Zawgyi..
လိုက်ကာစကို အသာလှစ်ဟကြည့်လိုက်ပြီး ကျနော် နှာခေါင်းရှုံ့လိုက်မိတယ်...။
အလကားလူကြီး..အခုမှ...။"ဟွန်း...စိတ်တိုတယ်..တကယ်.."
လှပ်ထားမိတဲ့ လိုက်ကာစကို ပြန်လွှတ်ချလိုက်ပြီး အနားက ဆိုဖာပေါ်ထိုင်ချလိုက်ရင်း ကျနော် ခပ်တိုးတိုးငြီးလိုက်မိတယ်..။Park Chanyeolဆိုတဲ့ ကောင်လေးဟာ ဘယ်လိုရယ်ကြောင့်များ လူအများကြီးနဲ့ဂိုဏ်းထောင်ဖို့ စိတ်ကူးတယ်မသိ...။ဒါကိုလဲ ကျနော် မသိအောင်လျှိုထားသေးတာ...။ရှေ့မှာကျ လူလေး၅ယောက်တည်းရှိတဲ့ FireLightလိုလိုနဲ့...။
"YiFan Hyungရဲ့ နောက်လိုက်တွေနဲ့..သူ့လူတွေပါ ပေါင်းလိုက်ရင်...Ha..တော်တော်အင်အားကြီးမှာပဲ...နေစမ်းပါဦး..ဒီလိုနဲ့..ဆိုးသွမ်းတာတွေလုပ်လာလို့ နိုင်ငံတော်ကအလိုရှိတဲ့သူ ဖြစ်လာခဲ့ရင်ရော??အင်း...Heroicက သူ့လိုချင်တာလည်း အဆန်းမဟုတ်ပါဘူး..၊ငါ့နှယ်..လူငယ်လေး၅ယောက်အဖွဲ့က ခေါင်းဆောင်ကို လိုချင်လို့ အံ့သြနေတာ..လက်စသတ်တော့..ဒင်းလေးက နောက်ကွယ်ကနေ လူစုကြီးကရှိပြီးသား...၊ဟုတ်တော့ဟုတ်နေတာပါပဲလေ...ဒီပြင်နိုင်ငံတွေက YiFan hyungရဲ့ လူတွေရယ်..ဒီနိုင်ငံက သူ့လူတွေရယ်..ပြီးတော့..Heroicရဲ့ လူတွေပါ ပေါင်းလိုက်ရင်...ထိန်းမနိုင်သိမ်းမရ ကမ္ဘာကျော် လူဆိုးဂိုဏ်းကြီးဖြစ်သွားမှာသေချာတယ်...။ဘယ်လိုအတွေးနဲ့များ..ဂိုဏ်းထောင်လူစုနေတယ်မသိဘူး..၊Park Chanyeolဆိုတာ..ငါ့ကို အသက်တိုစေချင်နေတယ်နေမှာ..."
ဟိုတွေးပူဒီတွေးပူနဲ့ ကျနော် တစ်ယောက်တည်း အိမ်ရှေ့ဧည့်ခန်းထဲမှာ ငြီးတွားနေမိပြန်တယ်...။
"မင်းကိုလေ ငါ လျစ်လျူရှုထားပစ်ချင်တယ်.."
အိမ်ရှေ့တံခါးဝကို လှမ်းကြည့်ရင်း ခပ်တိုးတိုးပြောလိုက်မိတဲ့နောက်မှာတော့ ကျနော့်ဆီကနေ သက်ပြင်းချမှုက တပါတည်းလိုက်ပါပြီးသား...။
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...