Zawgyi...
အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ
ချစ်ရသူသာ အနားမှာရှိနေရင်
အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်
ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို
Honeyနားလည်ရင်
သိပ်ကောင်းမှာပဲ~•~•~•~•~•~•~
"Chanyeol ah~~"
မယုံကြည်နိုင်တဲ့အခြေအနေတစ်ခုကို ကျနော်လက်မခံနိုင်တာကြောင့် သူ့နာမည်ကို ခပ်တိုးတိုးခေါ်လိုက်တော့ အကြင်သူက ချောင်းတစ်ချက်ဟန့်လာပြီး...
"အခုဝတ်ထားလို့မဖြစ်သေးဘူးHyun ah..ကိုယ်တို့...."
"ဟင့်အင်း...မပြောနဲ့Park Chan..၊မင်းအခု ငါနဲ့လက်ထပ်ဖို့ကို နောက်ဆုတ်ဖို့ကြိုးစားနေတာငါသိတယ်..ဘယ်လိုစိတ်နဲ့မင်းမို့...ငါ့ကို...Chanyeolရာ..."
သူ့စကားကို အဆုံးထိမပြောစေဘဲ ကျနော်ဖြတ်ပြောလိုက်မိတယ်...။
ချစ်ရသူက မထင်မှတ်အောင်ကို သွေးနည်းတာပါလား..."မဟုတ်..မဟုတ်သေးဘူးလေ..ကိုယ်က..."
"မင်းမပြောတဲ့ လက်ထပ်ခွင့်ကို ငါ့ဘက်ကစပြောခဲ့တယ်လေ..၊ငါမပေးတဲ့လက်ထပ်လက်စွပ်ကို မင်းငါ့ကိုပေးခဲ့တာ..အခုလိုပြန်သိမ်းဖို့မှမဟုတ်ဘဲ လူဆိုးကောင်ရဲ့!!!"
အသည်းအသန်ရှင်းပြဖို့ ဟန်ပြင်လာတဲ့ ကောင်လေးကို ကျနော်သည်းမခံနိုင်ဘဲ ဖြတ်အော်လိုက်ပြီး ခေါင်းငုံ့ငိုလိုက်မိတယ်...။
သူနဲ့ပတ်သက်ရင် အသေးအဖွဲလေးကအစ မျက်ရည်ကျတတ်တာ သူမသိတာလည်းမဟုတ်ဘဲနဲ့..ဘာလို့ကျနော့်ကို ငိုအောင်လုပ်လုပ်နေတာလဲ??"Baekhyunee..မငိုနဲ့လေကွာ..၊ငိုစရာမဟုတ်ဘူးလေ Babyရာ.."
ကားခါးပတ်ကြိုးကိုဖြုတ်ပြီး ကျနော့်ဘက်တိုးလာရင်း ခပ်တိုးတိုးပြောချော့လာသူကို ကျနော်မော့မကြည့်...။
ငိုစရာမဟုတ်ဘူးတဲ့လား...။သူ့ကိုတရားဝင်ပိုင်ဆိုင်ရတော့မယ်...သူ့လက်တွဲဖော်အဖြစ် တစ်လောကလုံးကသိတော့မယ်...အချိန်တိုင်းသူနဲ့အတူရှိနေရတော့မယ်...ဆိုတဲ့အတွေးနဲ့တင် ရူးမလိုပျော်နေရတာ..၊စိတ်ကူးယဉ်ခဲ့ရတဲ့ အချိန်တစ်ခုကို စကားတစ်ခွန်းနဲ့ဖျက်စီးခံလိုက်ရတာက မျက်ရည်ကျလောက်တဲ့အထိမတန်ဘူးလို့...သူပြောချင်တာလား....။
VOUS LISEZ
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...