"ခွမ်း!!"
ကြားလိုက်ရတဲ့ တခုခုကျကွဲသံကြောင့် မှေးမှိတ်ထားတဲ့မျက်ဝန်းအစုံက ဆတ်ကနဲ ဖွင့်လာမိတယ်..။
တစ်ခန်းလုံးကတော့ မည်းမှောင်လို့...
"Yeol??"
မပြတ်မသားဖြစ်နေတဲ့ မျက်ဝန်းတွေကို လက်ခုံနဲ့ ဖိပွတ်လိုက်ပြီး ချစ်ရသူကို တမိပေမယ့် ပြန်ထူးသံကထွက်မလာ...
နဘေးကို စမ်းကြည့်မိတော့လည်း သူ့ကုတင်ကျယ်ထက်မှာ ကျနော် တယောက်တည်း...
သူက ကျနော့်ကို ကျောဘက်ဆီကနေ ထွေးဖက်ရင်း အိပ်ယာဝင်ခဲ့ကြတာကို အခု သူက ဘယ်ရောက်နေတာလဲ??
Bedsideပေါ်က ဖုန်းလေးကို ယူပြီး အချိန်ကြည့်မိတော့ မနက်၁၂နာရီ၄၅မိနစ်...။
"ဒီချိန်ကြီး ဘယ်ရောက်နေတာလဲ??"
နားထဲခပ်သဲ့သဲ့ကြားလိုက်ရတဲ့ ပန်းကန်သံတွေကြောင့် ကျနော် ထိတ်ကနဲ ဖြစ်သွားတယ်...။
ဘုရားသခင်..အိမ်ထဲ သူခိုးဝင်နေပြီလား??
လက်ထဲက စောင်စကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ချစ်ရသူဆီ ဖုန်းဆက်ဖို့ ပြင်လိုက်တယ်...။
နံပါတ်(၁)ခလုတ်ကို နှိပ်ဖို့ပြင်ပြီးကာမှ သတိထားမိလိုက်တဲ့ အကြောင်းတချက်ကြောင့် နှုတ်ခမ်းပါးတစ်စုံက လှလှပပနဲ့ ပျော်ပျော်ပါးပါးကို ကော့တက်မိသွားတယ်...။
"လူဆိုးကောင်..လူကိုလန့်အောင်လို့.."
တွေးမိလိုက်တဲ့ အတွေးစနဲ့အတူ သူ့ကို ချစ်စနိုးတိုင်တည်ပြီး မကျေမနပ်ရွတ်ကာ ကုတင်ပေါ်က ဆင်းလိုက်တော့..အိုး..ရှက်စရာ...စောင်ခြုံကာထားလို့သာ သတိမထားမိတဲ့ ကျနော့်ခန္ဓာကိုယ်က အခု စောင်ခြုံလည်း ကွာရော..အမေ့ဝမ်းထဲက ထွက်ကာစ ကလေးတယောက်ပုံစံနဲ့...
"Arshi..Park Yeollie..ပြန်လည်းမဝတ်ပေးထားဘူး.."
စောင်ပုံထဲက ကျနော့် ဘောင်းဘီကို ပြန်ဆွဲရှာဝတ်လိုက်ပြီး လက်လှမ်းမှီရာ အင်္ကျီလှမ်းဆွဲဝတ်လိုက်မိတယ်..။ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်မိတော့ ကျနော် ဝတ်ထားတာက နှစ်ထည်လုံး yeolဟာတွေချည်းပဲ..။
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...