မင်းပြောခဲ့တယ်..ငါ့ရှေ့ကနေ အမြဲမားမားမတ်မတ် ရပ်တည်ပေးမယ်လို့...
အခု ငါ ဒုက္ခရောက်နေပြီလေ..အခက်ခဲနဲ့ ရင်ဆိုင်နေရပြီလေ...Yeollie ah...မင်းဘယ်ရောက်နေလဲ.....
~•~•~•~•~•~•~•~•~
"ကျ..ကျနော် တောင်းပန်ပါတယ်.."
တိုးတိတ်စွာထွက်လာတဲ့ ကျနော့်အသံကြောင့် လှုပ်ရှားနေတဲ့ လက်အစုံ ရပ်တန့်လို့သွားတယ်...။
"ဘာလို့ကလေးက တောင်းပန်ရမှာလဲ??တကယ်တောင်းပန်ရမှာက Park Chanyeol..အဲ့ကောင်လေ.."
အောက်လျှောကျခါနီး ကျနော့် ခန္ဓာကိုယ်ကို သူ့ကိုယ်ကြီးပေါ် ပြန်ဆွဲတင်လိုက်ရင်း ပြောလိုက်တဲ့ စကားကြောင့် ကျနော် တချက်နှာရှိုက်လိုက်ကာ...
"Yeol...Yeollie..သူ့အတွက် တောင်း..တောင်းပန်တာပါ...."
"--"
"အ.."
ချစ်ရသူကိုယ်တိုင် အမြတ်တနိုးနမ်းလေ့ရှိတဲ့ ကျနော့် ဆံနွယ်စတွေကို ငယ်ထိပ်ကနေ ဆုပ်ကိုင်ပြီး ဆောင့်ဆွဲလိုက်တာကြောင့် နာကျင်လွန်းလို့ ကျနော် အသံထွက်ညည်းလိုက်မိတယ်...။
"မင်းရည်းစား..ငါ့ကိုကျောသွားတာ ကြည့်ဦး!!ဟမ်!!ခွင့်လွှတ်နိုင်စရာလား!!ပြီးတော့..ဒီချိန်မှာ မင်းဘ၀အတွက်ပဲ မင်းတောင်းပန်ရမှာလေ!!ဟိုကောင်ကို တောင်းပန်ပေးနေစရာမလိုဘူးလေ..၊"
"သူ..သူက ကျနော့် ဘ၀မို့..."
နာကျင်မှုတွေကြားကနေ ကျနော် အံတင်းဖြေလိုက်တော့ ဖြေးဖြေးချင်းစီ လျော့သွားတဲ့ သူ့လက်အားတွေ...
"Park Chanyeolလိုကောင်ကို မင်းက ဘ၀အဖြစ်သတ်မှတ်ထားတယ်ပေါ့..ဟုတ်လား ကောင်လေး..."
ဆောင့်ဆွဲထားတဲ့ ဆံစတွေကို လွှတ်ပေးပြီး ကျနော့် ပါးတဖက်ကို ပွတ်ရင်းမေးလာတဲ့ လူကြီးအမေးကို ကျနော် မျက်လုံးစုံမှိတ် ခေါင်းငြိမ့်ရင်းသာ အဖြေပြန်ပေးလိုက်မိတယ်...။
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...