အခန်း (၁)

23.1K 919 12
                                    

လူမိုက်တစ်ဖွဲ့က ကြည်ရှုယွမ်ကိုဖမ်းချုပ်ပြီး အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားတော့ ပြင်သစ်စတိုင် ပြတင်းပေါက်ရှေ့မှာ ထူးထူးဆန်းဆန်း လူတစ်ယောက်ရပ်နေခဲ့သည်။ ဖုန်းကို နားမှာကပ်ပြီး စကားပြောနေတာ ကြည့်ရတာ အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို ဆွေးနွေးနေတုန်း ဖြစ်လိမ့်မည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီလူက လူကောင်းမဟုတ်မှန်း သိသာနေသည်။

ကြည်ရှုယွမ်က အဲဒီလူကို တိတ်တဆိတ် ဆန်းစစ်နေလိုက်သည်။ အရပ်မြင့်မြင့် ပိန်သွယ်သွယ် ခန္ဓာကိုယ်နဲ့ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပေမယ့်လည်း ခေါင်းအစခြေအဆုံး လွှမ်းမိုးနေတဲ့ ရက်စက်သည့် အရိပ်အယောင်များကို မဖုံးကွယ်ထားနိုင်ပေ။ အခန်းထဲမှာရှိနေပေမယ့် သူ့ မျက်လုံးတွေကို မမြင်နိုင်အောင် နေကာမျက်မှန်တစ်စုံ တပ်ထားလေသည်။

ဒါပေမဲ့လည်း သူ့ရဲ့ အကြောက်အလန့်မရှိတဲ့ ရဲရဲတင်းတင်း မျက်နှာကတော့ ထင်ရှားနေသေးသည်။

သူ့ရဲ့ မသိမသာ ရက်စက်တဲ့ပုံစံမျိုးနဲ့ ကွဲလွဲစွာ သူ့အသံက အလွန်နားထောင်ကောင်းသည်။ အသံက သြရှရှပေမယ့် တိုးတိုး ပြေပြေပြစ်ပြစ်နှင့် တည်တည်ငြိမ်ငြိမ်ရှိ၏။ အမှန်အတိုင်းပြောရရင် နှစ်လိုဖွယ်ကောင်းပြီး နားထောင်ရတာ အတော်လေး ဆွဲဆောင်မှုရှိသည်။ နှမြောစရာပင်။

" ဒါဆိုလည်း သူ့လက်ဖြစ်ဖြစ် ခြေထောက်ဖြစ်ဖြစ် တစ်ခုခုဖြတ်လိုက်... မြန်မြန်လုပ်.. ဟင့်အင်း... ငါဒီနေ့လုပ်စရာရှိတယ်။ မနက်ဖြန်လျှိုဇီ့ကိုလာခိုင်းလိုက်"

ခဏကြာလို့ သူလှည့်ကြည့်လိုက်တဲ့အခါမှ သူ့မျက်နှာတစ်ဖက်ခြမ်းမှာရှိနေတဲ့ အမာရွတ်အရှည်ကြီးကို ကြည်ရှုယွမ် မြင်လိုက်ရ၏။

ဒဏ်ရာက နဖူးဘေးဘက်ကနေစပြီး မျက်လုံးထောင့်ကို ထိလုထိခင် နားရွက်အောက်အထိ ရောက်သည်။

"ဆရာကြည်... ရောက်ပြီပဲ"

အဲဒီလူက သူ့ဘက်ချက်ချင်းလှည့်လိုက်ပြီး သူ့ တပည့်တွေကို ဆူရင်း သူ့ဆီကို ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့သည်။

Lawless Gangster (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora