"Way...Baekhyun!!!"
ကျနော့်ကို လှမ်းခေါ်လာတာကြောင့် ကျနော် နောက်လှည့်ကြည့်မိတော့ ကိုယ်ပိုင်လက်ကိုယ်စီ လေထဲဝေ့ယမ်းပြပြီး နှုတ်ဆက်နေကြတဲ့ MinSeok hyung နဲ့ Chen..
ကျနော့်ဆီလာနေတာကြောင့် ကျနော် နေရာကနေ တစ်စင်တီမီတာမှ မရွေ့ဘဲ ရပ်စောင့်နေလိုက်မိတယ်...။
"L.T.N.S"
ကျနော့်ပခုံးကို ပုတ်ပြီး အတိုကောက်နှုတ်ဆက်လာတဲ့ chenကို ကျနော် ပြုံးရုံတင်သာပြုံးပြလိုက်တော့တယ်..။
"Baekhyun..Chanyeol လိုက်မပို့ဘူးလား??"
ခုလေးတင်မှ သူတို့ဝင်လာခဲ့တဲ့ ကျောင်းဂိတ်ဝကိုတလှည့် ဟိုးmain buildingထိ မြင်နေရတဲ့ ကျောင်းလမ်းမကျယ်ကိုတလှည့်စီ ကြည့်ပြီးမေးလာတဲ့ Minseok hyung အမေးကြောင့် ကျနော့် ဒေါသကထောင်းခနဲ...
"တောက်!!hyung ကျနော့်ကို သူ့အကြောင်းမမေးနဲ့ဗျာ!"
မဆိုသလောက်မာသွားတဲ့ ကျနော့်အသံကြောင့် Minseok hyung ရော Chenကပါ အလန့်တကြားနဲ့ နောက်တလှမ်းဆီဆုတ်သွားကြတယ်...။
တချိန်ကတော့..baekhyunကို hyung ကာကွယ်ပါ့မယ်လို့ ပြောခဲ့တဲ့ minseok hyung..ခုကျတော့ ကျနော်ဒေါသထွက်နေမှန်းလဲသိရော...သူ့ ရည်းစား Kim Chenကို လက်ကောက်ဝတ်ကနေဆွဲပြီး ကျနော့်အနားကနေ သူ့အနောက်ကို နေရာရွေ့လိုက်တာက...tsk..စိတ်တိုနေတယ်ဆိုမှ လာပြီးroပြနေကြတာ..
"ဘာ..ဘာဖြစ်ခဲ့ကြတာလဲ??မင်းနှာခေါင်းထိပ်လည်း ရဲတွတ်နေတာပဲ..။Oh God!!မဟုတ်မှ..."
အလန့်တကြားအော်ပြီး ဆက်မပြောဘဲ ရပ်နေတဲ့ Chenကို ကျနော် မျက်မှောင်ကြုတ်ကြည့်မိသလို Minseok hyungကလည်း သူ့ကောင်လေးသူ ခေါင်းလေးစောင်းပြီး ကြည့်နေတာ...။
"Chan...Chanyeol..မင်းနှာခေါင်းကို ကိုက်လိုက်တာလား??"
"Oh..Chen ssi.."
အဓိပ္ပါယ်မရှိတဲ့ ထင်ကြေးကြောင့် ကျနော် စိတ်ပျက်သွားပေမယ့်...Minseok hyungကတော့ Chenအဖြေဟာ ကလေးဆန်လွန်းပြီးရိုးသားဖြူစင်တယ်..ဆိုတဲ့ အတွေးတွေနဲ့ပဲ တွေးကြည့်ရှာတယ်ထင်ပါတယ်..သဘောတကျနဲ့ကို အားရပါးရ ရယ်နေတာ..။
![](https://img.wattpad.com/cover/109489688-288-k927140.jpg)
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...