Li Shi Qing ရဲ့ ဗီလာက မြို့ရဲ့ အထင်ရှားဆုံး လူနေရပ်ကွက်မှာ ဖြစ်သည်။
Xiao Li က အဲဒီကိုသွားတဲ့တစ်လမ်းလုံး ကြောက်လန့်ပြီး နေလို့မထိ ဖြစ်နေခဲ့သည်။
အမြန်ရောက်သွားခဲ့တာတောင် ကြောက်စိတ်က မပျောက်သေးပေ။ ခြံထဲကိုဝင်သွားလိုက်တော့ ဗီလာရဲ့ တံခါးမကြီးရှေ့မှာ ကားနှစ်စီးက ရပ်ထားပြီးသား။
အဲဒီကားတွေနားကိုမောင်းသွားပြီး ရပ်လိုက်တော့ ရပ်ထားတဲ့ကားနှစ်စီး ထဲက ထွက်လာတဲ့ Fan Peng နဲ့ Liu Zi Cheng ဆိုတဲ့ Li Shi Qing ရဲ့ တပည့် နှစ်ယောက်ကို တွေ့လိုက်သည်။ သူတို့နှစ်ယောက်က သူ့ကိုတွေ့တော့ သနားသလို မျက်နှာထားတွေနဲ့ ကြည့်နေ၏။
"မြန်မြန်ဝင်သွားလိုက်... Qing Ye* မင်းကိုစောင့်နေတယ်"
(*Qing Ye = Li Shi Qing)
Liu Zi Cheng က တခြားတစ်ယောက်ထက် သူနဲ့ပိုရင်းနှီးတော့ သူ့ကို အမြန်လှမ်းပြောလိုက်သည်။
Xiao Li က အသည်းတထိတ်ထိတ်နဲ့ ဝင်လာတဲ့အချိန်မှာ Li Shi Qing က မီးဖိုချောင်ထဲက ဆိုဖာပေါ်ထိုင်ရင်း ဆေးပြင်းလိပ်ဖွာနေခဲ့သည်။
"Qing Ye... ကျွန်တော့်ညီလေး..." Xiao Li က ခေါင်းငုံထားရင်း မေးလိုက်သည်။
Li Shi Qing က လက်ယမ်းပြလိုက်တော့ ရှောင်လီ အသံတိတ်သွားခဲ့၏။
"အရင်ဆုံးထိုင်ပါဦး... မင်း ဘာသောက်ချင်လဲ"
Li Shi Qing က သက်ပြင်းချရင်း အနားလာဖို့ လက်ယပ်ခေါ်လိုက်သည်။
"ဘာမှမသောက်တော့ပါဘူး Qing Ye... ကျွန်တော့်ညီလေး ဘာဖြစ်လို့လဲ"
သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း Xiao Li က စိတ်ပူစွာ ပြောလိုက်သည်။
Li Shi Qing က ခဏတိတ်နေပြီးမှ ပြန်ပြောလိုက်၏။
"မင်း ဟိုတလောက တိုက်ခိုက်ခံရတုန်းက Luo Dong က မင်းကို လက်စားချေချင်လို့ ထင်တယ်လို့ မင်းပြောခဲ့တယ်နော်... ဟုတ်လား"
"ဟုတ်ကဲ့"
"မင်းပြောပြီးတော့ အဲဒီကိစ္စ Zi Cheng ကို ငါစုံစမ်းခိုင်းလိုက်တယ်... သူက အဲဒီမှာ အလုပ်လုပ်လက်စဆိုတော့ ချက်ချင်းပဲ တစ်ခု သိလိုက်ရတယ်..."
Li Shi Qing က ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"Luo Dong က အနီးနားက တခြားနယ်ကို ထွက်ပြေးသွားတော့ လူတစ်ယောက်ရဲ့ မွေးစားသားအဖြစ်နေခဲ့တယ်... အဲဒီမွေးစားအဖေက Lu Wu Ye ပဲ"
ВЫ ЧИТАЕТЕ
Lawless Gangster (မြန်မာဘာသာပြန်)
Боевик★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...
