အခန်း (၁၄)

4.5K 448 11
                                    

ရှောင်လီက သူ့ရဲ့ရေစက်လက်ကျနေတဲ့ဆံပင်ကို တဘက်နဲ့သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ ဒါပေမဲ့ သူတွေ့လိုက်ရတာက မိန်းမနှစ်ယောက် အိပ်ရာပေါ်မှာ လှဲနေတာပဲဖြစ်သည်။

"ဝိုး...ရှင်က အစ်ကိုလီလား"

ဆံပင်အကောက်နဲ့မိန်းမက ထထိုင်လိုက်ပြီး သူ့ဆံပင်အရှည်ကိုသပ်လိုက်ကာ...

"အရမ်းယောက်ျားပီသပြီး... အရာရာတိုင်းကလည်း ပထမတန်းစားပဲ"

ဆံပင်အဖြောင့်နဲ့ နောက်ထပ်မိန်းမတစ်ယောက်က အိပ်ရာပေါ်မှာ လှဲနေတုန်းပဲရှိသေး၏။ သူက လက်ချောင်းလေးကိုပါးစပ်ထဲထည့်ကာ စုပ်လိုက်ရင်း ရှောင်လီ့ကို စွဲဆောင်သလိုမျိုး စိုက်ကြည့်လိုက်သည်။ သူ့လက်ချောင်းကို ကိုက်ရင်းနဲ့ ပြုံးပြီးပြောလိုက်သည်။

"အစ်ကိုလီက ပထမတန်းစားဖြစ်ရုံတင်မကဘူး... သူက အရည်အချင်းလည်းရှိတယ်... သူက Wu Tou Gui နဲ့ Lao Bing Gui တို့ကိုတောင် ဖမ်းနိုင်တယ်လို့ကြားတယ်... ချင်းရယ်*က သူ့ကိုယ်ပိုင်မိန်းကလေးတွေနဲ့ ဆုချချင်တာ မဆန်းပါဘူး"

(ချင်းရယ် - "ရယ်" ဆိုတာ သခင်ဆိုတဲ့အဓိပ္ပာယ်ပါ... သခင်ကြီးချင်းလို့ ခေါ်တာပါ... သူက ရှောင်လီတို့ရဲ့ ခေါင်းဆောင်ပါ... ရှည်လို့ ''ချင်းရယ်''လို့ပဲ ဘာသာပြန်ပါ့မယ်)

ဆံပင်ကောက်နဲ့မိန်းမကလည်း သူ့လက်ချောင်းကို ဖြည်းဖြည်းလေးစုပ်ရင်း...

"အစ်ကိုလီ...ချင်းရယ်က ပြောလိုက်တယ်... ဒီတစ်ခေါက် နှစ်ယောက်ဖမ်းမိလို့ သူက မိန်းမနှစ်ယောက်ပို့လိုက်တယ်... နောက်တစ်ယောက်ဖမ်းမိရင် တွေ့ဆုံပွဲလုပ်ပြီး ဆုချချင်တယ်လို့ပြောတယ်... ဒါဆိုကျွန်မတို့လည်း လိုက်ခဲ့မယ်လေ... အဲဒီလိုဆိုရင် မကောင်းဘူူးလား"

ရှောင်လီက အိပ်ရာဆီကိုလျှောက်လာရင်း ရယ်ပြီးပြောလိုက်သည်။

"စိတ်မကောင်းစရာပဲ...

ငါက သုံးယောက်တွဲမကြိုက်ဘူး...

တစ်ယောက် တစ်ယောက်ချင်းပဲကြိုက်တယ်"

"အော်...မသိခဲ့မိဘူး...အစ်ကိုလီက အရမ်းသိက္ခာရှိတာပဲ"

Lawless Gangster (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora