"Hyunee ah…"
သူ့ပါးပေါ်ကပ်ထားတဲ့ ကျနော့် လက်တဖက်ကို ဆွဲယူကာ ကျနော်မြတ်နိုးရတဲ့ သူ့နှုတ်ခမ်းထက် ကပ်လိုက်ပြီး တမြတ်တနိုး ခေါ်လာသူကြောင့် ငုံ့ကြည့်နေရာကပင် ကျနော် မေးဆတ်ထူးလိုက်တော့…
"ဒီည အားတယ်မလား.."
ကျနော့် လက်ဖ၀ါးကို သူ့လက်ဝါး၂ခုကြား အသားညှပ်ညှပ်သလိုညှပ်ကာ စုညှစ်ရင်း မေးလာတဲ့ ကျနော့် ပေါင်ပေါ်ခေါင်းတင်အိပ်နေတဲ့ ချစ်ရသူ....
"တကယ်တော့..ငါ စာကျက်စရာတွေ ရှိတယ် yeol..."
ကျနော့်စကားဆုံးတော့ လှဲအိပ်နေရာကနေ ထထိုင်လိုက်ပြီး ဆူပုပ်ပုပ် မျက်နှာထားနဲ့ သူပြောလာတဲ့ စကားက...
"Baeနော်..ဒီစာလောက်ပဲ လုပ်နေ..၊သေရင် ကိုယ့်နောက်ပါမှကျလို့...။တကတည်း...။Hyuneeသေရင် လိုက်သေမယ့် ကိုယ့်နားမှာသာ အချိန်ပြည့် ကပ်နေပေးပါရော့လား??"...တဲ့...။
သူသည် ကျနော်နှင့် ပတ်သက်လာလျှင် အဆုံးစွန်ထိ တွေးထားတတ်သောသူ...
"မဟုတ်ဘူးလေ yeolကလည်း..၊ငါ အဲ့စာတွေ လေ့လာမှ ငါ ဆရာဝန်ကောင်းတယောက်ဖြစ်မှာလေ.."
"မဟုတ်တာ baekရာ..မင်းကိုတော့ ကိုယ် ရှာကျွေးနိုင်ပါတယ်.."
မျက်ခုံးအစုံတွန့်ချိုးရင်း ရှေ့တည့်တည့်က ကန်ရေပြင်ကို ကြည့်ကာ အလိုမကျသံနဲ့ ပြောလာတဲ့ သူ့စကားအသွားအလာက စိတ်ဆိုးနေသံတွေ ရောယှက်လို့...
"ငါ့ စားဝတ်နေရေးအတွက် ဆရာဝန်လုပ်ချင်နေတာမှ မဟုတ်တာ...၊yeol..အဲ့ဒါ မင်းအတွက်..."
ကျနော့် စကားကို လက်မခံချင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ ချစ်ရသူရဲ့ လက်တလော စိတ်ခံစားချက်ကို ကျနော် သိချင်လိုက်တာ...။
သူ ဘာတွေဖြစ်နေတာလဲ???
"ကိုယ့်အတွက်တဲ့လား baek..။ကိုယ့်အတွက်ဆို..ကိုယ့် ဘေးမှာပဲ အမြဲနေနေပေးလေ...ကိုယ်နဲ့မင်းရဲ့ တွေ့ရတဲ့ အချိန်ဟာ မင်းနဲ့မင်းprofessorတွေ တွေ့ရတဲ့ အချိန်ထက်တောင် နည်းနေတာ သတိရောထားမိရဲ့လား??တချို့ရက်တွေဆို ညမိုးသာချုပ်သွားတယ်..မင်းကို ကိုယ် ကျောင်းလိုက်ပို့ပေးတဲ့ အချိန်လေးပဲ မျက်နှာချင်းဆိုင်လိုက်ရတဲ့ နေ့တွေလည်း ရှိတယ် baekhyun..."
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...