Kryber (Trans)
"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......."Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်..... Amber ခြောက်သွေ့နေတဲ့ သူ့ရဲ့ လည်ချောင်းထဲကို တံတွေးတွေ လျှင်မြန်စွာ မျိုချလိုက်သည်....
သူ့ရဲ့ နဖူးမှာလည်း ချွေးတွေ ပြန်လာပြီး ရှေ့ဆက်ပြီး ဘာဖြစ်မယ်ဆိုတာတောင် ကြိုမတွေးနိုင်ဘဲ ဖြစ်နေတယ်.. ....Amber သစ်သားထိုင်ခုံမှာ ကြိုးနဲ့ ချည်နှောင်ခြင်း ခံလိုက်ရတယ်....သူ့ရဲ့ ရူးသွပ်နေတဲ့ Girlfriend အပြုအမူတွေကြောင့် Amber ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေသည်......"ငါနဲ့ လမ်းခွဲချင်တာ ဒီကောင်မကြောင့် မဟုတ်လား......."
Amberဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးရဲ့ ဆံပင်ကို Krystal ကြမ်းကြမ်းတမ်းတမ်း ဆွဲဆောင့်လိုက်တယ်...... Krystalကြောင့် ကောင်မလေးမှာ နာကျင်မှုကို ခံစားရပြီး မျက်ရည်တွေ ကျလာတယ်.. ...
သူမရဲ့ နာကျင်မှုကြောင့် အော်လိုက်ချင်ပေမယ့် သူမရဲ့ ပါးစပ်ကို တိတ်နဲ့ ပိတ်ထားခြင်း ခံလိုက်ရတယ်....Krystalရဲ့ လက်တစ်ဖက်မှာတော့ သစ်သီးခွဲတဲ့ ဓားကို ကိုင်ထားပြီး ကောင်မလေးရဲ့ လည်ပင်းအနားသို့ ဖြည်းဖြည်းချင်း ကပ်လာတယ်......
ကောင်မလေးမှာ ကြောက်လွန်းလို့ အသားတွေတောင် တုန်နေတယ်......."No....Krys!..... အဲ့ကောင်မလေးကြောင့် မဟုတ်ပါဘူး.....plz သူမကို နာကျင်အောင် မလုပ်ပါနဲ့....."
Amberရဲ့ စကားကြောင့် ကောင်မလေးရဲ့ လည်ပင်းထဲ ဓားကို ဖြည်းဖြည်းချင်း ထိုးထည့်မယ့် Krystal ရပ်သွားတယ်.....
"နင် လိမ်နေတာ..... လိမ်ပြောနေတာ.... နင် သူ့ကို မချစ်ဘူးဆိုရင် သူ့ကို ဘာလို့ အရမ်း ဂရုစိုက်နေတာလည်း......"
Amberကို Krystal ဓားနဲ့ ရွယ်ပြီး ပြောလိုက်သည်..... ပြီးတော့ ဖြည်းဖြည်းချင်း Amberဆီ လျှောက် လာတယ်.....Amberရဲ့ ပေါင်ပေါ် Krystal ခွထိုင်လိုက်ပြီး လက်တစ်ဖက်ကတော့ Amberကို ဖက်ထားပြီး ကျန်တစ်ဖက်ကတော့ Amberရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ထားတယ်......
Amberရဲ့ နှလုံးခုန်နှုန်းက မြန်သထက်မြန်လာတယ်......သူ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားပြီး သူရဲ့ ရူးသွပ်နေတဲ့ Girlfriend ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့ တွေးလိုက်သည်......
"Sulliက သူငယ်ချင်းပါ..... သူမက ငါ့အတွက် ညီမလေး တစ်ယောက်လိုဘဲ..... နင်ကသာ ငါ အချစ်ဆုံး မိန်းကလေးပါ Krys......"
Amber စိတ်လှုပ်ရှားစွာနဲ့ Krystal ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်များ ရှိနိုင်မလားဆိုပြီး ကြည့်လိုက်တယ်.....
.
Amberရဲ့ စကားဟာ အလုပ်ဖြစ်သွားတယ်.... Krystal သစ်သီးခွဲတဲ့ ဓားကို ကြမ်းပြင်ပေါ် လွှတ်ချလိုက်တယ်......ကျန်တဲ့ လက်တစ်ဖက်နဲ့ပါ Amberကို ဖက်ထားလိုက်တယ်.. .
.
"တကယ်..... နင်ငါ့ကို တကယ် ချစ်တယ်ပေါ့....."
Krystalရဲ့ အသံဟာ ပျော့ပြောင်းသွားပြီး Amberရဲ့ ညာဘက် ပါးကို တယုတယ ပွတ်သပ်နေသည်.... ထိုအချိန်မှာ Krystalကို Amber စတွေ့ခဲ့တဲ့ Normal Krystal အဖြစ် Amber ခံစားလိုက်ရတယ်....."I Love You..... ငါတို့တွေ ပျော်ရွင်စွာ ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေကို နင်မှတ်မိသေးရဲ့လား....."
Amber ပြုံးလိုက်ပြီး သူနဲ့ Krystalရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို Krystal သတိရလာအောင် ကြိုးစားနေသည်......Krystalရဲ့ မျက်လုံးတွေက မတည်မငြိမ်ဖြစ်နေသည်.....သူမ Amberနဲ့ အတူ ပျော်ရွင်စွာ ကုန်ဆုံးခဲ့ချိန်တွေ အနှောင့်အယှက်တွေ မပေါ်လာခင်အထိ သူမတို့ အချစ်ကို အရမ်း ရူးသွပ်မိခဲ့တဲ့ အချိန်တွေကို ပြန်လည် တွေးတောကြည့်နေတယ်
ကျွန်တော့် OTP Kryber ficရေးချင်နေတာ ကြာပြီ Myanmar Kryber ficတွေကလည်း ရှားတယ်လေ.......ရေးဖို့ တွေးကြည့်တော့ Idea တစ်ဝက်တစ်ပျက် နဲ့ ဖြစ်နေလို့ မရေးနိုင်တာ မရေးနိုင်တော့ ကျွန်တော်ကြိုက်တဲ့ ficလေးကို ဘာသာပြန်ပါရစေ ဖတ်မယ့်သူ ရှိပါ့မလား မသိဘူး😢😢😢မဖတ်ဘူးဆို ဖျက်မလို့
YOU ARE READING
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...