Zawgyi..
"ခံစမ်း!!နာလည်း လိမ့်ပိန့်ပြီးသားခံ!!သေ...သေ..!!"
ပြတင်းမှန်တံခါးနား မတ်တပ်ရပ်လက်ပိုက်ပြီး ဆေးရုံကုတင်ထက်က ဆူပုပ်ပုပ်မျက်နှာထားနဲ့ ချစ်သူကို ကျနော် ဆူပူနေမိတယ်...။
တကယ်တည်း..ရန်မဖြစ်ပါနဲ့တော့လို့..တောင်းဆိုထားတာတောင် ရောက်ရာအရပ် သတ်လိုက်ရမှ..
"ကိုယ့်အပြစ်နဲ့ကိုယ်ခံ..ငါ့ကို ဆေးလိမ်းပေးဖို့ လာမပြောနဲ့..မလိမ်းပေးနိုင်ဘူး!!"
အပြောနှင့်အလုပ်ညီစွာပင် ကျနော် Yeolကို ဆေးမလိမ်းပေးပါ...၊ဆေးရုံက nurseနှစ်ယောက်ကို ခေါ်ပြီး သူနဲ့sehunကို ဆေးထည့်ခိုင်းထားရင်း.ကျနော်ကတော့ နဘေးကနေ ဆူအောင့်နေမိတာ ၁၅မိနစ်နီးနီးရှိရောပေါ့....
"Chanyeolဟာလေ..တကတည်း..၊ပြီးတော့ Sehun!"
ဒေါသတကြီး ခေါ်လိုက်တဲ့ ကျနော့်ခေါ်သံက nurseမ ဆေးလိမ်းပေးနေတာ မျက်လုံးမှိတ်ခံနေတဲ့ အငယ်ကောင်ကို ဆတ်ကနဲလန့်သွားစေတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်...။
Fighterတယောက်ကိုတောင် လန့်အောင်လုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ် နည်းနည်းတော့ ဂုဏ်တက်မိပါရဲ့...
ပြုံးချင်နေမိတဲ့ နှုတ်ခမ်းကို အမြန်ပြန်ထိန်းလိုက်ပြီး လူကို ဂြိုဟ်ကစ်ကြည့်နေတဲ့ Sehunကို ကြည့်ရင်း...
"Chanyeolကိုတားဖို့ခေါ်ပါတယ်ဆိုမှ..ဘာလို့ ၀င်ဖြစ်နေရတာလဲ??!၀င်မဆွဲဘဲနဲ့..တကတည်း!"
Park Chanတယောက်လုံး ဘေးမှာရှိနေတာပဲဟာ..Oh Sehunကိုလည်း မကြောက်ဘူး..Wu Yifanဆိုလည်း မလန့်ဘူး....။
ချစ်ရသူကို အားကိုးပြီး Sehunကို မကြောက်မလန့်ငေါက်ငမ်းလိုက်မိတော့....
"Byun Baekhyunနော်..လူကို လာလာမာန်နေတာ ၂ခါရှိပြီ!Yeol Hyungအားကိုးနဲ့ လာမိုက်နေတာလား??"
Nurseမလေးရဲ့ ဆေးထည့်နေတဲ့ လက်ကိုပုတ်ချလိုက်ပြီး လူကိုစားမတတ်ဝါးမတတ်ပုံစံနဲ့ ပြန်ငေါက်လာတာကို မမြင်ချင်ဟန်ဆောင်ကာ ကုတင်ပေါ်ငုတ်တုပ်ထိုင်ပြီး ဆေးအထည့်ခံနေတဲ့ Yeolလေးဆီ လှမ်းကြည့်လိုက်တော့ အကြင်သူက ဂုဏ်မာန်နေတဲ့ မျက်နှာထားနဲ့...
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...