...20...

19.2K 1.7K 139
                                    

Zawgyi..

"............Near far wherever you are
I believe that the heart does go on

Once more you open the door
And you're here in my heart
And my heart will go on and on

Love can touch us one time
And last for a lifetime
And never let go till we're gone

Love was when I loved you
One true time I hold to
In my life we'll always go on.......♬ ♬ ♬ "

နာမည်​ကြီးသီချင်း "My Heart will Go on.."ကို အသံ​နေအသံထားနဲ့ ​အော်​ကြီးဟစ်​ကျယ်​ဆို​ပြီး moodအပြည့်​ဝင်​​နေတဲ့ သူငယ်​ချင်းဖြစ်​သူ HaeChanကို ကြည့်​ရင်း InGukက ​ခေါင်းခါရမ်းလိုက်​​တော့ ကျ​နော်​ သ​ဘောတကျရယ်​လိုက်​မိတယ်​...။

HaeChanကလည်း သူ့အသံနဲ့ကျ​နော်​တို့နှစ်​​ယောက်​ကို ​နှောင့်​ယှက်​​နေတာ..

"​တော်​​တော့ HaeChan ah..နား​အေးပါး​အေး ​နေချင်​လို့ ​ကျောင်း​နောက်​ထဲလာကာမှ မင်းက လာနှိပ်​စက်​​နေတာ.."

HaeChanရဲ့ နားကျပ်​ကြိုးကို ဆွဲဖြုတ်​လိုက်​ပြီး မ​ကျေမနပ်​​ပြောလာတဲ့ InGukစကားကို ကျ​နော်​ ​ခေါင်းငြိမ့်​​ထောက်​ခံလိုက်​မိတယ်​...။

အတန်းကြီးလာရင်​ အတန်းချိန်​လစ်​တတ်​ရမယ်​..ဆိုတဲ့ ​ဆောင်​ပုဒ်​ကို စီနီယာအကြီးတန်းပီပီ ကျ​နော်​တို့သုံး​ယောက်​​ကောင်း​ကောင်းကြီး ကျင့်​သုံးကာ အတန်းလစ်​ခဲ့ကြ၏..။

"ငါ့​လောက်​အသံ​ကောင်းတာကို.."

ဆူပုပ်​ပုပ်​​ပြောလာတဲ့ HaeChan​ကြောင့်​ ကျ​နော်​ ဟက်​ကနဲရယ်​လိုက်​မိ​သေး...။

ကိုယ့်​ငါးချဉ်​ကိုယ်​ပြန်​ချဉ်​​နေသူပဲ...

"Baekhyun...မင်းနဲ့မင်းChanyeol ဘယ်​လိုစ​တွေ့တာလဲ??​ပြောပြပါလား..သိချင်​လို့.."

"ဟုတ်​တယ်​..ဟုတ်​တယ်​..ငါလည်း သိချင်​တယ်​.."

InGukအစပြုလိုက်​တဲ့ စကားကို ​ထောက်​ခံရင်း အနားတိုးကပ်​လာတဲ့ HaeChan..။

သူတို့​မေးလာတဲ့အ​မေး​ကြောင့်​ ကျ​နော်​ မိန့်​မိန့်​ကြီးပြုံးလိုက်​ကာ...

"အ​ဆောင်​မှာစ​တွေ့တာ.."

ကိုယ်​စီ​ခေါင်းငြိမ့်​ပြီး စကားဆက်​ဖို့​ထောက်​ခံလာသူ နှစ်​​ယောက်​​ကြောင့်​ ​​ထောင်​ထားတဲ့ ဒူးနှစ်​ဖက်​ကို ရင်​ခွင်​တွင်းတိုးဖက်​လိုက်​ပြီး...

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now