...21...

18K 1.8K 123
                                    

Zawgyi..

လူရယ်​လို့ ဖြစ်​လာခဲ့ရင်
ကိုယ်​ချစ်​ရတဲ့သူကို
ကာကွယ်​ရမှာဟာ ဓမ္မတာတစ်​ခုပဲတဲ့....

တစ်​ချိန်​က Yeol​လေး ကျ​နော့်​ကို ​ပြောခဲ့ဖူးတဲ့ စကားတစ်​ခွန်း...

..\\..အဲ့​ကြောင့်​မို့ ကိုယ်​ Baeကို ကာကွယ်​မှာပဲ..၊အဲ့လို​ပြောလို့ ကိုယ်​ လူပီသချင်​တာနဲ့ ကာကွယ်​တာမဟုတ်​ဘူး​နော်​..၊BaeBaeကို အထိခိုက်​မခံနိုင်​လို့ အနာတရဖြစ်​တာ မမြင်​ရက်​လို့ ကိုယ်​ ကာကွယ်​တာ..ကျန်​တာ​တွေ ကိုယ်​ ဂရုမစိုက်​ဘူး..//...တဲ့...

ဟင့်​အင်း...Yeol ah..ငါ​တော့ ဂရုစိုက်​တယ်​...အကယ်​၍ ငါသာ မင်းကိုကာကွယ်​လိုက်​ရင်​...ငါမင်းနဲ့ ကွဲရလိမ့်​မယ်​လို့ ငါထင်​​နေတယ်​...။ဒါဆို..ငါ ဘယ်​လိုလုပ်​ရမလဲ Yeol ah..

Chanyeollie ah...ငါ​လေ မင်း ထိခိုက်​မှာလဲ မလိုချင်​သလို မင်းနဲ့​ဝေးရမှာလဲ မလိုချင်​ဘူး..

ငါ..ဘာလုပ်​​ပေးရမှာလဲဟင်​???

°•°•°•°•°•°•Puppy's Gangster•°•°•°•°•°

မျက်​စိ​ရှေ့မှာ ပါး​စောင်​နှစ်​ဖက်​အပြည့်​ ထမင်း​တွေ သွတ်​သွင်းထားပြီး မြုံစိစိဝါး​နေတဲ့ Park Chanကို ကျ​နော်​ ​ငေးကြည့်​​နေမိတယ်​...။

ကျ​နော့်​​မေ​မေ ဟင်းချက်​လက်​ရာပဲ ​ကောင်းလို့လား??
သူပဲ အတိုးချ ငတ်​​နေလို့လား​တော့မသိ..စား​သောက်​​နေတဲ့ပုံဟာ တချိန်​က သမ္မတရဲ့သားကြီး ၊ ယခု အမတ်​​လောင်းရဲ့ သား ၊ ဒါထက်​ပိုသည်​က...လူမိုက်​​လေး Park Chanyeol..ထိုimage​တွေကို ဒီလူသား ဘယ်​​ချောင်​ထိုးခဲ့လို့ အခုလိုမျိုး အလဲလဲအကွဲကွဲ စား​သောက်​​နေနိုင်​တယ်​မသိ...။

"​​ကောင်းလား..??"

ခပ်​မို့မို့ ထမင်းဖြူ​ပေါ် ၀က်​​ပေါင်​​ခြောက်​တစ်​ပြား တူနဲ့ညှပ်​တင်​​ပေးလိုက်​ပြီး ကျ​နော်​ ​မေးလိုက်​​တော့ တင်​​ပေးလိုက်​တဲ့ အသားပြားကို သူ့တူနဲ့ပြန်​ညှပ်​ယူလိုက်​ပြီး ​ခေါင်းသုံးဆင့်​ဆက်​တိုက်​ငြိမ့်​ပြလာသူ​ကြောင့်​ ကျ​နော်​ ​ခေါင်းခါရမ်းလိုက်​ကာ...

"Omma yah~~~Park Chanyeolကို ​နောက်​ရက်​ ထမင်းစားမ​ခေါ်​တော့ဘူး...၊ဆန်​ကုန်​တယ်​.."

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now