Zawgyi..
"ဖြစ်ပါ့မလား.."
"မဖြစ်စရာလား???"
အပေါ်ကုတ်ကို ထပ်ဝတ်နေရင်း Yeolလေးက ကျနော့်အမေးကို အေးစက်စက်ပြန်ဖြေပေးလာတယ်...။
"Sehun ah.."
"Omm..."
ကျနော့်လက်ကို ဆုပ်ကိုင်ပြီး အပြင်ထွက်ဖို့ဟန်ပြင်နေရာကနေ Sofaထက်က သူ့ညီတော်မောင်ကို လှမ်းခေါ်လိုက်တော့ နှုတ်ခမ်းနှစ်လွှာမဖွင့်ဟဘဲ ထူးလာသော အငယ်ဆုံး...
"ကြည့်လုပ်ထားကွာ..နော်.."
Yeol အပြောကို Sehunက ခေါင်းတစ်ချက်ငြိမ့်ပြလာပြီး ထွက်သွားဖို့ လက်ဟန်ပြလာတယ်...။
"Hyunee...အေးသလား??"
ဆေးရုံအထွက်ပေါက်ကို လျှောက်နေရာကနေ ကျနော့် လက်ဖျားကို အသာညှစ်ဆုပ်ပြီး မေးလာသူကို ကျနော် ပြုံးပြခေါင်းခါလိုက်ကာ...
"ဟင့်အင်း..အဆင်ပြေတယ်ရယ်..၊Yeolသာ အနာက အဆင်ပြေလား??"
စိုးရိမ်တကြီးမေးမိတဲ့ ကျနော့်အဖြေကို ပခုံးတွန့်ပြပြီး တုန့်ပြန်လာသူဟာ နေမကောင်းရက်နဲ့ ကျနော်နဲ့အတူ night outထွက်ချင်သေး...
"ရှင်းလင်းနေတာပဲ.."
ကျနော့်ရှေ့တည့်တည့်ရပ်ပြီး ၀တ်လာတဲ့ အပေါ်ကုတ်ကို ဆွဲစိပေးနေတဲ့ Yeolကို ကျနော်မော့ကြည့်ပြီး ပြောလိုက်တော့ သူသည်လည်း ကျနော်ကြည့်ခဲ့တဲ့အတိုင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ကာ...
"ဆေးရုံပတ်ဝန်းကျင်ဆိုတော့လည်း..ရှင်းမှာပေါ့ Baeရယ်..၊မြို့ထဲသွားကြည့်ပါ့လား..ဒီချိန်ဆို စည်တုန်းပဲ..၊Clubတို့ undergroundသတ်ပွဲတို့ဆို လူတွေ Woww..ကျိတ်ကျိတ်တိုးပဲ.."
သူ့အပြောကို ကျနော် နှာခေါင်းရှုံ့ပြပြီး လမ်းအရှေ့ဘက်ကို မျှော်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကနေ မောင်းလာတဲ့ ကားတစ်စီး...
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...