အခန်း (၂၄)

8.9K 557 83
                                    

"မင်းက ဒီမှာပဲ" ဟန်ကြာက ကျင်းတင်ကို ပတ်ကြည့်ပြီးတဲ့နောက် ရှောင်လီ့ ကိုယ်ပိုင်အခန်းထဲ ဝင်လာရင်း ပြောလိုက်သည်။

ရှောင်လီက ပြတင်းဘေးမှာရပ်ကာ ဆေးလိပ်သောက်ရင်း အပြင်ဘက်ကို ကြည့်နေ၏။ ဟန်ကြာ့အသံကိုကြားတော့ နောက်လှည့်မကြည့်ဘဲနဲ့ 'အင်း'လို့ တစ်ခွန်းပဲပြန်ဖြေလိုက်သည်။

"လင်ဇီက အောက်ထပ်မှာ အပြစ်ခံယူတဲ့အနေနဲ့ ခေါင်ငုံ့ပြီးရပ်နေတယ်... ဘာလို့ သူ့ကို အဲဒီလောက်တောင် ဆူလိုက်ရတာလဲ" ဟန်ကြာက သူ့နားကပ်လာကာ မေးလိုက်သည်။

ရှောင်လီက မျက်မှောင်ကြုံ့ကာ...

"ဘာလဲ...သူက ငါ့တပည့်ပဲ... ဆူလို့မရဘူးလား" လို့ ပြောလိုက်သည်။

ဟန်ကြာက ပြတင်းဘောင်ကိုမှီကာ သူ့ကို လှည့်ကြည့်ပြီးပြောလိုက်၏။

"သူအရင်တုန်းက မင်းကိုဓားနဲ့တောင် ခုတ်ဖူးပါတယ်... အဲဒီလောက် ပြင်းပြင်းထန်ထန် ဆူတာမျိုး ငါမတွေ့ခဲ့ပါဘူး... ဘာဖြစ်လဲ.. ဘာမှအရေးကြီးတဲ့ကိစ္စမှမဟုတ်တာ... မိန်းကလေးတစ်ယောက်ကို သွားကိုင်လိုက်လို့ ပါးရိုက်ခံရတာပဲလေ... ဘယ်လိုဖြစ်လို့ အဲဒီလို ဆိုးဆိုးရွားရွား စကားလုံးတွေနဲ့ ဆူလိုက်ရတာလဲ"

ရှောင်လီက နှုတ်ခေါင်းရှုံ့လိုက်၏။

"မင်းပြောတာ ငါအကုန်ကြားတယ်" ဟန်ကြာက သက်ပြင်းချကာ ပြောလိုက်သည်။

"ဘာဖြစ်တယ်.. 'ကိုယ့်တန်ဖိုးကိုတောင် နားမလည်တဲ့ မဆင်မခြင် လူမိုက်' ဟုတ်လား... ဘာဖြစ်တယ်... 'မင်းလိုမဆင်မခြင်လုပ်တဲ့လူကို ဘယ်သူကကြိုက်မှာလဲ... မင်းကို အသုံးပဲချမှာပေါ့' ဟုတ်လား... တကယ်ပါပဲ... မင်းပြောလိုက်တာနဲ့တင် လင်ဇီ မျက်နှာကို ပျက်သွားတာပဲ"

ရှောင်လီက ဘာမှမပြောဘဲ ဆေးလိပ်ငွေ့တွေ ရှူရှိုက်ရင်း မျက်မှောင်တွေ ပိုကြုံ့လာခဲ့သည်။

"သူ့ကိုပြောနေတာလား... မင်းကိုယ်မင်း ပြောနေတာလားဟင်... ရှောင်ရန်က မင်းကို တစ်ခုခုပြောပြန်ပြီလား" ဟန်ကြာက မေးလိုက်၏။

"ဟင့်အင်း... အဲဒီကောင်လေးကို မတွေ့တာ ကြာလှရှိနေပြီ" ရှောင်လီက ပြောလိုက်သည်။

Lawless Gangster (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora