Zawgyi..
"ထွက်သွား!!!"
အိမ်မကြီးထဲ ခြေချကာရှိသေး..အပေါ်ထပ်ကနေ ပျံ့လွင့်လာတဲ့ အော်သံကြောင့် ကျနော့်ခြေလှမ်းတွေက ရှေ့ပဲဆက်တိုးရမှာလိုလို..နောက်ပဲပြန်ဆုတ်ပြေးရမှာလိုလိုနဲ့
"ထွက်သွား..လို့ ငါပြောနေတယ်!!!"
သေချာပါတယ်..ဒါ Yeolအသံပါ..ဒီကောင်လေး ဘာဖြစ်ပြန်ပြီလဲ??
တိုက်ကို အပြင်လူဝင်ခွင့်မရှိတာ ကျနော်အသိဆုံး..ဒါဆို သူဘယ်သူ့ကို စိတ်ဆိုးပြီး အော်နေတာလဲ??သူ့ညီအကိုတွေ??ဟင့်အင်း...မဖြစ်နိုင်...FireLightဆိုတာ ဘယ်သောအခါမှ အချင်းချင်းရန်မဖြစ်ကြတဲ့အဖွဲ့...
ဒါဆို..အခု ဘယ်သူက....
"မသွားနဲ့..Byun Baekhyun."
အိမ်အပေါ်ထပ်ကို ပြေးတက်ကြည့်မယ်ပြင်မှ ထွက်လာတဲ့ ဟန့်တားသံကြောင့် အသံလာရာ ဧည့်ခန်းဘက်လှည့်ကြည့်မိတော့ sofaပေါ်မှာ ကျကျနနထိုင်နေကြတဲ့ Zi Tao , Oh Sehun နဲ့ Kai.
ကျနော့်ကို တားမြစ်လာတဲ့ Taoတစ်ယောက်သာ ကျနော့်ကိုကြည့်နေပြီး Kaiကတော့ စိတ်ဝင်စားဟန်မရှိတဲ့ သတင်းစာတစ်စောင်ကို ဟန်ဆောင်စိတ်ဝင်စားဟန်ပြုပြီး ဖတ်နေသလို Sehunကလည်း Kaiအင်္ကျီလက်မောင်းက ကျနေတဲ့ ကြိုးရှည်တွေကို ကျစ်ဆံမြီးကျစ်သလို စိတ်ရှည်လက်ရှည်ထိုင်ကျစ်ပေးနေလေရဲ့...
"ဘယ်..ဘယ်သူရောက်နေတာလဲ Tao??"
ထိုသုံးယောက်နားသွားရပ်ပြီး သိချင်တာကို မေးမိတော့ Taoက "စပ်စုလိုက်တာ.."...လို့ ခပ်တိုးတိုးပြောပြီး ကျနော့်ဆီက အကြည့်လွှဲသွားကာ ကိုင်ထားတဲ့ ကြက်အူချောင်းကိုသာ အခွံခွာနေတာက စိတ်မရှည်စရာ..။
"Kai ah.."
"Oh Sehun..အားယားနေရင်လည်း သူသိပ်သိချင်နေတာကို ဖြေပေးလိုက်!!!!"
တယောက်မေးမရ နောက်တယောက်ပြောင်းမေးမယ်ပြင်ပြီး နာမည်စကာရှိသေး နဘေးက Sehunလက်ကို ပုတ်ထုတ်ကာ မာန်မဲလိုက်တဲ့ Kim Kaiကြောင့် အယောင်ယောင်အမှားမှားနဲ့ ကျနော့်ခြေတလှမ်းနောက်ဆုတ်မိသွားသေး...
YOU ARE READING
Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]
Fanfictionတချိန်က မင်းရဲ့ puppyဖြစ်ခဲ့တုန်းကလည်း မင်းကြောင့် ငါငိုခဲ့ရတယ်...။ အခု..မင်းက ငါ့ရဲ့ gangsterလေး ဖြစ်လာတော့လည်း ငါ ဆက်ငိုရစမြဲပဲ...။တခါတလေတော့လည်း မင်းကြောင့် ငါ လှိုက်လှိုက်လှဲလှဲ ပျော်မိပါတယ်...။ ကျေးဇူးပြုပြီးတော့...ငါ့...