အခန်း (၄)

6.4K 602 6
                                    

စီးကျနေတဲ့ ရေအောက်မှာ လက်ဆေးရင်း ဘေစင်ဘေးနားမှာ ရှောင်လီတိတ်ဆိတ်စွာ ရပ်နေခဲ့ သည်။

သူ့လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ပွတ်ဆေးနေတဲ့အချိန် ဘေစင်ထဲမှာ အိုင်နေတဲ့ ရေတွေက နည်းနည်းနီနေပြီ။

"မင်း ဒဏ်ရာရလာတာလား" သန့်စင်ခန်းတံခါးပေါက်ကို ရုတ်တရက်ရောက်လာတဲ့ အရပ်ရှည်ရှည် ပိန်ပိန်နဲ့ လူကမေးလိုက်သည်။

"အဲဒါ ငါ့သွေးတွေမဟုတ်ဘူး"

ရောက်လာတာကို သတိထားမိပြီး ရှောင်လီက လှည့်တောင် မကြည့်ဘဲ ပြောလိုက်၏။

"မင်းကို ဘယ်သူဒေါသထွက်အောင် လုပ်လိုက်တာလဲ။ အလုပ်ကို မင်းကိုယ်တိုင်လုပ်တာ ငါမတွေ့တာ တော်တော်ကြာပြီ"

အဲဒီလူက တံခါးကို ပျင်းရိလေးတွဲ့စွာ မှီရင်း ပြောလိုက်သည်။

ရှောင်လီက နှုတ်ခမ်းကိုတွန့်လိုက်ရင်း...

"ငါ စိတ်မကြည်နေဘူး" လို့ ပြောလိုက်သည်။

"မလိမ်စမ်းပါနဲ့ကွာ...မင်းကို အဲဒီလိုစိတ်တိုအောင် လုပ်လိုက်နိုင်တာ ဘယ်သူလဲ..ဟင်..."

အသံလွင်လွင်နဲ့ သူရယ်လိုက်တဲ့အချိန် သူ့မျက်နှာပေါ်မှာ အတော်ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"အတွင်းရေးကိစ္စတွေ ပြောမနေနဲ့"

ရှောင်လီက ဘေစင်ဘေးနားက ပုဝါကိုယူ၍ လက်ကို ခြောက်အောင်သုတ်ရင်းပြောလိုက်သည်။

"အခုနောက်ပိုင်း ဒီမှာအခြေအနေဘယ်လိုရှိလဲ... အဆင်ပြေနေတုန်းပဲမဟုတ်လား"

"မင်းတို့ထက်တော့ နည်းနည်းသာပါတယ်... ငါတို့က မင်းတို့လို ဒီလိုမျိုး ကြမ်းတမ်းတဲ့ နည်းတွေ မသုံးဘူး"

ထိုလူက သူ့ကိုယ်သူအတော်လေး ကျေနပ်နေတဲ့ လေသံနဲ့ပြောလိုက်သည်။

"ပြီးတော့ အရင်ရဲတပ်ဖွဲ့ကလုပ်တဲ့ ပြည့်တန်ဆာလုပ်ငန်း ဆန့်ကျင်မှုအစီအစဉ် ပြီးသွားကတည်းက ကောင်မလေးတွေက နောက်တစ်ခါ ခြေထောက်ကားပေးလိုက်ရုံနဲ့ ပိုက်ဆံတွေ အလွယ်လေးဝင်လာတာ... ဒါပေမဲ့..."

Lawless Gangster (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora