...9...(1)

21.3K 1.9K 135
                                    

"အပျက်​ပျက်​နဲ့ နှာ​ခေါင်း​သွေးထွက်​​တော့မှာပဲကွာ.."

အခန်းတံခါးမ​ခေါက်​ပါဘဲနဲ့ သူ့စိတ်​ထဲရှိ​နေတဲ့ စကားကိုသာ နှုတ်​ခမ်းဖျားက​နေ မ​ကျေမနပ်​ ​ရေရွတ်​ပြီး တံခါးကို တွန်းဖွင့်​ဝင်​လာသူက သူငယ်​ချင်းဖြစ်​သူ kyung soo..

ကုတင်​​အောက်​ကို ​ခြေချထိုင်​ပြီး နွမ်းဖတ်​​နေတဲ့ ကျွန်​​တော့်​ကို မြင်​​တော့ Sooရဲ့ ​ခြေလှမ်း​တွေက တုန့်​ကနဲရပ်​သွားပြီး ကျွန်​​တော့်​ကို တအံ့တသြ​ငေးကြည့်​လာခဲ့တယ်​...။

"​နေမ​ကောင်းဘူးလား baek??"

စိုးရိမ်​တကြီး ​မေးလာတဲ့ သူ့အ​မေးကို ကျွန်​​တော်​ ​ခေါင်းခါရမ်းပြီးချိန်​မှာပဲ Soo​လေးက ကျွန်​​တော့်​​ရှေ့က စာကြည့်​စားပွဲထိုင်​ခုံမှာ ၀င်​ထိုင်​​နေခဲ့ပြီ...။

"မင်းကြည့်​ရတာလည်း လမ်း​ဘေး ​တော့ပိုကီဆိုင်​က လက်​နှီးစုတ်​​လေးကျ​နေတာပဲ..၊ဘာလဲ..စာ​တွေခက်​လို့လား??"

ဟာသ​နှောပြီး ​ပြော​လာတဲ့ KyungSooကို ကျ​နော်​ စိတ်​လိုလက်​ရ ပြန်​မပြုံးပြခဲ့ပါ...။

အခုချိန်​မှာ..ဒီနှုတ်​ခမ်းပါးက​နေ အပြုံးတစ်​ပွင့်​ထွက်​လာဖို့ဆိုတာ ကိုယ့်​လည်​ပင်းကို လက်​နဲ့အတင်းညှစ်​ရင်​​တောင်​ ထွက်​လာမှာမဟုတ်​....။

"Baekhyun..မင်း ဘာဖြစ်​​နေတာလဲ??မင်းကြည့်​ရတာ စိတ်​မချမ်းသာလိုက်​တာကွာ..တကတည်း..ဟွန့်​.."

မ​ကျေမနပ်​နဲ့ ပိုရန်​​ကောဆိုတဲ့ အကြည့်​​တွေနဲ့ ​ပြောလာတဲ့ KyungSooရဲ့ ပုံစံက ကျ​နော့်​ကို ဒွိဟဖြစ်​​စေတယ်​...။

သူ..ကျ​နော်​ နဲ့ yeolရဲ့ ပြဿနာကို မသိ​သေးဘူးလား??

ဒါဆို..​စောနက သူ​ပြောလာတဲ့ အပျက်​ပျက်​နဲ့ နှာ​ခေါင်း​သွေးထွက်​မှာ...ဆိုတာက​...ကျ​နော်​တို့ကို ရည်​ရွယ်​​ပြောတာ မဟုတ်​ဘူး​ပေါ့...။

"Baekhyunတို့က​တော့​နော်​...ကဲကိုကဲတယ်​.."

နှာ​ခေါင်း​လေးရှုံ့ပြီး ထပ်​​ပြောလာတဲ့ KyungSooကို ကျ​နော်​ တအံ့တသြ​ငေးကြည့်​​နေလိုက်​မိတယ်​..။ကဲတယ်​တဲ့လား??​သေ​လောက်​​အောင်​ ချစ်​ရသူနဲ့ ပြတ်​စဲလုနီးနီးအ​ခြေ​နေမှာ ကျ​နော်​ ​ငေးငိုင်​​နေမိတာက မိုင်​ပိုတယ်​တဲ့လားဗျာ...။

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now