အခန်း (၈)

4.9K 515 10
                                    

တက္ကစီတောင်မှ အပြည့်အဝမရပ်ရသေးခင် ကြည်ရှုယွမ်က ကားသမား ဘေးနားက ထိုင်ခုံပေါ် ပိုက်ဆံပစ်တင်ကာ ပြေးဆင်းသွားခဲ့သည်။

ကျင်းတင်ရဲ့ ရှေ့ပေါက်ကို ကြည့်လို့ကောင်းတဲ့ မီးလှလှတွေနဲ့ အလှဆင်ထားတာက အလွန်သဘောကျစရာကောင်းသည်။ ကြည်ရှုယွမ်က အသက်ပြင်းပြင်းရှိုက်ကာ ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီး တံခါးကနေ ဝင်သွားလိုက်သည်။

"မင်္ဂလာပါရှင်...member ကတ်လေး တစ်ချက်လောက်ပြပါ" ဧည့်ကြိုကောင်မလေး ချောချောလေးက အသံချိုချိုလေးနှင့် ပြောလိုက်သည်။

"ကျွန်တော်က member ကတ် အသစ်လုပ်ချင်လို့ပါ" လို့ ကြည်ရှုယွမ်က ပြန်ပြောလိုက်သည်။

"ကြိုဆိုပါတယ်ရှင်...နှစ်စဉ်ကြေးက ယွမ်၈သိန်းပါ... ကြိုပြီးပေးရမယ့် အဖွဲ့ဝင်ကြေးက ယွမ်၈သောင်းပါ... ကတ်ဖြတ်ဖို့ ဒီကိုလာပါ"

ဧည့်ကြိုကောင်မလေးက အရှေ့ကောင်တာကို အသာအယာလေး လျှောက်သွားလိုက်သည်။ ကြည်ရှုယွမ်က သူ့နောက်ကနေ ဖြည်းဖြည်းလေးလိုက်သွားရင် ခိုးဝင်ဖို့ အခွင့်အရေးကို ချောင်းနေခဲ့သည်။ ဒါပေမဲ့ ရင်းနှီးတဲ့လူတစ်ယောက်ကို တွေ့လိုက်၏။

သူ့နာမည်က ဘာပါလိမ့်...

မှတ်မိအောင် အသည်းအသန်ကြိုးစားရင်း သူ့ဘာသာသူ တွေးလိုက်မိသည်။

"လင်ဇီ"

ထွားထွားကျိုင်းကျိုင်းနဲ့လူက လှည့်ကြည့်ပြီးတော့ ရင်းနှီးသလိုဖြစ်နေတဲ့ လူငယ်လေးဆီကို လျှောက်လာခဲ့သည်။

"လူမှားနေတယ်လို့ ထင်နေတာ တကယ်ပဲ မင်းဖြစ်နေတာကိုး..." ကြည်ရှုယွမ်က ပြုံးကာ တရင်းတနှီးပြောလိုက်သည်။

လင်ဇီက အနည်းငယ်ဘာပြောရမှန်း မသိဘူး ဖြစ်သွားခဲ့သည်။

"မင်းဒီမှာ ရှိနေတာ အရမ်းကောင်းတာပဲ" ကြည်ရှုယွမ်က တက်ကြွစွာ သူ့ပုခုံးကို ပုတ်ရင်းပြောလိုက်သည်။

"ငါ့ member ကတ်မေ့ကျန်ခဲ့လို့ ဘယ်လိုဝင်ရမလဲလို့ စိတ်ပူနေတာ"

လင်ဇီက ဘာပြောရမှန်းမသိသေးပေ။

"ဒီလိုလုပ်ပါလား" ကြည်ရှုယွမ်က လင်ဇီ့ပုခုံးပေါ်လက်တင်ထားလိုက်ပြီး "ငါ့ကို မင်းနဲ့အတူ ခေါ်သွားပါလား" လို့ ပြောလိုက်သည်။

Lawless Gangster (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora