...11...

25.6K 2K 73
                                    

Zawgyi.

မင်းကို ငါ့လက်​ထဲက​နေ
လုယူသွားမယ့်​ သူ​ပေါ်လာလို့
ငါ ​သေ​လောက်​​အောင်
တုန်​လှုပ်​ခဲ့မိ​ပေမယ့်​....

တကယ်​​တော့ သူက...
မင်းကို ငါ့လက်​ထဲက မဟုတ်​ဘဲ
ငါ့ကို မင်းလက်​ထဲက​နေ ဆွဲ​ခေါ်ချင်​​နေခဲ့တာ...

စိတ်​ချ​နေပါ ချစ်​သူ
သူ​ခေါ်ချင်​​နေတဲ့
ငါဆိုတာ...မင်းကလွဲပြီး
အခြားသူ​တွေကို မသိတဲ့သူဖြစ်​​နေတာ​ကြောင့်​....
ငါ့ကို ဆုံးရှုံးလိုက်​ရမှာ မ​ကြောက်​ပါနဲ့...

ဒါ​ပေမယ့်​...
မမြင်​ရတဲ့ ကံကြမ္မာ အလှည့်​အ​ပြောင်း​တွေကို​တော့
ငါ မယုံရဲဘူး honey....

°•°•°•°•Puppy's Gangster°•°•°•°•

"အဓိပ္ပါယ်​မရှိတဲ့ စကား​တွေ ​ပြောမ​နေပါနဲ့..."...ဆိုတဲ့ စကားတခွန်းနဲ့ပဲ ကျ​နော်​ သူမ​ရှေ့က​နေ လှည့်​ထွက်​ပြီး Yeol​လေးဆီ ပြန်​လာခဲ့မိတယ်​...။

တလှပ်​လှပ်​ခုန်​​နေတဲ့ ရင်​အစုံ​ကြောင့်​ ကျ​နော်​ နစ်​နစ်​နဲနဲ ပြုံးလိုက်​မိ​တော့...

"Bae..ဘာ​တွေ​ပျော်​စရာရှိလို့လဲ??"

ကျ​နော့်​အပြုံး​ကြောင့်​ ခပ်​မြူးမြူးရွှင်​ပျသံနဲ့ ​မေးလာတဲ့ ချစ်​ရသူ မျက်​နှာထက်​မှာ ကျ​နော့်​ အပြုံးပါ ကူးစက်​သွားတယ်​ထင်​ရ​လောက်​​အောင်​ သူသည်​လည်း နုနုညံ့ညံ့ကို ပြုံးလို့...

"Yeolကို မဆုံးရှုံးရ​တော့ဘူးဆိုတာ ​တွေးမိလို့ပါ.."

ခံစားချက်​အစစ်​အမှန်​ကို ​ပြောလိုက်​​တော့ သူက မျက်​ခုံးအစုံပင့်​ပြလာပြီး ပြုံးပြလာခဲ့တယ်​...။

"Bae..ကိုယ့်​ဘ၀ထဲ လှမ်းဝင်​လာကတည်းက ကိုယ်​က hyunအတွက်​ပဲ ဖြစ်​သွားခဲ့ပြီးပြီပဲ.."

နောက်​မှီ​ခေါင်းအုံး​ပေါ် ​ခေါင်းမှီချလိုက်​ပြီး ရွှင်​မြူးမြူး​ပြောလာသူကို နှာ​ခေါင်းတစ်​ချက်​ရှုံ့ပြလိုက်​ကာ...

"အ​ပြောကြီးကလည်း..မသိရင်​ သူများကပဲ သူ့ဘ၀ထဲအတင်းဝင်​လာပြီး သူ့ကို အုပ်​စိုးခြယ်​လှယ်​​နေတာလိုလိုနဲ့...၊အဲ့လိုမ​ပြောရဘူး Yeolရဲ့.."

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now