အခန်း (၂၃)

6K 496 48
                                        

ပစ္စတိုက ကြည်ရှုယွမ်တည့်တည့်ကို ချိန်ထားပေမယ့်လည်း သူက အဲဒါကို လုံးဝသတိမထားမိသလိုပင်။ သူ့မျက်လုံးတွေက ပစ္စတိုကိုကျော်ကာ ရှောင်လီ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းလေး ပြောလိုက် သည်။

"ဒီတော့ မင်းတကယ်ပဲ စုံစမ်းကြည့်ပြီးပြီပေါ့"

သူ့စကားလုံးတွေထဲက ထုတ်ပြောစရာမလိုတဲ့ ဝန်ခံမှုနဲ့ တည်ငြိမ်မှုက ရှောင်လီ့ကို ပိုဒေါသပုန်ထစေကာ လူသတ်ချင်စိတ် ပိုပေါက်လာစေခဲ့သည်။ ကြည်ရှုယွမ်ကို ကော်လာကနေကိုင်ကာ မြေပြင်ပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဆွဲထူလိုက်သည်။ မတ်တပ်တောင် ကောင်းကောင်းမရပ်ရသေး... ရှောင်လီ့လက်သီးက သူ့နံရိုးတွေပေါ် ကျရောက်လာခဲ့သည်။ လက်သီးချက်ပြင်းပြင်းကြောင့် ကြည်ရှုယွမ် နောက်ကို သုံးလေးလှမ်းလောက် ယိုင်သွားကာ မြေကြီးပေါ်ကို လဲကျသွားပြန်သည်။ ရှောင်လီက သူ့ရှေ့မှာထိုင်ချကာ သူ့ခေါင်းကို ပစ္စတိုနဲ့ ချိန်ထားလိုက်ပြန်သည်။

"ပြန်ပြောစမ်းပါ... Du Yan San Ge က မင်းအဘိုးဟုတ်လား မဟုတ်ဘူးလား"

"မဟုတ်ဘူး" ခန္ဓာကိုယ်ထဲက နာကျင်မှုကို သည်းခံရင်း ရှောင်လီ့ကို တည့်တည့်ကြည့်လိုက်ကာ ပြင်းထန်စွာ အသက်ရှူနေရင်းနဲ့ အခိုင်အမာ ပြောလိုက်သည်။

ရှောင်လီက ပစ္စတိုအနှောင့်နဲ့ ကြည်ရှုယွမ်ခေါင်းကို ဘေးဘက်ကိုလည် ထွက်သွားအောင် ရိုက်ချလိုက်သည်။ ရက်ရက်စက်စက် ထိခိုက်မှုကြောင့် ကြည်ရှုယွမ် အသက်ရှူရ ခက်ခဲလာခဲ့၏။

အေးစက်ပြီးကြောက်စရာကောင်းစွာ ရှောင်လီက ပစ္စတိုပြောင်းနှင့် ကြည်ရှုယွမ်မျက်နှာကို သူ့ဘက်သို့ပြန်ဆွဲလှည့်ကာ နဖူးကိုပစ္စတိုနဲ့ ပြန်ထောက်ထားခဲ့သည်။

"ပြန်ပြောစမ်း"

"မဟုတ်ဘူး"

ရှောင်လီက သူ့ကိုနောက်တစ်ကြိမ် ဆွဲမပြီး နံရံနှင့် ရက်ရက်စက်စက် ပစ်တိုက်လိုက်သည်။ သူ့ခေါင်းထဲက မိုင်ထောင်ချီသွားနေတဲ့ ဒေါသများဖြင့် ကြည်ရှုယွမ်ခန္ဓာကိုယ်ကို နောက်ထပ်မရေမတွက်နိုင်လောက်အောင် လက်သီးနဲ့ ထိုးနေခဲ့၏။

Lawless Gangster (မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя