အခန်း (၁၅)

4.7K 460 16
                                        

ကြည်ရှုယွမ်က လင်ကွန်းဇိမ်ခံကားကြီးကိုသာ မှတ်မိ၏။

သူ ပထမဆုံးအကြိမ် လာအခေါ်ခံခဲ့ရတုန်းက ကျောင်းဂိတ်ပေါက်ဝမှာ ရပ်နေထားခဲ့တဲ့ ကားပဲဖြစ်သည်။ အဲဒီကားမှာ အရမ်းကို သိသားထင်ရှားတဲ့ နံပါတ်ပြားရှိ၏။ အခုအဲဒီကားက နာမည်ကြီး အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ Arc de Triomphe ရဲ့ ရှေ့မှာ ရပ်ထား၏။

"ကားဆရာ... ဒီမှာပဲရပ်လိုက်တော့" ကြည်ရှုယွမ်က အမှတ်တမဲ့ပြောလိုက်မိသည်။

တက္ကစီပေါ်က ဆင်းပြီးသည့်နောက် ကြည်ရှုယွမ် အဲဒီနေရာမှာပဲ ရပ်နေခဲ့မိသည်။ ခေါင်းကိုအသာငဲ့ကာ ဇိမ်ခံကားကြီးကို ခဏကြာအောင် ငေးကြည့်နေခဲ့မိ၏။

နောက်တော့ သူ့ဖုန်းကိုထုတ်ကာ ရှောင်လီ့နံပါတ်ကို ခေါ်လိုက်မိသည်။

ငါဘာပြောရမလဲ

မင်းကားကို Arc de Triomphe ရဲ့ရှေ့မှာတွေ့လို့လေ... အဲဒါငါလည်း တိုက်ဆိုင်ပြီး ဒီကိုရောက်နေတာနဲ့ အတူတူသွားကြရင် မကောင်းဘူးလားလို့လား

သူက ဒီမှာတကယ်ရှိမနေရင် ဘယ်လိုလုပ်မလဲ

ဒီကားက တစ်ယောက်ယောက်ကို လာကြိုတာဆိုရင် ငါဘာပြောရမလဲ

သြော်...မင်းက Arc de Triomphe မှာ တကယ်ရှိမနေဘူးပဲ... ရပါတယ်...

ငါတို့ဖုန်းပြောမိပြီးနေပြီဆိုတော့ တွေ့ကြရင်မကောင်းဘူးလား

ငါအဲဒီလိုပြောလိုက်ရင် သူထွက်လာပါ့မလား

ငါကပျင်းစရာကောင်းတယ်လို့ထင်ပြီးတော့ တန်းငြင်းလိုက်မလား

ဟင့်အင်း... တန်းတော့မငြင်းလောက်ပါဘူး...

သူယဉ်ယဉ်ကျေးကျေး ငြင်းနိုင်မယ့် အကြောင်းပြချက်လောက်ပဲ ရှာမှာပါ...

"ဝမ်းနည်းပါတယ်ရှင်...လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် နောက်တစ်ခေါက် ပြန်လည်ခေါ်ဆိုပါရှင်" ဆိုတာကို ကြားရတဲ့အခါ ကြည်ရှုယွမ်က ဖုန်းကိုပိတ်လိုက်သည်။

သူဘာလို့ဖုန်းမကိုင်တာလဲ... အလုပ်ရှုပ်နေလို့လား... သူဘယ်သူနဲ့အတူရှိနေတာလဲ... missed call ဝင်နေတာတွေ့ရင် သူဖုန်းပြန်ဆက်မှာလား

Lawless Gangster (မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant