့...။ဒါကို ကျနော်လည်း သတိမထားမိပါလား...

"အောင်...အောင်တယ်မလား?"

နဖူးပေါ်က ကျနော့်လက်ကို ဆွဲယူကာ ခပ်ဖွဖွအနမ်းပေးလာသော သူကြောင့် ကျနော် နားလည်သဘောပေါက်စွာပင်...

"Chanyeollie!!!"

အော်လိုက်မိတဲ့ ကျနော့် အသံအဆုံး လှစ်ကနဲ ထကာ ကုတင်အောက်ကို ရောက်သွားသောသူ...။

"Baek...Puppy ah...ကိုယ် နောက်တခါ အတည်..."

"Park Chanyeol!!...ဒီတခါပါ ထပ်ကျရင် ငါမင်းကို ခွင့်မလွှတ်ဘူးလို့ ပြောထားတာနော်!!"

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now