နောက်နေ့မနက် ၁၁နာရီထိုးတော့ ကြည်ရှုယွမ်က ဧည့်ခန်းထဲမှာ ဆိုဖာပေါ်ထိုင်ပြီး ကွန်ပျူတာရိုက်နေတဲ့အချိန်မှာ ရှောင်လီက အခန်းထဲက ထွက်လာခဲ့သည်။
"မင်း နည်းနည်းထပ်အိပ်သင့်သေးတယ် ထင်တယ်... ဘယ်လိုနေသေးလဲ" ကြည်ရှုယွမ်က သူ့လက်ပ်တော့ကို ဘေးကိုဖယ်လိုက်ပြီး မေးလိုက်သည်။
"ခေါင်းတော့နည်းနည်းကိုက်သေးတယ်... ရေချိုးခန်းက ဘယ်မှာလဲ... ငါ့အဝတ်တွေရော" ရှောင်လီက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"လျှော်ပြီးတော့ ငါမင်းကိုပြန်ပေးမယ်... ငါ့အင်္ကျီတွေကို အရင်ဝတ်ထားနှင့်လိုက်... ရေချိုးခန်းက အလယ်က တံခါးအဖြူရောင်... ရေအရင်ချိုးလိုက်လေ... မင်းစားဖို့ ငါ တစ်ခုခု လုပ်ပေးမယ်"
ရှောင်လီက ရေချိုးခန်းဆီလှည့်ထွက်သွားတဲ့ အချိန်ကျမှ သူ့ကျောရဲ့ ညာဘက်အပေါ်နားမှာ တောင်အကြီးကြီးကိုတက်နေတဲ့ ကျားတစ်ကောင်ပုံ တက်တူးထိုးထားတာကို ကြည်ရှုယွမ် တွေ့လိုက်ရသည်။ အဲဒါက မာန်အပြည့်နဲ့ အရမ်းအားကောင်းစွာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ရှောင်လီလက်လွှဲသွားတဲ့ အချိန်မှာ ကျားကြီးက လှုပ်နေသလိုမျိုးဖြင့် အချိန်မရွေး ခုန်ထွက်လာတော့မလိုပင်။
အဲဒီတောင့်တင်းတဲ့ကျောပြင်ကိုကြည့်ရင်း အတော်ကြီးကို တည်ငြိမ်အောင်ထိန်းထားခဲ့ရတဲ့ ခံစားချက်တွေ ပြန်ပြီးလှုပ်ရှားလာပြန်၏။
သူ့စိတ်တွေကို အမြန်ပြန်ထိန်းချုပ်ပြီးတော့ မီးဖိုချောင်ကိုသွားကာ သူခုနတုန်းကပြုတ်ထားတဲ့ ဆန်ပြုတ်ကို ပြန်နွှေးလိုက်သည်။ ပြီးတော့မှ သူ့အခန်းကိုပြန်သွားပြီး အဝတ်တစ်စုံနဲ့ အတွင်းခံ အသစ်တစ်စုံကို ထုတ်လိုက်သည်။ နောက်ဆုံးမှာ ဗီရိုအံဆွဲထဲမှာ တဘက်အသစ် တစ်ထည်ကို ရှာထုတ်လိုက်၏။
သူရေချိုးခန်းတံခါးကို ခေါက်ကာ ပြောလိုက်သည်။
"ရှောင်လီ... အဝတ်တွေနဲ့ တဘက်ကို တံခါးနားက ထိုင်ခုံလေးပေါ် တင်ခဲ့မယ်နော်... ခဏနေရင် မင်း ——"
တံခါးရဲ့တစ်ဖက်မှာ လှုပ်လှုပ်ရှားရှားအသံတွေ ထွက်လာပြီးတော့ ရှောင်လီက တံခါးကို တစ်ခါတည်း ဆွဲဖွင့်လိုက်ကာ ကြည်ရှုယွမ်လက်ထဲက တဘက်ကို တိုက်ရိုက်ယူလိုက်ပြီး အဝတ်မပါတဲ့ သူ့ခန္ဓာကိုယ်ကို စပြီးတော့ ရေပြောင်အောင် သုတ်လိုက်သည်။
![](https://img.wattpad.com/cover/110709929-288-k917428.jpg)
ESTÁS LEYENDO
Lawless Gangster (မြန်မာဘာသာပြန်)
Acción★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...