Zawgyi .
"Bwo!!!!!"
အလန့်တကြားအော်ချလာတဲ့ KyungSooကို ကျနော် အထိတ်တလန့် ပြန်ကြည့်လိုက်မိတယ်...။
ဘာရယ်ကြောင့်များ...ဒီကောင်လေးဟာ pubilcမှာ အော်ကြီးဟစ်ကျယ်လုပ်ဖို့ ၀န်မလေးတယ်မသိ...။
"KyungSoo တိုးတိုး.."
ကိုယ့်နှုတ်ခမ်းပေါ်လက်ညိုးထောင်ကန့်လန့်ထားလိုက်ပြီး အသံအုပ်အုပ်နဲ့ သတိပေးစကားပြောလိုက်မှ Do KyungSooလေးက သူ့ဘေးဝန်းကျင်က လူတွေကို အားနာဟန်လေးနဲ့ ပတ်ချာလည်လိုက်ပြုံးပြလာတယ်...။
"တကယ်ကြီးလား..Baek??"
မယုံဟန်နဲ့ ထပ်မေးလာတဲ့ သူငယ်ချင်းလေးကို ကျနော် မျက်မှောင်ကြုတ်ကြည့်လိုက်မိတယ်...။
ကျနော့်စကားကို မယုံလို့ စောစောကသူအထိတ်တလန့်ထအော်ခဲ့တာလား...ဒီလိုမျိုး ပြည်သူတွေ အေးအေးလူလူအပန်းဖြေတဲ့ ဟန်မြစ်ဘေးကမြက်ခင်းပြင်ကျယ်ပေါ်မှာလေ..။
"ငါက Chanyeollieကို အပျော်တွဲတယ်ထင်လို့ ငါတို့ wedding newကို မယုံတာလား Kyungလေး...??"
စိတ်ဆိုးဟန်အနေထားနဲ့ မေးလိုက်တဲ့ ကျနော့်အမေးစကားနဲ့ မျက်နှာအမူအရာကြောင့် ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေးက သွားတွေညီတန်းနေအောင် စိပြုံးပြလာပြီး....
"Heeeee.....အဲ့လိုမဟုတ်ပါဘူး Baekhyunကလည်း...၊ငါက ဒီတိုင်း စောသေးလို့ပါ..၊ငါနဲ့Kaiတောင် နှစ်ဖက်မိဘသိတဲ့အဆင့်ပဲ ရှိသေးတာလေ..."
ကျနော်နဲ့ကျနော့်ကောင်လေးChanyeollieတို့ထက် ချစ်သက်တမ်းပိုကြာတဲ့ KyungSooရဲ့အတွေးက ကျနော့်အသက်အရွယ်က လက်ထပ်ဖို့စောသေးတယ်လို့ တွေးထင်နေပုံပင်....။
"၅နှစ်ကျော်ပြီ...Park Chanနဲ့ငါတယောက်ကိုတယောက် အပြန်အလှန်ချစ်ခဲ့ကြတာ ၅နှစ်ကျော်ပြီလေ KyungSooရယ်..၊သူ့ဘက်ကတော့ ငါ့ကိုချစ်တာ ၆နှစ်နီးနီးရှိပေမယ့်လို့ပေါ့လေ..."
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...