"အစ်ကိုလီ...ကိုယ်တိုင်လာစရာမလိုပါဘူးဗျာ... အစ်ကိုလင်နဲ့ အစ်ကိုဟုန်ထိုလာရင် ရပါပြီ"
ဆံပင်ကိုကျကျနနပြင်ထားတဲ့ ရှောင်ဒီ*က ကြောက်ရွံ့နေတဲ့ မျက်နှာထားမျိုးနှင့် ပြောလိုက်သည်။
စွန့်ပြစ်ထားပြီးစုတ်ပြတ်နေတဲ့ ရပ်ကွက်ရဲ့အဝင်လမ်းလေးကို ရှောင်လီက တစ်ချက်လှမ်းကြည့်လိုက်သည်။ ဒါပေမဲ့ဘာမှတော့ မပြောသေးပေ။
သူ့ဘေးနားမှာရပ်နေတဲ့လင်ဇီက ပြောလိုက်တဲ့သူနဲ့ ခေါင်းကိုရိုက်လိုက်ပြီး..
"ရှောင်လီက တစ်ခုခုဆုံးဖြတ်လိုက်ရင်... ဘာမှဝင်မရှည်နဲ့"
"သူအထဲမှာရှိတာ သေချာလား" ရှောင်လီက မေးလိုက်သည်။
"သေချာပါတယ်" ရှောင်ဒီက သူ့ခေါင်းကိုကာရင်း သတင်း အတိအကျပေးလိုက်သည်။
"ကျွန်တော်တို့ သူ့ကိုစောင့်ကြည့်နေတာ သုံးရက်ရှိပါပြီ... Lao Bing Gui* လေ... သူအဲဒီထဲမှာ အောင်းနေတာ... ဒါပေမဲ့ နေရာကအရမ်းကျယ်ပြီးတော့ လမ်းကြိုလမ်းကြားလေးတွေက အကွေ့အကောက်တွေနဲ့ တကယ်ရှုပ်တယ်... ကျွန်တော်တို့... ကျွန်တော်တို့က သုံးယောက်ပဲရှိတယ်... အပြင်မှာကင်းစောင့်နေတာ ဒါပေမဲ့ ကျွန်တော်တို့ ဝင်မသွားရဲဘူး... ကျွန်တော်တို့ ဂရုမစိုက်ဘဲ မဆင်မခြင်လုပ်လိုက်ရင် သူထွက်ပြေးသွားမှာစိုးလို့ပါ"
"လင်ဇီ...လူတစ်ချို့နဲ့ အစောင့်တွေ ဒီကိုခေါ်လာခဲ့... သူတို့တွေနဲ့ ငါအထဲကိုဝင်သွားပြီးတော့ ရှာမယ်" ရှောင်လီက တည်တည်ငြိမ်ငြိမ်နဲ့ ညွှန်ကြားလိုက်သည်။
လင်ဇီက ရှောင်ဒီ့ကို တစ်ချက်ကြည့်လိုက်၏။ ပြီးတော့ အသံတိုးတိုးနဲ့ ရှောင်လီ့ကို အရေးမပါတာတွေ ပြောလိုက်သေးသည်။
"အစ်ကိုလီ...ကိုယ်တိုင်ဝင်သွားစရာ မလိုပါဘူးဗျာ"
"စိတ်မပူပါနဲ့" ရှောင်လီက ရယ်ပြီး ပြောလိုက်သည်။
"ငါဒီနေရာမှာ ၁၀နှစ်လောက်နေလာခဲ့တာပါ... ငါဒီနယ်မြေကို တော်တော်ရင်းနှီးပါတယ်"
သူတို့ဗျူဟာကိုဆွေးနွေးပြီးသွားတဲ့နောက်မှာ ရှောင်လီနဲ့ တပည့်လေး ငါးယောက်လောက်က အမြန်လူခွဲပြီးထွက်သွားကြသည်။ အကွေ့အကောက်များအပြည့်နှင့် လမ်းကြားရယ် ပျက်စီးနေတဲ့ အဆောက်အဦးကြီးတွေမှာရယ်... သူတို့လိုက်ရှာခဲ့ကြ၏။
ESTÁS LEYENDO
Lawless Gangster (မြန်မာဘာသာပြန်)
Acción★ ညီနဲ့ ညီမရဲ့ချစ်ခြင်းကို ခွဲရာဖို့လုပ်ရာက ရှောင်လီရဲ့ စူးရှတဲ့ အကြည့်တွေ ကြည်ရှုယွမ်ရဲ့ ရင်ထဲမှာ စွဲထင်သွားခဲ့ရတယ် ★ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ဆုံရပြီးတဲ့နောက် သူတို့ရဲ့ပတ်သက်မှုကို ခင်မင်မှုနဲ့ အစပြုခဲ့ပေမယ့် ကြည်ရှုယွမ်အတွက်တော့ အမြဲတမ်း တစ်ခု...
