အခန်း (၂၂)

4.5K 427 18
                                        

ရှောင်လီက ဒီလိုအခြေအနေမျိုးတွေကို သူဘယ်နှခေါက်လောက် ကြုံတွေ့ခဲ့ရပြီးတော့ သူများတွေရှေ့မှာ သူဘယ်လိုမျိုး ဖြစ်နေရမယ်ဆိုတာကို သူ့ကိုယ်သူ ပြန်မေးနေခဲ့မိသည်။

ဒါပေမဲ့လည်း မစ္စ Zhuang Juan Juan ကို တွေ့တဲ့အချိန်မှာ သူကနည်းနည်းတော့ လန့်နေမိသေး၏။

မစ္စ Zhuang Juan Juan က ခပ်မှိန်မှိန် ဝန်ထမ်းဝတ်စုံကို ဝတ်ထားခဲ့ပြီး ဆံပင်ကို အပြောင်သိမ်းထားကာ ခေါင်းနောက်မှာ ဆံထုံးလှလှလေး ထုံးထားခဲ့သည်။

သူမက စားပွဲပေါ်က အချက်အလက် ဖိုင်တွေကို တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိတဲ့ပုံစံမျိုးဖြင့် လှန်လှောကြည့်နေခဲ့သည်။ ပြီးတော့သူ့ရွှေမျက်မှန်လေးကို နှာရိုးပေါ် ပင့်တင်လိုက်ပြီး ရှောင်လီ့ကို ကြည့်လိုက်၏။

"မဟုတ်ဘူး"

"ရှင်းပြနိုင်မလား" ရှောင်လီက မေးလိုက်သည်။

"ဒါကိုကြည့်" Zhuang Juan Juan က လက်ညှိုးနှင့် ဓာတ်ပုံကို တွန်း၍ ပြောလိုက်သည်။

"တစ်ယောက်ယောက်ရဲ့ လည်ပင်းကို ချိုးတာဖြစ်ဖြစ် လှီးတာဖြစ်ဖြစ် လုပ်တာက ကျွမ်းကျင်လူသတ်သမားတွေ သုံးရတာကြိုက်တဲ့ နည်းလမ်းပဲ... ဘာလို့လဲဆိုတော့ မြန်ပြီးအသံတိတ်တယ်လေ... ဒီတော့ သန့်စင်ခန်းထဲမှာရှိနေတဲ့ပစ်မှတ်ကို သူတို့ကဘာလို့သေနတ်ဆွဲထုတ်ဖို့ အချိန်ပေးခဲ့မှာလဲ"

သူမက ဖိုင်တွေကိုနောက်တစ်ခေါက်လှန်ကာ မှုခင်းဆေးမှတ်တမ်းကို ထုတ်ပြီး ထောက်ပြ၍ ပြောလိုက်သည်။

"ဒီဒါရိုက်ဘာက ဓားနဲ့ခပ်နက်နက်နှစ်ချက် အထိုးခံရပေမယ့် မသေခဲ့ဘူး... ကျွတ်... အထက်တန်းကျောင်းသားတောင် ဒီလူသတ်သမားထက် ပိုပြီးလုပ်တတ်ဦးမယ်... အံ့သြစရာကောင်းတာက သူ့လည်ပင်းက ဒဏ်ရာက ဓားထိုးရာပဲ...ကျွန်မသာဆိုရင်တော့..."

သူမရဲ့နှုတ်ခမ်းထောင့်မှာ ရက်စက်တဲ့အပြုံးတစ်ခု ပေါ်လာပြီး သူမလည်ပင်းကို လက်ချောင်းနဲ့ ကန့်လန့်ဖြတ်ကာ မြန်မြန်ဆန်ဆန်နှင့် ကျက်သရေရှိစွာ ဆွဲပြလိုက်သည်။

"အဲဒီလိုလုပ်လိုက်တာနဲ့ ပစ်မှတ်က အသံတစ်သံတောင် မထွက်လိုက်ဘဲ ဖြည်းဖြည်းချင်း သေသွားမှာသေချာတယ်... ပိုပြီးကောင်းတာက သွေးတွေလည်း ပိုလှလှလေး စီးကျလာလိမ့်မယ်"

Lawless Gangster (မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя