"ငါတို့ပြတ်ပြီ...yeol..."
ထိုစကားစုအား ပို့ထားခဲ့သည်မှာ တော်တော်ကြာနေခဲ့ပါပြီ...။
တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့၂နာရီနဲ့၃မိနစ်တိတိက ပို့ထားခဲ့တာ...။
သူ ဘယ်ချိန် စာပြန်မလဲဆိုတာ သိချင်စိတ်နဲ့ screenကိုတောင် မပိတ်သေးဘဲ 15minခြားတခါ မည်းမလိုဖြစ်ဖြစ်သွားတဲ့ ph screenကို လက်နဲ့ပွတ်ပွတ်ပေးနေပြီး စောင့်ကြည့်နေရတာ ကျနော့်လက်ထိပ်လေးတွေတောင် ပူရောပေါ့...။
သို့သော်ငြား...ထိုစာစုလေးကတော့ sentကနေ seenမဖြစ်သေး...။
Yeol...သူ ကျနော့်စာကို ဖွင့်မဖတ်နိုင်လောက်အောင်ကိုပဲ အလုပ်ရှုပ်နေသလား...ဒါမှမဟုတ်...ကျနော့်ကိုပဲ အလေးမထားတော့တာလား??
မင်း သတ်မှတ်ထားတဲ့ ချစ်ခြင်းရဲ့ အဓိပ္ပါယ်ကို ငါသိချင်မိတယ် Honey...။
Screenထက် ပေါက်ကနဲ ကြွေဆင်းသွားတဲ့ မျက်ရည်စက်
ကုန်လုလုဖြစ်နေတဲ့ batteryကြောင့် ...power offဖြစ်မသွားခင်လေး ကျနော် သူ့replyကို မြင်သွားချင်သော်ငြား...ချစ်ရသူသည် ရက်စက်စွာပင် လျစ်လျူရှုထားခဲ့သည်...။
"မင်း...ရက်စက်ဆဲပဲ yeol.."
နာကျင်စွာပင် တစ်ချက်ပြုံးလိုက်ပြီး power keyကို နှိပ်မယ်ပြင်ကာမှ ချက်ချင်းဆိုသလို seenဖြစ်သွားသော အစိမ်းရောင်စာစုငယ်...
သူ ဘာပြောမလဲ ရင်ခုန်စွာပင် စောင့်မျှော်မိပါရဲ့...။
သွေးအေးစွာဖြင့်..."အင်း..မင်းသဘောပဲ.."..ဟု သူ ဆိုလာလေမလား...
အသက်မဲ့သူပမာ..."အင်း.."..တစ်လုံးပဲ သူ ပြန်လာလေမလား...
ချစ်တတ်သူပမာ..."ကိုယ့် အမှားတွေ ပြင်ပါ့မယ်.."..ဟုပဲ နူးနူးညွတ်ညွတ် တောင်းဆိုလေခဲ့မလား...
အချစ်ကြီးသူလို..."ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ်.."..လို့ပင် သူ ခြိမ်းခြောက်လာခဲ့မလား...
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...