ရှောင်လီက တစ်မိနစ်နောက်ကျပြီးမှ ရောက်လာခဲ့သည်။
ဒီတစ်မိနစ်က ကြည်ရှုယွမ်ကို စိတ်ဆင်းရဲခြင်းများစွာ ခံစားရစေခဲ့သည်။
လှေကားထစ်တွေရဲ့ထိပ်ကို ရှောင်လီရောက်တဲ့အချိန်မှာ ကြည်ရှုယွမ်က သူ့နာရီကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးနေပြီဖြစ်သည်။ သူ့မျက်နှာပေါ်မှာ စိတ်ပူပန်မှုတွေ ပေါ်လွင်နေခဲ့ပေမယ့် သူက ချက်ချင်းပျောက်အောင် လုပ်လိုက်ပြီး တွေ့လိုက်ရတဲ့ပျော်ရွှင်မှုကိုပဲ ခံစားလိုက်သည်။
"တောင်းပန်ပါတယ်...ဆိုင်ရှေ့ပေါက်က ကားရပ်ခွင့်မပေးလို့ ကျွန်တော် တခြားနေရာရှာပြီးသွားရပ်ရလို့ပါ... ဆရာကြည်... စောင့်ရတာကြာသွားပြီ" ရှောင်လီက ကြည်ရှုယွမ်ထိုင်နေတဲ့ နေရာဆီ လျှောက်လာပြီး ထိုင်ချရင်းနဲ့ အရမ်းအားနာစွာပြောလိုက်သည်။
"တစ်မိနစ်ပဲကျော်သေးတာပါ...လုံး၀ သတိတောင်မထားမိဘူး" ကြည်ရှုယွမ်က နာရီကိုနောက်တစ်ကြိမ်ကြည့်ကာ ပြောလိုက်သည်။
"မင်း...မင်း ကားကို ကိုယ်တိုင်မောင်းလာတာလား... မင်းကို အမြဲမောင်းပို့ပေးတဲ့ ကားသမား ရှိတယ်ထင်နေတာ"
ရှောင်လီ့နှုတ်ခမ်းမှာ အပြုံးလေးတစ်ခုပေါ်လာပြီး ရယ်လိုက်၏။
"သူတို့ကို တစ်ခါတစ်လေတော့ လိုက်ပို့ခိုင်းပါတယ် ဒါပေမဲ့ အမြဲတမ်းကြီး အဲဒီလိုကြီးကျယ်ခမ်းနားနေလို့ မရဘူးလေ... ညီအစ်ကိုတွေမှာလည်း သူတို့တခြားလုပ်စရာတွေ ရှိတာပေါ့"
"အဲဒီလောက် ခမ်းနားတာကပဲ တော်တော်ကောင်းနေပါပြီ" ကြည်ရှုယွမ်က နောက်ပြီးရယ်လိုက်သည်။ ပြီးတော့မှ သူ့ထိုင်ခုံကနေ လှည့်ကာ မနက်အစောပိုင်းတုန်းက သူပြင်ဆင်လာတဲ့ဘူးလေးကို ယူလိုက်သည်။
"ပြီးခဲ့တဲ့နှစ်ရက်လောက်က ငါယွန်ချမ်းကိုအလုပ်ကိစ္စတစ်ခုနဲ့ ခရီးသွားခဲ့တယ်... ဒါက အဲဒီက ဒေသထွက်ပစ္စည်းလေ... ဒါကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ရှေးဟောင်းမဟော်ဂနီပင်ကနေ လုပ်ထားပြီးတော့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ်လို့ ပြောတယ်... ငါ သုံးခုဝယ်လာတာ... တစ်ခုကငါ့ဆီမှာ... နောက်တစ်ခုက ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ပေးလိုက်တယ်... ပြီးတော့ ဒီတစ်ခုကို... မင်းကိုပေးချင်လို့ပါ"
ВЫ ЧИТАЕТЕ
Lawless Gangster (မြန်မာဘာသာပြန်)
Боевик★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...
