"အင်..Byun Baekhyun??"
အထူးအဆန်းအသံနဲ့ ကျနော့်နာမည်ကို ခေါ်လာတာကြောင့် မြေပြင်ကို ငုံ့ကြည့်နေရာကနေ ပြန်မော့ကြည့်လိုက်တော့...လက်တဖက်က ဘောင်းဘီအိတ်ထဲ နှိုက်ထားပြီး ကျန်တဖက်ကနေ သော့ကွင်းလေးထဲ လက်ညိုးလျှိုသွင်းကာ ဝေ့ဝဲဆော့နေတဲ့ Sooလေးချစ်ရသူ Kim Jong In...
Aww...သူတို့တောင် လေ့လာရေးခရီးက ပြန်လာခဲ့ပြီပဲ..
လူကို မျက်မှောင်ကြုတ်ကြည့်နေတဲ့ Jong Inကို မပီမသအပြုံးလေးနဲ့ပြုံးပြလိုက်မိတော့...
"ဘာလာလုပ်တာလဲ??Yeol hyung တိုက်မှာ မရှိဘူး."
ငါသိပြီးသား အဖြေတစ်ခုပါ...
"အင်း..သိတယ်.."
ကျနော့်အဖြေဆုံးတော့ jong inက "သိရက်နဲ့."..ဆိုပြီး မကျေမနပ်သံနဲ့ ခပ်တိုးတိုးရေရွတ်လာလေရဲ့...
"ခင်ဗျား ဘာဖြစ်နေတာလဲ??"
သက်ပြင်းချပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ ကျနော့်ပုံစံကြောင့် သူက စိတ်မရှည်တဲ့ အသံနဲ့မေးလာပြန်ရော...
"အထဲဝင်ထိုင်မှာဆိုလည်း ထိုင်နေ..၊ခြံရှေ့မှာတော့ ခုလိုကြီး ငုတ်တုတ်ကြီးထိုင်နေတာ မြင်မကောင်းဘူး..ရော့..သော့..ဝင်နေချည်..ကျနော် အပြင်သွားမလို့..."
သူ့အမေးကို ပြန်မဖြေတော့ jong inက သူ့လက်ထဲက အိမ်သော့လေးကို ကျနော့်ပေါင်ပေါ်ပစ်တင်ပေးရင်း သူမတူစွာ စကားရှည်ကြီးကို ရှင်းပြလာတယ်...
"Kyungဆီသွားမလို့လား??"
သော့လေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျနော် မော့ကြည့်ကာ မေးလိုက်တော့...
"အင်း...၊ခင်ဗျား သူငယ်ချင်းကြီးက သူ့ကို ကားနဲ့လာမခေါ်ပါနဲ့..လမ်းလျှောက်ပဲ လာခေါ်ပါတဲ့လေ...၊အဲ့ကြောင့်မို့ ကားတောင်ထားခဲ့ရတယ်..ခင်ဗျားလေးသူငယ်ချင်း ရစ်ချက်ကတော့..ဒီနေ့အပြင်သွားတာ ကားနဲ့မသွားချင်ပါဘူးတဲ့လေ...huk..huk.."
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...