ရှောင်းလီရဲ့ တပည့်တစ်ယောက်က သူ့ကို ထိုင်ရမယ့်နေရာဆီ လိုက်ပို့ပေးသည်။
"ဆရာကြည်... ဒီမှာထိုင်ပါ" လို့ ညင်ညင်သာသာပြောလိုက်သည်။
ကြည်ရှုယွမ်က ဘာမှမပြောဘဲ နေရောင်အောက်မှာ တောက်ပနေတဲ့ ဒီဇိုင်းလှလှ ပရိဘောဂတွေနဲ့အတူ စားပွဲအပြည့်ခင်းကျင်းထားတဲ့ နိုင်ငံခြားဖြစ် စားကောင်းသောက်ဖွယ်တွေကို အသံတိတ်ကြည့်နေလိုက်၏။ ဒီလောက်ခမ်းနားနေတဲ့ စားပွဲမှာတောင်မှ ပန်းအိုးအကောင်းစားတွေထဲမှာ ပန်းလတ်လတ်ဆတ်ဆတ်တွေ ထည့်ပြီး အလှဆင်ထားသေးသည်။
ခဏနေတော့ စကားဝိုင်းမှာ သူတို့လည်းပါမယ်ဆိုတဲ့သဘောနဲ့ အဖွဲ့သား လေးငါးယောက်က သူတို့ဘေးမှာ ဝင်ထိုင်လာကြသည်။
သူ့ကို ခြိမ်းခြောက်နေတဲ့ ကိစ္စအရှုပ်တစ်ခုမှာ ပါဝင်ပတ်သက်နေသလိုမျိုး ကြည်ရှုယွမ်ခံစားလိုက်ရသည်။
"မစ္စတာရှောင်းက ကျွန်တော်နဲ့ ထမင်းအတူစားဖို့မဟုတ်ဘဲ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိနေတယ်လို့ ထင်တာပဲ" လို့ သက်ပြင်းအရှည်ကြီးချရင်း သူစိတ်မရှည်စွာ ပြောလိုက်သည်။
ရှောင်းလီက သူ့ကို ရိုးသားစွာကြည့်လိုက်ပြီး...
"ဆရာကြည်က အခုမှအလုပ်က ပြန်လာတာဆိုတော့ အခုလောက်ဆို ဗိုက်ဆာနေရောပေါ့... ကျွန်တော်တို့ အရင်စားလိုက်ကြပြီးမှ စကားပြောရင်ဘယ်လိုလဲ... စားစရာကို သဘောမကျရင်..."
"ကျွန်တော် ဗိုက်မဆာဘူး" ကြည်ရှုယွမ်က ထိုင်ခုံကိုမှီလိုက်ရင်း စိုက်ကြည့်ပြီး ပြောလိုက်သည်။
ရှောင်းလီက ခဏတိတ်သွားပြီးမှ ကြည်ရှုယွမ် ခပ်တည်တည်ပြောတာကို လက်ခံလိုက်သလို ခေါင်းညိမ့်ပြီးတော့..
"ဒါဆိုလည်း ကျွန်တော်တို့ စကားအရင်ပြောကြတာပေါ့... လင်းဇိုင် ဒါတွေအားလုံး သိမ်းလိုက်တော့" လို့ ပြောလိုက်၏။
နာခံတတ်ပေမယ့် ခပ်ကြမ်းကြမ်းပုံစံမျိုးနဲ့ သူ့တပည့်တွေက စိတ်ပျက်သွားသလိုပုံစံနဲ့ ပန်းကန်တွေကို သိမ်းလိုက်သည်။ အစားအစာတွေ အလှဆင်ထားတာတွေအပြင် စားပွဲကိုပါသိမ်းလိုက်ကြသည်။
ESTÁS LEYENDO
Lawless Gangster (မြန်မာဘာသာပြန်)
Acción★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...