ရှောင်ရန်နဲ့ ကြည်ဆုဆုကို ဘူတာဘေးနားက ဟိုတယ်လေးတစ်ခုတွင် ရှောင်လီ တားဆီးထား လိုက်နိုင်သည်။
အစကတော့ သူတို့က အနီနားကမြို့နယ်တစ်ခုကို အမြန်ရထားစီးသွားရန် စီစဉ်ထားခဲ့၏။
ဒါပေမဲ့ အဲဒီတားဆီးမှုကြောင့် ညနေခင်းရထားလက်မှတ်ကိုပဲ သူတို့ ဝယ်ထားလိုက်နိုင်သည်။
အဲဒီအတောတွင်း လမ်းမတွေပေါ်မှာ သူတို့လျှောက်မသွားနေရဲကြပေ။
ဒါကြောင့် ဘယ်လိုမှမတတ်နိုင်ဘဲ အနီးနားဟိုတယ်တစ်ခုမှာ ခဏနေဖို့ ဆုံးဖြတ်ခဲ့ကြသည်။
နှစ်ယောက်သား သူတို့ရဲ့ လှပတဲ့အနာဂါတ်ကို ပုံဖော်နေကြချိန် ရှောင်လီမှန်းသိသာတဲ့ တံခါးခေါက်သံ အကျယ်ကြီးပေါ်လာခဲ့သည်။
တံခါးကို အားဖြင့်ဆောင့်ဖွင့်လိုက်တဲ့အချိန် ရှောင်လီဘာမှတောင် ပြောချိန်မရလိုက်ခင် ရှောင်ရန်က သူ့ကိုအလဲထိုးရန် လက်သီးကို ဝှေ့ရမ်းလိုက်သည်။
ဒါပေမဲ့ ရှောင်လီ့ဆီကိုတောင် မရောက်လိုက်ခင်မှာဘဲ သူ့တပည့်တွေက လမ်းပိတ်ကာ ရှောင်ရန့်ကို ချုပ်ထားလိုက်ကြသည်။
ရုတ်တရက် အခန်းထဲကို အသံအကျယ်ကြီးတွေနဲ့ ရောက်လာမှုများကြောင့် ကြည်ဆုဆုက အကျယ်ကြီး ငိုယိုနေရုံသာ တတ်နိုင်လေသည်။
ရှောင်ရန်က အကျယ်ကြီးအော်ဟစ်ရင်း ဆက်တိုက်ရုန်းကန်နေလေသည်။
"မင်း ငါ့ကိုဘာလို့မလွှတ်ပေးလိုက်နိုင်ရတာလဲ... မင်းသာ ဒီဒုစရိုက်လောကနဲ့ မပတ်သက်နေရင် ငါလည်း ဘယ်လိုလုပ် ဒီလိုမျိုးအထိဖြစ်ပြီး ဒီလိုနည်းလမ်းကို သုံးဖြစ်မှာလဲ... ငါ့မှာ ဘာလို့ မင်းလိုအစ်ကိုမျိုးရှိနေရတာလဲ... မင်းက ငါ့အစ်ကိုဖြစ်ဖို့ မထိုက်တန်ဘူး"
ရှောင်လီ့မျက်နှာဖြူလျော်သွားကာ ရှောင်ရန့်ကိုချုပ်ထားတဲ့ လူတွေကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။
"သူ့ကိုလွှတ်လိုက်"
လူတွေက လွှတ်လိုက်ပေမယ့် ရှောင်ရန်က အငြိမ်မနေဘဲ ပြေးထိုးသေး၏။
ESTÁS LEYENDO
Lawless Gangster (မြန်မာဘာသာပြန်)
Acción★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...